backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pink Eye (မျက်ခွံအတွင်းသားရောင်ရမ်းခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Pink Eye (မျက်ခွံအတွင်းသားရောင်ရမ်းခြင်း) ကဘာလဲ။

Pink eye ( မျက်ခွံအတွင်းသားရောင်ရမ်းခြင်း)ဆိုသည်မှာ မျက်လုံးရဲ့အဖြူရောင်အစိတ်အပိုင်းနေရာတွင်အနီရောင်သို့ပန်းရောင်များပေါ်လာခြင်းဖြစ်ပါတယ် ။ သင့်မျက်လုံးရဲ့မျက်ခွံနဲ့မျက်လုံးအဖြူရောင်အပိုင်းကိုကာကွယ်ပေးထားတဲ့အမြှေးပါးရောင်ရမ်း၍ဖြစ်စေ ပိုးဝင်၍ဖြစ်စေ ရောဂါဖြစ်စေပါတယ်။

Pink Eye (မျက်ခွံအတွင်းသားရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

မျက်ခွံအတွင်းသားရောင်ခြင်းဟာတော်တော်အဖြစ်များပါတယ် ။ အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပါတယ် ။ အန္တရာယ်ရှိသည်များကိုရှောင်ရှား၍ ရောဂါဖြစ်နိုင်ချေကိုလျှော့ချနိုင်ပါတယ် ။ အသေးစိတ်သိရဖို့အတွက်ဆရာဝန်နဲ့တိုင်ပင်မေးမြန်းသင့်ပါတယ်။

လက္ခဏာများ

Pink Eye (မျက်ခွံအတွင်းသားရောင်ရမ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်အများဆုံးလက္ခဏာတွေကတော့….နီမြန်းခြင်း ၊ ယားယံခြင်း၊ ကြမ်းတမ်းနေသလိုခံစားရခြင်း၊ ညတွင်ထွက်သောအရည်အချွဲများခဲနေ၍ မနက်ဖက်တွင်မျက်လုံးဖွင့်မရခြင်း၊ မျက်ရည်ကျခြင်း.. တို့ပဲဖြစ်ပါတယ်။

အထက်ဖော်ပြပါစာရင်းထဲမှာမပါတဲ့ ရောဂါလက္ခဏာများ လည်းရှိနိုင်ပါသေးတယ် ။ လက္ခဏာတွေနဲ့ပတ်သတ်ပြီးအသေးစိတ်သိချင်လျှင်တော့ ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အကယ်၍သင့်တွင်နီမြန်းခြင်း ၊ ယားယံခြင်း၊ ကြမ်းတမ်းနေသလိုခံစားရခြင်း၊ ညတွင်ထွက်သောအရည်အချွဲများခဲနေ၍ မနက်ဖက်တွင်မျက်လုံးဖွင့်မရခြင်း ၊ မျက်ရည်ကျခြင်း.. စတဲ့လက္ခဏာတွေဖြစ်ပေါ်နေပြီဆိုလျှင်တော့ဆရာဝန်နှင့် ပြသသင့်ပါပြီ။ လူတစ်ယောက်နှင့်တစ်ယောက်မတူညီနိုင်ကြပါဘူး ။ အကောင်းဆုံးအဖြေကိုရရှိဖို့ဆရာဝန်နဲ့ပြသသင့်ပါတယ်။

အကြောင်းရင်းများ

Pink Eye (မျက်ခွံအတွင်းသားရောင်ရမ်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဗိုင်းရပ်စ်ကူးစက်မှုများ ၊ ဘတ်တီးရီယားကူးစက်မှုများ ၊ ဓါတ်မတည့်ခြင်းများ ၊ မျက်လုံးထဲသို့ဓါတုပစ္စည်းတစ်ခုခုဝင်ခြင်း ၊ ပြင်ပပစ္စည်းတစ်ခုခုဝင်ခြင်းတို့ကြောင့် မျက်ခွံအတွင်းသားရောင်ရမ်းခြင်း ကိုဖြစ်စေပါတယ် ။

ဖြစ်နိုင်ခြေများ

Pink Eye (မျက်ခွံအတွင်းသားရောင်ရမ်းခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

မျက်ခွံအတွင်းသားရောင်ရမ်းခြင်းကိုပိုဆိုးစေနိုင်တာတွေကတော့..

