မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe
မှဲ့ခြောက်ဆိုတာ အရေပြားပေါ်ရှိ သေးငယ်သော အညိုရောင်အစက်များ ဖြစ်ပါတယ်။ တစ်ခါတစ်ရံတွင် အနီရောင်၊ အဝါရောင်၊ သံချေးရောင်၊ အညိုဖျော့ရောင်၊ အညိုရောင်မှတစ်ဆင့် အမဲရောင်သို့ပြောင်သွားတတ်ပါတယ်။ မှဲ့ခြောက်ဟာ နေရောင်နှင့် ထိတွေ့မှုများသောနေရာများတွင် ပိုတွေ့ရများပါတယ်။ မှဲ့ခြောက်တွေဟာ တခါတရံကျလျှင် စုပြီးအကွက်များအဖြစ် ပါးပြင်၊ နှာခေါင်း၊ လက်မောင်းနှင့် ပခုံးပေါ်တွင် တွေ့ရများပါတယ်။
မှဲ့ခြောက်တွေက အရေပြားကင်ဆာအဖြစ်ပြောင်းခြင်း၊ အသက်အန္တရာယ်ဖြစ်စေခြင်း မရှိပါ။
အဖြစ်များတဲ့ မှဲ့ခြောက် ၂မျိုးမှာ သဘာဝအတိုင်းဖြစ်သောမှဲ့ခြောက်နှင့် နေလောင်ဒဏ်ကြောင့်ဖြစ်သော မှဲ့ခြောက်တို့ဖြစ်ကြပါတယ်။ နေလောင်ဒဏ်ကြောင့်ဖြစ်သော မှဲ့ခြောက်တွေဟာ ပိုမဲပြီး ပိုလည်းကြီးတတ်ပါတယ်။ မကြာခဏ နေလောင်ခံရသော လူတွေရဲ့ ပုခုံးနှင့် ကျောဘက်အပေါ်ပိုင်းတွေမှာ တွေ့ရများပါတယ်။
မှဲ့ခြောက်တွေဟာ အလွန်အဖြစ်များပါတယ်။ အသက် ၁-၂နှစ် ကလေးများမှာတောင် ဖြစ်တတ်ပါတယ်။ မှဲ့ခြောက်ဟာ အသားဖြူတဲ့သူများနှင့် ဆံပင်နီသော လူများတွင် အဖြစ်များကြပါတယ်။
မှဲ့ခြောက်ဆိုတာ အရေပြားပေါ်ရှိ သေးငယ်သော အစက်များဖြစ်ပြီး အရောင်ရင့်တတ်ကြပါတယ်။ နေရောင်နှင့် ထိတွေ့သောအခါ မှဲ့ခြောက်ကို ပိုပြီးမြင်နိုင်ပါတယ်။ သိပ္ပံပညာရှင်များရဲ့ အဆိုအရ နေရောင်နှင့် ထိတွေ့မှုများသောအခါ မှဲ့ခြောက်များ ပိုပြီးဖြစ်တတ်တယ်လို့ သိရပါတယ်။
အန္တရယ်မရှိလျှင် မှဲ့ခြောက်ကို ကုသရန် မလိုအပ်ပါဘူး။ သို့သော် မှဲ့ခြောက်က သင့်ကို ကြည့်မကောင်းတဲ့ ပုံစံကို ဖြစ်စေနိုင်ပါတယ်။ သင်ဟာ မှဲ့ခြောက်တွေကို ဖယ်လိုပါက ဆရာဝန်နှင့် ဆွေးနွေးပြီး သင့်တော်သော မှဲ့ခြောက်ကုထုံးကို ရှာဖွေသင့်ပါတယ်။
အန္တရယ်မရှိလျှင် မှဲ့ခြောက်ကို ကုသရန် မလိုအပ်ပါဘူး။ သို့သော် မှဲ့ခြောက်က သင့်ကို ကြည့်မကောင်းတဲ့ ပုံစံကို ဖြစ်စေနိုင်ပါတယ်။ သင်ဟာ မှဲ့ခြောက်တွေကို ဖယ်လိုပါက ဆရာဝန်နှင့် ဆွေးနွေးပြီး သင့်တော်သော မှဲ့ခြောက်ကုထုံးကို ရှာဖွေသင့်ပါတယ်။
မှဲ့ခြောက်ဖြစ်စေတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ ယင်းတို့မှာ
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
မှဲ့ခြောက်ကို မျက်စိဖြင့်မြင်နိုင်ပါတယ်။ ဒါပေမယ့် တစ်ကိုယ်လုံးကို သေချာစစ်ဆေးခြင်းဖြင့် သင့်အခြေအနေကို ပိုပြီးသိရှိနိုင်ပါတယ်။ ထိရှလွယ်တဲ့ အသားအရေပိုင်ရှင်များတွင် မှဲ့ခြောက်ပိုအဖြစ်များပါတယ်။ သေချာစွာ စစ်ဆေးခြင်းဖြင့် အရေပြားဆရာဝန်မှ သင့်အား နေ့စဉ်သုံး အသားရည်ထိန်းသိမ်းသည့် ပစ္စည်းများပေးရန် ပိုမိုလွယ်ကူပါလိမ့်မယ်။
မှဲ့ခြောက်ဟာ အန္တရာယ်အရာယ်မရှိသလို ကုသရန်လည်း မလိုအပ်ပါဘူး။ ဒါပေမယ့် သင်ဟာ မှဲ့ခြောက်နှင့် ပတ်သတ်ပြီး စိတ်အနှောက်အယှက်ဖြစ်ပြီး ကုသမှုခံယူလိုပါက မှဲ့ခြောက်ဖျက်ရန် အောက်ပါနည်းများကို အသုံးပြုနိုင်ပါတယ်။
အောက်ပါ နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးတွေက သင့်ကို မှဲ့ခြောက်မှ ကာကွယ်ပေးပါလိမ့်မယ်။
ထပ်မံသိလိုသော အကြောင်းအရာများအတွက် ဆရာဝန်နှင့်တိုင်ပင်၍ ပိုမိုကောင်းမွန်သော အဖြေများကို ရယူနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။
Dr. K Zin Thwe
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။