backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

အမြင်အာရုံ မှာ ဒီလိုတွေ ဖြစ်လာပြီဆိုရင် သတိထားပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အမြင်အာရုံ မှာ ဒီလိုတွေ ဖြစ်လာပြီဆိုရင် သတိထားပါ။

နေ့စဉ်ကြည့်နေကျ မျက်လုံးတွေက အရာရာကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်ဆိုတာ မင်္ဂလာတစ်ပါးပါပဲ။ သာမန်အားဖြင့်တော့ ဒါကို ကျွန်တော်တို့ သတိမပြုမိကြပါဘူး။ တစ်နေ့မှာ အမြင်တွေ ဝါးလိုက်တာ၊ မျက်လုံးတွေ နီနေတယ် စသဖြင့် ဝေဒနာတွေ ခံစားရပြီဆိုရင်တော့ မျက်လုံးကျန်းမာရေးကို စစ်ဆေးဖို့ သတိရလာကြပါပြီ။ ဒါကြောင့် အောက်က အမြင်အာရုံ ပြဿနာတွေ  ခံစားနေရပြီဆို ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ အကြံပေးပါရစေ။

ဂရုစိုက်ရမယ့် အမြင်အာရုံ ပြဿနာများ

  • မျက်လုံးနီတာ
  • မျက်လုံးနီတာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး နီရုံအပြင် မျက်လုံးယားတာ၊ ရောင်တာ၊ နောက်ဆုံး အမြင်အာရုံဆုံးရှုံးတဲ့အထိ ဖြစ်နိုင်လို့ သတိထားရပါမယ်။ ယေဘုယျအားဖြင့်တော့ မျက်လုံးနီတယ်ဆိုတာ မျက်လုံးထဲက သွေးကြောလေးတွေ ရောင်ရမ်းတာကြောင့် မျက်ဖြူသားမျာ ပန်းရောင် ဒါမှမဟုတ် အနီရောင် ဖြစ်လာတာပါ။

    မျက်လုံးနီတာက သာမန်ပဲ ဖြစ်နိုင်သလို ပိုးဝင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရက်အတော်ကြာအောင် နီနေပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်နေပါပြီမျက်လုံးနီစေတဲ့ အကြောင်းရင်းတွေထဲမှာ မျက်ခွံရောင်တာ၊ မျက်ဖြူသားရောင်တာ၊ မျက်လုံးထဲကို ဓာတ်မတည့်တာ တစ်ခုခုဝင်သွားတာ၊ မျက်လုံးအတွင်းပိုင်းက သွေးကြောရှိတဲ့ နေရာလေး ရောင်ရမ်းတာ စတာတွေက အဖြစ်အများဆုံးပါပဲ။

  • ကြက်မျက်သင့်တာ
  • ပုံမှန်ဆိုရင် အမှောင်ရောာက်သွားပြီး ခဏလောက်နေရင် မျက်လုံးက ကျင့်သားရသွားပြီး အတောာ်အတန်မြင်ရပါပြီ။ ကြက်မျက်သင့်တဲ့သူတွေကတော့ အမှောင်ထဲမှာ ဘာဆို ဘာမှမမြင်နိုင်ပါဘူး။ အထူးသဖြင့် အတွင်းတိမ်ရှိတဲ့သူ၊ ဗီတာမင်အေ ချို့တဲ့တဲ့ ကလေးတွေမှာ ဒီပြဿနာအဖြစ်များပါတယ်။

    • ခေါင်းကိုက်တာ

    ခေါင်းကိုက်တယ်လို့ ပြောရင် ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ သာမန် စိတ်ပင်ပန်း၊ လူပင်ပန်းလို့ ကိုက်နိုင်သလို အမြင်အာရုံပြဿနာတွေမှာလည်း ခေါင်းကိုက်နိုင်တယ်ဆိုတာ မေ့မထားသင့်ပါဘူး။

    ရေတိမ်မှာ မျက်လုံးတွင်းအရည်ဆင်းတဲ့ အပေါက်ပိတ်သွားရင်တင်းပြီး ခေါင်းကိုက်နိုင်သလို မျက်မှန်ပါဝါ၊ ဆလင်ဒါပါဝါ မကိုက်တာ၊ မျက်လုံးကို အလင်းရောင် စူးစူးထိုးမိလို့ ခေါင်းကိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ရေတိမ်ကြောင့်ဆိုရင်တော့ အရေးပေါ်ဆေးကုသမှုခံယူဖို့လိုပါမယ်။ ဒါမှ အမြင်အာရုံ ဆုံးရှုံးတာကို ကာကွယ်နိုင်မှာပါ။