ဓါတ်မတည့်သောပစ္စည်းများနှင့်ထိတွေ့မိခြင်း၊ ဗိုင်းရပ်စ် သို့ ဘတ်တီးရီးယားကူးစက်မှုကြောင့် မျက်ခွံအတွင်းသားရောင်ရမ်းနေသူများနှင့် ထိတွေ့မိခြင်း၊မျက်ကပ်မှန်အသုံးပြုခြင်းတို့ဖြစ်ပါတယ် ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Pink Eye (မျက်ခွံအတွင်းသားရောင်ရမ်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

မျက်ခွံအတွင်းသားရောင်ရမ်းခြင်း ကိုလူနာရဲ့ရောဂါသမိုင်းကြောင်း ၊ ရောဂါလက္ခဏာများ နှင့် မျက်လုံးစမ်းသပ်စစ်ဆေးမှုတို့အပေါ်တွင်အခြေခံ၍ စမ်းသပ်ပါတယ် ။ ဓါတ်မတည့်ခြင်းကြောင့်ဖြစ်သော မျက်ခွံအတွင်းသားရောင်ရမ်းမှုမျိုးကို အတည်ပြုနိုင်ရန် ဓါတ်မတည့်သောပစ္စည်းများနှင့် စမ်းသပ်သော စမ်းသပ်မှုများလည်းရှိပါတယ် ။

Pink Eye (မျက်ခွံအတွင်းသားရောင်ရမ်းခြင်း) ကို ဘယ်လိုကုသပါသလဲ

မျက်ခွံအတွင်းသားရောင်ရမ်းခြင်းကိုကုသရာတွင်ဖြစ်စေသောအကြောင်းအရာများကို အခြေခံ၍ ကုသပါတယ်။

– ဘတ်တီးရီယားကြောင့်ဖြစ်သောမျက်ခွံအတွင်းသားရောင်ရမ်းမှုတွင် ပိုးသတ်ဆေးပါသော မျက်စဉ်း သို့ လိမ်းဆေးအသုံးပြု၍ ဘတ်တီးရီးယားကူးစက်မှုကို ဖယ်ရှားနိုင်ပါတယ် ။

– ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော မျက်ခွံအတွင်းသားရောင်ရမ်းခြင်း တွင်တော့ အများစုတွင် ကုသမှုမရှိပါ။ ရေယုန်ဗိုင်းရမ်စ်ပိုးကြော်င့ဖြစ်သောအခြေအနေမျိုးတွင်တော့ ဗိုင်းရပ်စ်ပိုးကို နှိမ်နှင်းနိုင်သော ကုသမှုများခံယူနိုင်ပါတယ် ။

– ဓါတ့်မတည့်မှုကြောင့်ဖြစ်သော မျက်ခွံအတွင်းသားရောင်ရမ်းမှုတွင်histamine မထွက်စောသောဆေးများနှင့် mast ဆဲလ်များကိုတည်ငြိမ်စောသော ဆေးများကိုပေါင်းစပ်၍ ပေးပါတယ် ။

အရောင်ကျစေတဲ့ဆေးတွေကတော့..decongestants, steroids, and anti-inflammatory eyedrops..တွေပဲဖြစ်ပါတယ် ။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုသမှုများ။

ဘယ်လိုနေထိုင်မှုပူံစံတွေနဲ့ အိမ်တွင်းကုသမှုတွေက မျက်ခွံအတွင်းသားရောင်ခြင်းကိုသက်သာစေသလဲ။

သင့်မျက်လုံးကို လက်များနှင့်မထိပါနှင့် ။

– သင့်လက်များကိုမကြာခဏဆေးပေးပါ ။

– သန့်ရှင်းသော တစ်ရှူးနှင့် အဝတ်များကိုပဲအသုံးပြုပါ။

– တာဝါများနှင့် အဝတ်များကို သူများနှင့် အတူတူမသုံးပါနှင့် ။

– သင့်ခေါင်းအုံးစွတ်ကိုမကြာခဏ လဲပေးပါ ။

– ရေကူးကန်ထဲတွငိရေကူးခြင်းမှရှောင်ရှားပါ ။

-အလှကုန်ပစ္စည်းများနှင့ ်သင့်မျက်လုံးကိုမထိတွေ့မိပါစေနှင့်။

– မျက်လုံးအလှကုန်ပစ္စည်းများကို တစ်ယောက်တည်းပဲသုံးပါ။

– ညွှန်ကြားထားသော ပိုးသတ်ဆေးကိုသုံးစွဲပါ။

– မျက်စဉ်းအသုံးပြုပါ။

– မျက်ကပ်မှန်တပ်ခြင်းမှရှောင်ကျဉ်ပါ ။

– သင့်အဝတ်အစားများကိာမကြာခဏလျှော်ပေးပါ ။

– အိပ်ရာမဝင်မီရေချိုးပေးပါ။

အကယ်၍သင့်တွင်မေးခွန်းများရှိသေးလျှင်တော့ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ် ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement