Aortic Valve Disease (ပင်မသွေးလွှတ်ကြော အဆို့ရှင်ရောဂါ)

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Aortic Valve Disease (ပင်မသွေးလွှတ်ကြော အဆို့ရှင်ရောဂါ) ကဘာလဲ။

ပင်မသွေးလွှတ်ကြော အဆို့ရှင်ရောဂါဆိုတာ နှလုံးကနေ သွေးကိုအဓိကတွန်းအားပေးတဲ့အခန်းနဲ့ ပင်မသွေးလွှတ်ကြောကြားက အဆို့ရှင် ကောင်းစွာ အလုပ်မလုပ်တဲ့ အခြေအနေ ဖြစ်ပါတယ်။

အောက်ပါအတိုင်း ၂မျိုး ခွဲခြားနိုင်ပါတယ်။

  • သွေးလွှတ်ကြောအဆို့ရှင် ကျဉ်းခြင်း။ အဆို့ရှင် အပေါက်ဟာ ရှိသင့်တာထက် ကျဉ်းနေတော့ ပင်မသွေးလွှတ်ကြောထဲ သွေးစီးဆင်းမှုကို အကန့်အသတ် ဖြစ်စေပါတယ်။

သွေးလွှတ်ကြောအဆို့ရှင် မလုံခြင်း။ အဆို့ရှင်ဟာ လုံအောင်မပိတ်နိုင်တော့တဲ့အတွက် သွေးအချို့ဟာ ညှစ်အားပေးတဲ့အခန်းထဲ ပြန်ရောက်သွားပါတယ်။

Aortic Valve Disease (ပင်မသွေးလွှတ်ကြော အဆို့ရှင်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

တွေ့ရများပါတယ်။ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Aortic Valve Disease (ပင်မသွေးလွှတ်ကြော အဆို့ရှင်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဆို့ရှင်ရောဂါပုံစံ ၂မျိုးစလုံးဟာ တူညီတဲ့လက္ခဏာတွေ ဥပမာ လေ့ကျင့်ခန်းလုပ်စဉ် ရင်ဘတ်အောင့်ပြီး အနားယူစဉ် သက်သာသွားခြင်း၊ မောပန်းခြင်း၊ အသက်ရှူမြန်ခြင်း တွေ့နိုင်ပါတယ်။ ဒါ့အပြင် ကွဲပြားတဲ့ လက္ခဏာတွေလည်း ရှိနိုင်ပါတယ်။

အဆို့ရှင်ကျဉ်းခြင်းအတွက် တွေ့ရများတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • ခြေကျင်းဝတ်ရောင်ခြင်း
  • သွေးခုန်နှုန်းမြန်ခြင်း
  • အသက်ရှူရခက်ခြင်း
  • သတိလစ်ခြင်း
  • လှုပ်ရှားမှုပမာဏ ကျဆင်းခြင်း
  • နှလုံးညဉ်းသံကြားရခြင်း

အဆို့ရှင်မလုံခြင်းမှာ အောက်ပါလက္ခဏာတွေ တွေ့ရပါတယ်။

  • သတိလစ်ခြင်း
  • ချောင်းဆိုးခြင်း
  • နှလုံးခုန်မြန်ခြင်း
  • လှဲနေစဉ် အသက်ရှူရခက်ခြင်း
  • အားနည်းခြင်း
  • ခြေကျင်းဝတ်နှင့် ခြေဖဝါး ရောင်ရမ်းခြင်း

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Aortic Valve Disease (ပင်မသွေးလွှတ်ကြော အဆို့ရှင်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

အဆို့ရှင်ရဲ့ပွင့်ချပ်လေးတွေမှာ ကယ်လ်ဆီယမ်များ စုပုံလာခြင်းဟာ အဆို့ရှင်ကျဉ်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ နှလုံးကို သွေးဖြတ်ပြီး စီးဆင်းသွားတာနဲ့အမျှ ကယ်လ်ဆီယမ်တွေဟာ စုပဲအနည်ကျတာ ပိုများလာပြီး အဆို့ရှင်ကို ကျဉ်းမြောင်းသွားစေပါတယ်။ ဒါ့အပြင် လေးဖက်နာဖျားနာခြင်းနဲ့ စကားလက်ဖျားနာခြင်းဟာ အဆို့ရှင် ကျဉ်းမြောင်းခြင်းကို ဖြစ်ပေါ်စေပါတယ်။

အဆို့ရှင်မလုံခြင်းရဲ့ တချို့အကြောင်းအရင်းတွေဟာ အသက်အရွယ်ကြီးခြင်း၊ သွေးတိုးခြင်း၊ နှလုံးတွင် ဘက်တီးရီးယားပိုးဝင်ခြင်း၊ ကာလသားရောဂါ၊ ဒဏ်ရာရခြင်း စတတဲ့ အဆို့ရှင်တစ်သျှူးကို အားနည်းစေခြင်းကြောင့် ဖြစ်ပါတယ်။ တခြားအကြောင်းအရင်းကတော့ မွေးရာပါ နှလုံး ချို့ယွင်းချက်ကြောင့် ဖြစ်ပါတယ်။ တချို့လက္ခဏာတွေဟာ အရွယ်ရောက်လာတဲ့အထိ မတွေ့ရဘဲ မလုံတဲ့လက္ခဏာ ပြလာတတ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Aortic Valve Disease (ပင်မသွေးလွှတ်ကြော အဆို့ရှင်ရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