    အမြင်အာရုံ မှာ ဒီလိုတွေ ဖြစ်လာပြီဆိုရင် သတိထားပါ။

    ဆိုလိုတာက အလင်းရောင်ရှိတဲ့နေရာမျာနေရင် စိတ်ရှုပ်လာတာ၊ သက်သောင့်သက်သာမဖြစ်တာမျိုးပါ။ Photophobia အလင်းရောင် ကြောက်တဲ့သူလို့ ခေါ်ဝေါ်ကြပါတယ်။ အခြေအနေ သိပ်မဆိုးတဲ့သူဆို လင်းတဲ့နေရာမှာ နေရင် သူ့မျက်လုံးထဲကို အလင်းရောင်မဝင်အောင်  မျက်မှောင်ကျုံ့ထားတတ်ပါတယ်။ အခြေအနေဆိုးတဲ့သူဆိုရင်တော့ အလင်းနဲ့ ထိတွေ့တာနဲ့ကိုမျက်လုံးတွေ နာတဲ့အထိ ပြင်းထန်တတ်ပါတယ်။

    ဒီလိုအလင်းဒဏ်ကို မခံနိုင်တဲ့ ပြဿနာကို အတွင်းတိမ်၊ မျက်ကြည်လွှာ ပွန်းတဲ့သူတွေ၊ မျက်လုံးမှာ ဓာတ်မတည့်ပြဿနာရှိသူတွေ၊ မျက်စိစွေတဲ့သူတွေမှာ အဓိက တွေ့ရပါတယ်။

    • အမှုန်အစက်လေးတွေ မြင်နေရတာ

    မျက်လုံးက ကြည့်လိုက်ရင် ရှင်းရှင်းလင်းလင်း မရှိဘဲ အမှုန်တွေ၊ အစက်တွေ၊ မျဉ်းကြောင်းတွေ မြင်နေရတာကို Floatersလို့ ခေါ်ပါတယ်။ မျက်စိရှေ့မှာ မြင်နေရပေမယ့် တကယ်တမ်း ဒီအမှုန်လေးတွေက မျက်လုံးထဲက အရည်ထဲမှာ မျောပါနေတာပါ။ ဒီဆဲလ်လေးတွေက မြင်လွှာမှာ အရိပ်ပြန်ထင်လို့ မျက်လုံးရှေ့မှာ မြင်နေရတာပါ။

    များသောအားဖြင့်တော့ ဒီအမှုန်အစက်တွေက အန္တရာယ်မရှိပါဘူး။ အချိန်တစ်ခုလောက်ကြာရင် အလိုလိုသက်သာသွားပါတယ်။ ဒီတိုင်းထက် ပြောင်ရှင်းကြည်လင်နေတဲ့ တစ်နေရာရာ (ဥပမာ နံရံ၊ ကောင်းကင်)ကို ကြည့်တဲ့အခါ ပိုပြီး သတိထားမိတတ်ပါတယ်။

    တစ်ခါတလေတော့လည်း သာမန်မဟုတ်ဘဲ ရောဂါကြောင့် မြင်နေရတာမျိုးတွေ ရှိတတ်ပါတယ်။ အထူးသဖြင့် ဆီးချိုကြောင့် မျက်လုံးထိခိုက်တာ၊ မြင်လွှာကွာတာ၊ မျက်လုံးထဲက သွေးကြောရှိတဲ့အလွှာ ရောင်ရမ်းတာ စတာတွေမှာလည်း ဖြစ်တတ်ပါတယ်။

    • ပြိုးပြိုးပျက်ပျက်တွေ  မြင်တာ

    ဒါကို Flashesလို့ ခေါ်ပြီး တချို့ကလည်း လျှပ်စီးလက်သလို မြင်နေရတယ်၊ တချို့ကလည်း ခေါင်းဆောင့်ပြီး ကြယ်တွေ၊ လတွေ မြင်သလို မြင်ရတယ် စသဖြင့် အမျိုးမျိုးပြောပြကြပါတယ်။

    ဒီလိုမြင်နေရတာက အသက်ကြီးလာတဲ့အခါ မျက်လုံးတွင်းအရည်က မြင်လွှာကို ပွတ်လို့ ဒါမှမဟုတ် ဖိထားတဲ့အတွက်ပါ။ တစ်ခါတလေတော့လည်း ရောဂါတစ်ခုခုကြောင့် (ဥပမာ မြင်လွှာကွာတာ) ဖြစ်တတ်ပါတယ်။

    သင့်အနေနဲ့ ရုတ်တရက် မျက်လုံးထဲမှာ ပြိုးပြိုးပျက်ပျက်တွေ  မြင်နေရမယ် ဒါမှမဟုတ် မကြာသေးခင်ကမှ မျက်လုံးခွဲစိတ်မှု လုပ်ထားပြီး ဒီလို မြင်နေရတယ်ဆိုရင် မျက်စိဆရာဝန်နဲ့ ပြသသင့်ပါတယ်။

