Lumbar Disc Syndrome (ကျောရိုးအဆစ်ကျွံခြင်း)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Lumbar Disc Syndrome (ကျောရိုးအဆစ်ကျွံခြင်း) ကဘာလဲ။

ကျောရိုးဆစ်ဆိုတာ သင့်ရဲ့ကျောကုန်းမှာ ရှိတဲ့ ကျောရိုးကြီးကို ဖြစ်စေတဲ့ အဆစ်ရိုးဖြစ်ပြီး တစ်ခုနဲ့တစ်ခုကြားမှာ ဖော့ကဲ့သို့ အဆစ်ငယ်လေးတွေလဲ ခံထားပါတယ်။ ၎င်းအဆစ်တွေဟာ ကောင်းမွန်ကျန်းမာနေလျှင် ကျောရိုးအတွက် shock absorbers အနေနဲ့ ဆောင်ရွက်ပေးပြီး ကျောရိုးကိုကွေးနိုင်ဆန့်နိုင်အောင် ထောက်ပံ့ပေးပါတယ်။ အဆစ်တစ်ခုစီဟာ အကျယ် တစ်လက်မနှင့် အထူတစ်လက်မရှိတဲ့ အဝိုင်းပုံသဏ္ဍန်အတောင့်ပြားလေးတွေ ဖြစ်ကြပါတယ်။ သူတို့မှာ ကြံ့ခိုင်တဲ့ အပြင်အမြှေး(the annulus fibrosus)နဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ အတွင်းအူတိုင်(the nucleus pulposus) ပါရှိပါတယ်။

ကျောရိုးဆစ်ထိခိုက်ခံရဖူးသူသာလျှင် ထိုထိခိုက်ခြင်းမှ ယူဆောင်လာတဲ့ ပြင်းထန်စွာနာကျင်စေမှုနှင့် ကူရာမဲ့ဘဝကို နားလည်နိုင်ပါလိမ့်မယ်။ နာကျင်ကိုက်ခဲမှုဟာ မချိမဆံ့ကိုခံစားရနိုင်ပါတယ်။

Lumbar Disc Syndrome (ကျောရိုးအဆစ်ကျွံခြင်း) က ဘယ်လောက်အဖြစ်များသလဲ

သင်ဟာ ကျောရိုးဆစ်ကျွံခြင်းကို သင့်ကျောရိုးရဲ့ မည့်သည့်နေရာတွင် မဆို ရရှိနိုင်ပါတယ်။ များသောအားဖြင့် ခါးအောက်ပိုင်း(ခါးဆစ်ရိုး)ကျွံတာအဖြစ်များပါတယ်။

-ကျောရိုးကို ထိခိုက်မိခြင်း

  • ကျောအောက်ပိုင်းကို ရုတ်တရက် ပြင်းထန်တဲ့ အားစိုက်မှု သို့ ဖိအားတစ်ခု သက်ရောက်ခြင်း။ ရုတ်တရက် ခါးလိမ်သွားခြင်း သို့ နှာချေလိုက်ခြင်းကြောင့်တောင် အဆစ်ထဲကတစ်ချို့အရာတွေကို လွတ်ထွက်သွားစေပါတယ်။
  • ကြမ်ဖန်များစွာပြုလုပ်ရသောကြောင့် ကျောအောက်ပိုင်းကို ဒဏ်ပိစေတဲ့ အပြုအမူများ-မနိုင်ဝန်ထမ်းတတ်သောအကျင့်၊တုန်ခါမှုဒဏ်ကို ကြာရျည်စွာ ခံခြင်း၊နှင့် အားကစားဆိုင်ရာ ထိခိုက်ခြင်းများ စသည့် လုပ်ငန်းဆောင်တာများကြောင့် အဆစ်အပြင်ဘက် အလွှာထူမှာ အနည်းငယ် ကွဲခြင်း သို့ အက်ခြင်းများဖြစ်စေပါတယ်။

-wear and tear သို့ အဆစ်ယိုယွင်းပျက်ဆီးခြင်းသည် အဆစ်ကျွံခြင်း၏ ပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ အသက်ကြီးလာတာနဲ့ အမျှ ကျွန်တော်တို့ ကျောမှာရှိတဲ့ အဆစ်တွေဟာ ၎င်းတို့ကို ကျုံ့နိုင်ဆန့်နိုင်အောင် ကူညီပေးတဲ့ အရည်တစ်ချို့ဟာ တဖြည်းဖြည်းကုန်ခန်းလာပါတယ်။ အဆစ်ထဲက ချောဆီဟာ အက်ကွဲရာတွေကြားက ထွက်လာပြီး အဆစ်ကို ပေါက်ထွက်ခြင်း သို့ ကွဲထွက်ခြင်းတို့ဖြစ်စေပါတယ်။

လက္ခဏာများ

Lumbar Disc Syndrome (ကျောရိုးအဆစ်ကျွံခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အကယ်လို့ ကျွံနေတဲ့ အဆစ်ဟာ အာရုံကြောတစ်ခုကို သွားမဖိနေသေးဘူးဆိုလျှင် သင်ဟာခါးနာနေတာက လွဲရင် တခြားဘာလက္ခဏာမှ ခံစားရမှာ မဟုတ်ပါ။ သို့သော် အာရုံကြောတစ်ခုကို သွားဖိနေပြီဆိုလျှင် အောက်ပါလက္ခဏာတွေ ခံစားရပါလိမ့်မယ်။

