အဓိပ္ပါယ်ဖွင့်ဆိုချက်
Nasal Polyps (နှာခေါင်းအသားပိုများ) ကဘာလဲ။
နှာခေါင်းအသားပိုများဆိုသည်မှာ နူးညံ့ပြီး နာကျင်မှုကင်းသော ကင်ဆာမဟုတ်သော နှာခေါင်းလမ်းကြောင်းတစ်လျှောက် နံရံများ (သို့) နှာခေါင်းနှင့် ဦးခေါင်းခွံကြားဆက်သွယ်ထားသော လှိုဏ်ခေါင်းပေါက် sinus များမှ ကြီးထွားမှုများဖြစ်သည်။ ပန်းနာရင်ကြပ်၊ ထပ်ခါထပ်ခါဖြစ်သော ပိုးဝင်ခြင်း၊ ဓါတ်မတည့်မှု၊ ဆေးဓါတ်မတည့်မှု (သို့) အချို့ ကိုယ်ခံအားကမောက်ကမ ဖြစ်သော ရောဂါများကြောင့် နာတာရှည်ရောင်ရမ်းခြင်း ဖြစ်ရာမှတစ်ဆင့် အသားပိုများဖြစ်တတ်သည်။