    မျက်လုံးခြောက်တဲ့အခါ မျက်လုံးထဲမှာ ခိုးလို့ခုလုခံစားနေရသလို၊ ယားသလို ဖြစ်တတ်ပါတယ်။ သာမန်အားဖြင့်တော့ မျက်လုံးကို စိုစွတ်အောင် မျက်ရည်အလုံအလောက်မရှိဘူးဆိုရင် မျက်လုံးခြောက်ပြီး ယားတတ်ပါတယ်။

    ဒါ့ပြင် မျက်လုံးရောဂါတွေ ဖြစ်တဲ့ နာတာရှည် မျက်လုံးခြောက်တာ၊ မျက်ခွံရောင်တာ၊ Bell’s palsyလို့ ခေါ်တဲ့ မျက်နှာ တစ်ခြမ်းရွဲ့ပြီး မျက်တောင်ကောင်းကောင်းမခတ်နိုင်တဲ့ အခြေအနေမှာလည်း မျက်လုံးခြောက်နိုင်ပါတယ်။

    ဆက်တိုက် မျက်ရည်ပူတွေ ကျနေပြီဆိုရင်တော့ သင့်မျက်လုံးမှာ ပြဿနာတစ်ခုခုရှိနေပါပြီ။ မျက်လုံးမှာ တစ်ခုခုဖြစ်နေတာကြောင့် မျက်ရည်တွေထွက်ပြီး မျက်လုံးကို သန့်ရှင်းရေး လုပ်ပေးနေတာမျိုးပါ။ များသောအားဖြင့် မျက်ရည်ပူတွေ အဆက်မပြတ်ကျနေပြီဆိုရင် ဘက်တီးရီးယားဝင်တာလား၊ မျက်ရည်ပြွန်ပိတ်နေလို့လား၊ မျက်ဖြူသား ရောင်တာလား၊ မျက်လုံးခြောက်လို့လား၊ မျက်လုံးထဲကို ဓာတ်မတည့်တာတစ်ခုခု ဝင်သွားလို့လား စသဖြင့် စဉ်းစားရမှာပါ။

  • အမြင်ဝါးတာ
  • အမြင်ဝါးတယ်ဆိုတာ မျက်လုံးမှာ ဖြစ်တတ်တဲ့ အဖြစ်များတဲ့ လက္ခဏာတစ်ခုပါ။ အကောင်းကြီးကနေ ရုတ်တရက် အမြင်အာရုံဝါးလာတယ်ဆိုရင် တတ်နိုင်သမျှ မျက်စိဆရာဝန်နဲ့ အမြန်ဆုံးပြဖို့ အကြံပေးပါရစေ။ အမြင်ဝါးစေတဲ့ မျက်လုံးရောဂါတွေကတော့ အသက်ကြီးလာလို့ အမြင်အာရုံ ချို့ယွင်းတာ၊ မျက်လုံးပါဝါမကိုက်တာ၊ အတွင်းတိမ်ရှိနေတာ၊ မြင်လွှာကွာတာ စတာတွေ ဖြစ်နိုင်ပါတယ်။

    အမြင်အာရုံ မှာ ဒီလိုတွေ ဖြစ်လာပြီဆိုရင် သတိထားပါ။

    • မျက်လုံးရောင်တာ

    မျက်လုံးနဲ့တစ်ဝိုက်မှာ ရောင်ရမ်းနေပြီဆိုရင်တော့ ခေါင်း၊ ဂုတ်ပိုး၊ မျက်နှာကို တစ်ခုခုထိခိုက်ထားလို့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မျက်လုံးနဲ့ မျက်ခွံက တစ်ရှူးတွေ ရောင်ရမ်းပြီး ဖောင်းနေတာပဲ ဖြစ်ပါတယ်။

    ဒဏ်ရာကြောင့် မဟုတ်ဘဲ ရောဂါကြောင့် မျက်လုံးရောင်နိုင်တဲ့ အခြေအနေတွေကတော့ မျက်ခွံရောင်တာ၊ မျက်ရည်ပြွန်ပိတ်တာ၊ မျက်လုံးအရေပြားပိုးဝင်တာ၊ မျက်ဖြူသားရောင်ရမ်းတာ၊ မျက်ကြည်လွှာအနာဖြစ်တာ၊ သိုင်းရွိုက်ဟော်မုန်းရောဂါကြောင့် မျက်လုံးပြူးထွက်လာတာပဲ ဖြစ်ပါတယ်။

    Takeaways

    မျက်လုံးမှာ အထက်ပါလက္ခဏာတွေ ခံစားနေရရင် မပေါ့ဆဘဲ မျက်စိဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ရောဂါအခံကို သေချာကုသလိုက်မယ်ဆိုရင် အမြင်အာရုံဆုံးရှုံးတာကနေ အချိန်မီကာကွယ်နိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement