မျက်စိပူခြင်း ညောင်းခြင်း ပင်ပန်းခြင်းတို့မှမျက်လုံးကိုက်ခြင်းကိုဖြစ်စေသည်။ အဖြစ်များပြီး ဆိုးဝါးသောနောက်ဆက်တွဲဖြစ်သည်ကရှားသည်။ မသက်မသာဖြစ်နိုင်သော်လည်း မျက်စိထိခိုက်ခြင်းကိုတော့မဖြစ်စေပါ။ ဘယ်လိုဂရုစိုက်ရမလဲလေ့လာကြည့်ရအောင်။
ထိုပြဿနာကိုသက်သာစေသော ရိုးရှင်းသည့်နည်းလမ်းများရှိပါသည်။
မျက်စိကိုက်ခြင်းဆိုတာဘာလဲ။
မျက်စိကိုက်ခြင်းသည် ရောဂါလက္ခဏာဖြစ်ပြီး ရောဂါတစ်ခုမဟုတ်ပါ။ သင်အချိန်အကြာကြီးအလုပ်လုပ်ပြီး ဥပမာ ကားမောင်းခြင်၊း ကွန်ပျူတာသုံးခြင်၊ းစာဖတ်ခြင်းတို့အပြီး ဖြစ်တတ်သည်။ သင်အရာတစ်ခုကိုကြည့်နေချိန် မသက်မသာဖြစ်ပါက မျက်ရိုးကိုက်ခြင်းဟူသောလက္ခဏာရှိခြင်းဖြစ်နိုင်သည်။ ပုံမှန်အားဖြင့် သင့်မျက်လုံးနားချိန်တွင် သက်သာသွားတတ်သည်။ သို့သော် အချို့သောကိစ္စများတွင် ကုသမှုလိုအပ်ခြင်းဖြစ်နိုင်သည်။
မျက်ရိုးကိုက်ခြင်းဘာကြောင့်ဖြစ်သလဲ။
အခုခေတ်ရဲ့ နေထိုင်မှုဘဝပုံစံတွင် အဓိကဖြစ်သောအကြောင်းအရင်းမှာ ကွန်ပျူတာကိုအချိန်ကြာမြင့်စွာအသုံးပြုခြင်းဖြစ်သည်။ ယေဘုယျအားဖြင့် အရွယ်ရောက်သူသည် အနည်းဆုံးတစ်ရက်ရှစ်နာရီ ကွန်ပျူတာအသုံးပြုတတ်သည်။ ထိုကြောင့် ပုံမှန်ထက်မျက်တောင်ခတ်ရခြင်း မျက်လုံးခြောက်ခြင်းတို့ဖြစ်နိုင်သည်။ ထိုပြင် အမှောင်ထဲတွင်ကြည့်ရန်ကြိုးစားမိပါက သင့်မျက်ခွံရှိကြွက်သားများ မျက်မှောင်ကျုံ့ခြင်းတို့လုပ်ရန်လိုနိုင်သည်။ ထိုကြောင့်ကြွက်သားများနာခြင်း ပိုဖိအားများခြင်းတို့ကိုဖြစ်စေနိုင်သည်။
လူများတွင် ခေါင်းကိုက်ခြင်း သို့မဟုတ် အမြင်ဝါးခြင်း အရင်ရှိပြီးသားမျက်စိပြဿနာများကြောင့်ပိုဆိုးခြင်းများဖြစ်နိုင်သည်။ အဝေးမှုန်ခြင်း အမြင်ဝါးခြင်း တို့ကြောင့် မျက်မှန်လိုအပ်တတ်သည်။ အိပ်ရေးမဝခြင်း သို့မဟုတ် အလုပ်ဖိအားများခြင်း သို့မဟုတ် နုန်းခြင်းတို့က ရောဂါလက္ခဏာများကိုပိုဆိုးလာစေနိုင်သည်။
မျက်ရိုးကိုက်ခြင်းလက္ခဏာတွေကဘာလဲ။
လက္ခဏာများမှာအောက်ပါအတိုင်းဖြစ်သည်။
- မျက်စိယားခြင်း
- မျက်စိခြောက်ခြင်း
- မျက်ရည်တစ်ရွဲရွဲဖြစ်ခြင်း
- မျက်စိဝါးခြင်း
- အလင်းမခံနိုင်ခြင်း
- မျက်လုံးနာခြင်း
- မျက်လုံးနီခြင်း
- အမြင်အာရုံြေပါင်းလဲခြင်း
သင့်တွင်အထက်ပါပြဿနာများရှိပါက မျက်လုံးစမ်းသပ်ခြင်းများလုပ်နိုင်သည်။ မျက်ရိုးကိုက်ခြင်းကြောင့်ဖြစ်နိုင်သော်လည် နားပြီးမသက်သာပါက အခြားရောဂါကြောင့်လည်းဖြစ်နိုင်သည်။ ထိုကြောင့် အထက်ပါလက္ခဏာများအချိန်အကြာကြီးရှိခြင်း ခဏခဏဖြစ်နေခြင်းတို့ရှိပါက ဆရာဝန်နှင့်ချက်ချင်းတိုင်ပင်သင့်သည်။
ဘယ်လိုကာကွယ်ရမလဲ။
မျက်ရိုးကိုက်ခြင်းကိုကာကွယ်ခြင်းကရိုးစင်းပါသည်။ ကာကွယ်ပုံမှာ မကောင်းသောပုံစံ ဥပမာ တီဗွီရှေ့တွင်အကြာကြီးထိုင်ခြင်း ဖုန်းအကြာကြီးသုံးခြင်း သို့မဟုတ် အခြား ဒစ်ကျစ်တယ်ပစ္စည်းများကိုအကြာကြီးသုံးခြင်း နှင့် အခြားအရာများကိုရှောင်ခြင်းတို့လုပ်နိုင်သည်။
အလုပ်လုပ်သောအချိန်နှင့် နားသောအချိန်ကို မျှမျှတတထားသင့်သည်။ မျက်လုံးအားဖြည့်ဆေးများသုံးပါ။ အရေးကြီးသောအချက်မှာ အိပ်ရေးဝအောင်အိပ်ခြင်းဖြစ်သည်။ အရွယ်ရောက်သူတစ်ယောက်သည် ၆ နာရီမှ ၇ နာရီထိအိပ်သင့်သည်။ ၁၁ မတိုင်မီအိပ်ခြင်းက သင့်မျက်လုံးသာမက အသည်းကိုပါ ကာကွယ်ပေးနိုင်သည်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။