ဓါတ်မတည့်မှုတွေ၊ဆေးဝါး၊ မျက်ကပ်မှန်၊ အသက်အရွယ်၊ရောဂါတစ်ခုခု(ဥပမာ အဆစ်ရောင်ရောဂါ) နဲ့ ကွန်ပျူတာကြောင့်မျက်စိညောင်းခြင်းတို့လို အကြောင်းရင်းတွေကြောင့် မျက်ရည်ခန်းခြောက်၊ မျက်စိနေရခက်တာတွေဖြစ်စေနိုင်ပါတယ်။ မျက်စဉ်းခတ်ရင်ခြောက်သွေ့မှုကိုသက်သာစေနိုင်ပေမယ့် မျက်ခွံမှာ ရေဝတ်ဖတ်လေးကပ်ပေးတာလည်း အဆင်ပြေနိုင်ပါတယ်။ ယားတယ်ဆိုပြီး မျက်လုံးကို သိပ်မပွတ်ပါနဲ့။
မျက်ခွံမို့နေတာ
မျက်လုံးတွေဖောင်းအစ်နေတာက မျက်ခွံအတွင်းသားရောင်ရမ်းတာ(pinkeye)၊ ဓါတ်မတည့်မှုတွေ၊ မျက်ခွံမှာအဖုလေးတွေဖြစ်တာ၊ မျက်ကြည်လွှာမှာအနာလေးတွေဖြစ်တာတို့ကြောင့်ဖြစ်နိုင်ပါတယ်။ ငိုထားတာ၊ အအိပ်များထားတာကလွဲရင် မျက်ခွံမို့အစ်နေတာက သိုင်းရွိုက်ပြဿနာကြောင့်လည်းဖြစ်နိုင်ပါတယ်။ သိပ်မကြာခင် သက်သာလျော့ပါးသွားတတ်ပေမယ့် ၂၄ နာရီထက်ပိုကြာနေတယ် ဒါမှမဟုတ် အမြင်အာရုံထိခိုက်လာတယ်ဆိုရင် ဆရာဝန်အမြန်ပြပါ။
မျက်ရည်ကျနေတာ
အသည်းကွဲလို့၊ ဝမ်းနည်းလို့မဟုတ်ဘဲ အလိုလိုမျက်ရည်တွေကျနေတာဆိုရင်တော့ မကောင်းပါဘူး။ မျက်ရည်တွေက မျက်လုံးထဲမှာ အစိုဓါတ်ထိန်းပေးထားပြီး ပြင်ပအရာတွေကိုဖယ်ရှားပေးတဲ့လုပ်ဆောင်ချက်ရှိပါတယ်။ ဒါပေမယ့် မလိုအပ်ဘဲ၊ အကြောင်းရင်းမရှိဘဲ မျက်ရည်တွေကျနေတယ်ဆို လုပ်ဆောင်ချက်လွန်ကဲနေတာဖြစ်ပြီး ပုံမှန်မဟုတ်တော့ပါဘူး။ တစ်ခုခုဝင်နေလို့၊ ရောဂါပိုးဝင်လို့၊ ထိရှထားလို့၊ မျက်ရည်ပြွန်ပိတ်နေလို့ ဖြစ်နိုင်ပါတယ်။
မျက်ကြောလိုက်တာ
မျက်လုံးပုတ်ခတ်ပုတ်ခတ်နဲ့ မကြာခဏဖြစ်တာမျိုး၊ မျက်ခွံရဲ့မူမမှန်လှုပ်ရှားမှုမျိုးက အဖြစ်များပါတယ်။ မျက်လုံးအသုံးပြုတာများလွန်းရင်ဖြစ်တတ်တာမို့ မျက်စိကိုအနားပေးလိုက်ရင်၊ ကဖင်းလျှော့သောက်ရင် သက်သာသွားနိုင်ပါတယ်။ ဒါပေမယ့် အချိန်ကြာကြာ မျက်လုံးပိတ်ပိတ်သွားတယ်ဆိုဆေးခန်းပြပါတော့။
မျက်သားဝါတာ
မျက်သားအရောင်ကဖြူနေရာက ဝါလာတယ်ဆို အသားဝါဖြစ်တဲ့လက္ခဏာဖြစ်နိုင်ပါတယ်။ အသည်းရောဂါ၊ အရက်၊ သည်းခြေကျောက်တည်တာ၊ ကင်ဆာ တို့ရဲ့လက္ခဏာတွေဖြစ်နိုင်တာကြောင့် သတိထားသင့်ပါတယ်။ ဒီရောဂါတွေကြောင့်မဟုတ်တဲ့ အဝါရောင်ကတော့ ပုံမှန်ဆို ကုသမှုမလိုလောက်ပေမယ့် အမြင်အာရုံမှာတစ်ခုခုဖြစ်လာတယ်ဆို အမြန်ကုသပါ။
မျက်ခွံတွေတွဲကျတာ
အများအားဖြင့် မျက်ခွံဆိုတာ အသက်ကြီးလာတာနဲ့ တဖြည်းဖြည်းတွဲကျလာတတ်ပေမယ့်မြန်မြန်ဆန်ဆန်ဖြစ်လာတယ်ဆိုရင် သတိထားရမှာကလေဖြတ်ခြင်း၊ ဦးနှောက်အကျိတ်၊ ကြွက်သားရောဂါ ဒါမှမဟုတ် အာရုံကြောပြဿနာတွေရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ နာရီပိုင်း၊ ရက်ပိုင်းအတွင်း ချက်ချင်းကြီး မျက်ခွံတွဲကျလာတယ်ဆို ဆရာဝန်ပြသင့်ပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။