Normal-tension glaucoma (မျက်စိရေတိမ်) ကို ဘယ်လိုအတည်ပြုပါသလဲ
သင့်မျက်စိဆရာဝန်ဟာ သင့်ရဲ့ရောဂါရာဇဝင်နဲ့ မျက်စိစမ်းသပ်မှုအားလုံးကို ပြည့်စုံစွာစစ်ဆေးပေးပါလိမ့်မယ်။ အဲဒီအခါ ပုံမှန်မျက်လုံးအိမ်အရည်တင်းအား စမ်းသပ်စစ်ဆေးမှုလည်းပါဝင်ပါလိမ့်မယ်။ သင့်မျက်စိသားငယ်အိမ်ကို ကျယ်စေတဲ့ဆေးစက်ကို အသုံးပြုပါလိမ့်မယ်။ အဲဒီနောက် သင့်ဆရာဝန်ဟာ အထူးပြုလုပ်ထားတဲ့ မှန်ဘီလူးနဲ သင့်အမြင်အာရုံကြောရဲ့ အရောင်နဲ့ပုံရိပ်ကို စမ်းသပ်စစ်ဆေးပါလိမ့်မယ်။ ထိခိုက်ပျက်စီးမှုရှိမရှိကိုလည်း ကြည့်ရှုပါလိမ့်မယ်။ ဆရာဝန်ဟာ မျက်လုံးအိမအရည်တင်းအားနဲ့ မျက်ကြည်လွှာအထူကို တိုင်းတာဖို့ ကွဲပြားတဲ့ စမ်းသပ်နည်းတွေအသုံးပြုပါလိမ့်မယ်။ မျက်စိဆရာဝန်ဟာ သင်ကိုယ်တိုင်သတိမထားမိနိုင်တဲ့ ဘေးဘက်တဖက်တချက်က အမြင်အာရုံချွတ်ယွင်းမှုကို စစ်ဆေးဖို့ မြင်ကွင်းစမ်းသပ်မှုတွေ ပြုလုပ်ပါလိမ့်မယ်။
Normal-tension glaucoma (မျက်စိရေတိမ်) ကို ဘယ်လိုကုသပါသလဲ
မျက်စိရေတိမ်ကို အရှင်းပျောက်ကင်းအောင် မကုသနိုင်သော်လည်း သင့်ဆရာဝန်က ရောဂါအခြေအနေပိုမိုမဆိုးရွားလာအောင်နဲ့ အမြင်အာရုံဆုံးရှုံးမှု ပိုမဆိုးလာအောင် ကာကွယ်တားဆီးပေးပါလိမ့်မယ်။ သင့်ဆရာဝန်က မျက်စဉ်းဆေးများညွှန်ကြားခြင်း၊ လေဆာကုသနည်းများအကြောင်း အကြံပေးခြင်း၊၊ ခွဲစိတ်ကုသမှုအကြောင်း ဆွေးနွေးခြင်းတို့ ပြုလုပ်ပါလိမ့်မယ်။
မျက်စဉ်းဆေးများ
မျက်စိရေတိမ်ရောဂါအတွက် ကနဦးကုသနည်းဖြစ်ပါတယ်။ အချို့ဆေးဝါးတွေဟာ သင့်မျက်လုံးအိမ်ထဲက အရည်ကိုနည်းအောင် ပြုလုပ်ပေးပါတယ်။ ဒါက သင့်မျက်လုံးအိမ်အရည်တင်းအားကို ကျဆင်းစေမှာပါ။ အခြားဆေးဝါးတွေကတော့ အရည်စီးဆင်းမှုကောင်းအောင် ပြုလုပ်ပြီး သင့်မျက်စိကိုသက်သာစေတာပါ။
တခြားဆေးဝါးများကဲ့သို့ မျက်စိရေတိမ်ကုသတဲ့ဆေးဝါးတွေဟာလည်း ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်နိုင်ပါတယ်။ ဥပမာ – မျက်လုံးစူးခြင်း၊ ယားခြင်း။ မျက်စိမှုန်ခြင်း။ သွေးခုန်နှုန်း၊နှလုံးခုန်နှုန်းမမှန်ခြင်း။ အချို့မှာ အခြားဆေးဝါးများနှင့်တွဲစပ်သောက်သုံးရန် မသင့်ခြင်း။
ဆေးကုသမှု မစတင်ခင်မှာ သင်သောက်သုံးမယ့် ဆေးဝါးတွေကို သင့်ဆရာဝန်ကို ပြသပါ။
လေဆာနှင့်ကုသခြင်း
မျက်စိဆရာဝန်ဟာ သင့်မျက်လုံးအိမ်အတွင်း အရည်စီးဆင်းမှုကောင်းမွန်အောင် လေဆာရောင်ခြည်ကိုအသုံးပြုပြီး ပိတ်ဆို့နေသာလမ်းကြောင်းများကို ဖွင့်ပေးမှာဖြစ်ပါတယ်။ ဤနည်းအားဖြင့် မျက်လုံးအိမ်အတွင်း အရည်တင်းအားကျဆင်းစေမှာဖြစ်ပါတယ်။ လေဆာရောင်ခြည်ကုသမှုကို သင့်မျက်စိဆရာဝန်ရဲ့ ရုံးခန်းမှာပဲဖြစ်ဖြစ်၊ ခွဲစိတ်ပြင်ပလူနာဌာနမှာပဲဖြစ်ဖြစ် ခံယူနိုင်ပါတယ်။
ခွဲစိတ်ကုသခြင်း
ဆေးသုံးကုသမှုနဲ့ လေဆာရောင်ခြည်သုံးကုသမှုခံယူပြီးနောက် မျက်လုံးအိမ်အရည်တင်းအား ကျဆင်းမှုမရှိခဲ့လျှင် သင့်ဆရာဝန်နဲ့ ခွဲစိတ်ကုသမှု(options)တွေ အကြောင်း တိုင်ပင်နိုင်ပါတယ်။
နည်းလမ်းတစ်ခုကတော့ trabeculectomy လို့ခေါ်တဲ့ မျက်သားအဖြူ(sclera) ကနေတဆင့် အပေါက်သစ်တစ်ခုဖောက်ပြီး မျက်လုံးအိမ်အတွင်းက အရည်ကို စီးဆင်းစေတာဖြစ်တယ်။ ဒါမှမဟုတ် အလွန်သေးငယ်တဲ့ ပိုက်လေးတစ်ခုကို ထည့်ပြီး သင့်မျက်လုံးအိမ် တင်းအားကို လျှော့ချပေးနိုင်ပါတယ်။
သုတေသနပညာရှင်တွေကတော့ မျက်စိရေတိမ်ရောဂါတွေမှာ အမြင်အာရုံကြောကို ကာကွယ်ဖို့ (သို့) အာရုံကြောကို သွေးလည်ပတ်မှုကောင်းမွန်ဖို့ အကောင်းဆုံးကုထုံးတွေကို ဆက်လက်ကြိုးစားရှာဖွေနေကြပါတယ်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက မျက်စိရေတိမ် ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
ကံမကောင်းစွာနဲ့ပဲ သင်ဟာမျက်စိရေတိမ်ရောဂါကို ကြိုတင်ကာကွယ်ဖို့ မဖြစ်နိုင်ပေမယ့် ရောဂါရဲ့နောက်ဆက်တွဲဖြစ်တဲ့ အမြင်အာရုံဆုံးရှုံးခြင်းကိုတော့ စောစီးစွာသိရှိကုသခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် သင်ဟာ မျက်စိဆရာဝန်နဲ့ ပုံမှန်စမ်းသပ်စစ်ဆေးမှုပြုလုပ်နေဖို့လိုအပ်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။