  • sciatic nerve အပေါ်ဖိအားသက်ရောက်မှုကြောင့် ကိုက်ခဲမှုဟာ တင်ပါးကနေ ခြေထောက်၊ ခြေချင်းဝတ် ထိခံစားရနိုင်ပါတယ်။ ခါးနာခြင်းနှင့် ခြေထောက်နာခြင်းနှင့် ဒွန်တွဲပြီးလာတတ်ပါတယ်။
  • ခြေထောက်ကျင်ခြင်း (pins and needles sensation) သို့ ထုံခြင်းကို တင်ပါးကနေ သို့ ဒူးနောက်ကနေစပြီး ပေါင်၊သို့ ခြေချင်းဝတ်ထိ ခံစားရခြင်း
  • ပေါင်အရှေ့ဘက် ကိုက်ခဲခြင်း
  • ခြေထောက်တစ်ဖက် သို့ နှစ်ဖက်လုံးရှိ ကြွက်သားများ အားယုတ်ခြင်း
  • ကြွက်တက်ခြင်း

အကြောင်းရင်းများ

Lumbar Disc Syndrome (ကျောရိုးအဆစ်ကျွံခြင်း) ကိုဘာတွေကဖြစ်စေသလဲ

  • အဝလွန်ခြင်း
  • မျိုးရိုးလိုက်ခြင်း
  • အသက်၊ ဖြစ်နိုင်ချေအများဆုံးကတော့ အသက် ၃၅ မှ ၅၀တွင်း ဖြစ်ပါတယ်။ ဒီပြသနာဟာ အသက် ၈၀ နောက်ပိုင်းမှာ လက္ခဏာပြခဲပါတယ်။
  • Gender- ယောင်္ကျားတွေမှာ ခါးဆစ်ရိုးကျွံခြင်းကို မိန်းမတွေမှာထက် ၂ ဆ ပိုဖြစ်နိုင်ပါတယ်။
  • ဆေးလိပ်သောက်ခြင်း၊ နီကိုတင်းဟာ ကျောရိုးဆစ်တွေဆီ သွေးစီးဆင်းမှုကို နှောင့်နှေးစေခြင်းကြောင့် အဆစ်ယိုယွင်းမှုကို လျှင်မြန်စေပြီး ပြန်လည်ကုစားနိုင်မှုကို နှေင့်နှေးစေပါတယ်။

Risk factors

ကိုက်ခဲမှုဟာ ရှေ့ပြေးသတိပေးလက္ခဏာဖြစ်ပြီး သင့်တော်တဲ့ ဆောင်ရွက်မှုတစ်ခုကို လုပ်ဆောင်ခြင်းဖြင့် ဒီပြသနာကို ဖြေရှင်းနိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

Hello Health Group သည် ဆေးပညာအကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

COVID-19 ဗိုင်းရပ်စ်သယ်ယူထိန်းသိမ်းရေးပစ္စည်း         

နှကိုဗစ် စစ်ဆေးတဲ့အခါ ပန်းရောင်အရည်ထည့်ထားတဲ့ ပလတ်စတစ် ပြွန်လေးထဲကို ယူပြီးသား နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်တွေ ထည့်ယူသိမ်းဆည်းကြပါတယ်။

ရေးသားသူ Dr. Thiha Phyo Myint

တန်ဆေးလွန်ဘေး ဗီတာမင်ဘေး (ရေမှာ ပျော်ဝင်တဲ့ ဗီတာမင်တွေအကြောင်း)

ဗီတာမင်ကို ပမာဏအတိုင်းသာ သောက်သုံးမှီဝဲသင့်ပါတယ်။ “တန်ဆေးလွန်ဘေး” ဆိုတဲ့ အတိုင်း ပမာဏကျော်လွန်သောက်သုံးမိပါက အဆိပ်သာဖြစ်လာမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ပျင်းလည်းပျင်းတယ်၊ ဝိတ်လည်းကျချင်တယ်ဆိုရင်

ဝိတ်ချမယ်ဆိုရင် ပထမဆုံးပေါ်လာတတ်တာက အားကစားလုပ်မယ်၊ Gym သွားမယ်၊ အစားလျှော့ စားမယ် စတာတွေပေါ့။ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

လိင်တံ ဘာလို့ယားယံနေရတာလဲ

လူကြားသူကြားထဲမှာ လိင်တံယားကျိကျိဖြစ်နေရင် အတော်လေးနေရထိုင်ရခက်မှာ အသေချာပါပဲ။ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

ဆေးလိပ်ဖြတ်နေတဲ့ သူငယ်ချင်းကို ဘယ်လိုကူညီနိုင်မလဲ

ဆေးလိပ်ဖြတ်နေတဲ့ သူငယ်ချင်းကို ဘယ်လိုကူညီနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
သဘာဝအလျောက် သန္ဓေတားနည်းလမ်းများ

သဘာဝအလျောက် သန္ဓေတားနည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
ဒိန်ချဉ်သောက်ခြင်းကြောင့် ရရှိမယ့်ကောင်းကျိုးများ

ဒိန်ချဉ်သောက်ခြင်းကြောင့် ရရှိမယ့်ကောင်းကျိုးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
မိုးရာသီနှင့် အောက်ခံဘောင်းဘီများ

မိုးရာသီနှင့် အောက်ခံဘောင်းဘီများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read