  • အသက်အရွယ်ကြီးလာခြင်း။ အမာရွတ်ဖြစ်ခြင်း၊ ကယ်လ်ဆီယမ် စုပုံခြင်းစတာတွေဟာ အသ်ကကြီးသူတွေမှာ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။
  • ရောဂါများ။ သွေးတိုးခြင်း၊ နှလုံးရောင်ခြင်း၊ မွေးရာပါနှလုံးရောဂါ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Aortic Valve Disease (ပင်မသွေးလွှတ်ကြော အဆို့ရှင်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဒီရောဂါရှိတယ်လို့ သတ်မှတ်နိုင်ဖို့ ရောဂါရာဇဝင် မေးပါလိမ့်မယ်။ အောက်ပါစစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။

  • အီးစီဂျီ။ နှလုံးရဲ့ လျှပ်စီးဓါတ်ကတဆင့် နှလုံးရဲ့ အချက်အလက်တွေကို သိနိုင်ပါတယ်။
  • လေ့ကျင့်ခန်းစစ်ဆေးခြင်း။ ပင်ပင်ပန်းပန်း လှုပ်ရှားရင် နှလုံးက ဘယ်လိုတုံ့ပြန်မယ်ဆိုတာ စစ်ဆေးနိုင်ပါတယ်။
  • နှလုံးပုံရိပ်ဖော်ခြင်း။ အသံလှုင်းတွေကတဆင့် နှလုံးနဲ့ အဆို့ရှင်ကို ပုံဖော်ကြည့်ပါတယ်။
  • ဓါတ်မှန်ရိုက်ခြင်း
  • နှလုံးတွင် ဆိုးဆေးထည့် စစ်ဆေးခြင်း။ မလုံတဲ့အခြေအနေကို သိနိုင်ပါတယ်။

နှလုံးကို သံလိုက်ဖြင့် ပုံရိပ်ဖော်ခြင်း။ သံလိုက်နဲ့ ရေဒီယိုလှိုင်းတွေကတဆင့် နှလုံးရဲ့ အသေးစိတ်အခြေအနေကို သိနိုင်ပါတယ်။

Aortic Valve Disease (ပင်မသွေးလွှတ်ကြော အဆို့ရှင်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

ပင်မသွေးလွှတ်ကြော အဆို့ရှင်ရောဂါ ၂မျိုးစလုံးအတွက် ဆေးဝါးနဲ့ ကုသမှု မရှိသေးပါဘူး။ ဒါပေမယ့် ရောဂါရဲ့ သက်ရောက်မှုတွေကို လျှော့ချကုသနိုင်ပါတယ်။

အဆို့ရှင်ကျဉ်းခြင်းအတွက် နှလုံးစည်းချက်ကို အနှောင့်အယှက်ဖြစ်စေမယ့် အရာတွေကို ဆေးနဲ့ထိန်းချုပ်ပေးပါတယ်။ ဘီတာနဲ့ ကယ်ယလ်ဆီယမ် လမ်းကြောင်းပိတ်ဆေးဝါးများဟာ ရင်ဘတ်အောင့်ခြင်းကို သက်သာစေနိုင်ပါတယ်။ စတေတင်ဟာ သွေးတွင်း ကိုလက်စထရောကို လျော့ကျစေပါတယ်။ ဖြစ်နိုင်ခြေကုသမှုမှာ အဆို့ရှင်ပြင်ဆင်ခြင်းနဲ့ အစားထိုးခြင်း ပါဝင်ပါတယ်။

အဆို့ရှင်မလုံခြင်းအတွက် သွေးတိုးကျစေတဲ့ ဆေးဝါးတွေ ရှိပါတယ်။ သိပ်မပြင်းထန်ရင် သွေးခဲမှုလျော့ကျခြင်း၊ လေဖြတ်နိုင်ခြေကို လျှော့ချခြင်း စတာတွေကို ဖြစ်စေတဲ့ ဆေးဝါးတွေနဲ့ ကုသနိုင်ပါတယ်။ ဒါပေမယ့် များသောအားဖြင့် ခွဲစိတ်ပြုပြင်ခြင်း၊ အစားထိုးခြင်းတွေပါ လိုအပ်နိုင်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ပင်မသွေးလွှတ်ကြော အဆို့ရှင်ရောဂါအတွက် အထောက်အကူ ပြုသလဲ

အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။

  • လေးဖက်နာဖျားနာခြင်း၊ စကားလက်ဖျားနာခြင်း စတာတွေကို ကာကွယ်ပါ။ လည်ပင်းနာတဲ့အခါ ရောဂါပိုးကြောင့် ဟုတ်မဟုတ် သိနိုင်ဖို့ ဆရာဝန်ပြပါ။
  • သွားသန့်ရှင်းမှုကို ဂရုစိုက်ပါ။ နှလုံးရောင်ခြင်းကို ဖြစ်စေတဲ့ သွေးလမ်းကြောင်းမှတဆင့် ရောဂါပိုးဝင်ခြင်းကို လျှော့ချနိုင်ပါတယ်။
  • နှလုံးကျန်းမာရေးကို ဂရုစိုက်ပါ။ သွေးတိုးရင်၊ ကိုလက်စထရောများရင် ဆရာဝန်ပုံမှန်ပြပါ။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 2, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 13, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။