– ဘက်တီးရီးယားများတဲ့ရေမှာကူးတာ
– ကလေးတွေမှာနားလမ်းကြောင်းတိုတာဟာ ရေကိုလှောင်စေပြီး ပိုဆိုးစေပါတယ်။
– နားကို ပင် ဒါမှမဟုတ် ဂွမ်းတွေနဲ့ပြင်းပြင်းသန့်ရှင်းရေးလုပ်တာ
– ဖုန်းတွေ နားကြပ်တွေ အချိန်ကြာမြင့်စွာအသုံးပြုတာ
– ခေါင်းလျော်ရှည်တွေနဲ့ ဓါတ်မတည့်တာ စတာတွေဖြစ်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Ortitis Externa (နားစည်အပြင်ပိုင်းရောင်ရမ်းနာ) ကို ဘယ်လိုအတည်ပြုပါသလဲ
သင့်ဆရာဝန်က နားအတွင်းပိုင်းက အရည်အချို့ကိုယူပြီး လေ့လာပါတယ်။
Ortitis Externa (နားစည်အပြင်ပိုင်းရောင်ရမ်းနာ) ကို ဘယ်လိုကုသပါသလဲ
ပိုးသတ်ဆေးပါဝင်တဲ့ နားတွင်းအစက်ချဆေးတွေကို ၁၀ ရက်ကနေ ၁၄ ရက်ထိသုံးနိုင်ပါတယ်။
အခြားနည်းတွေကတော့ :
-နားတွင်းပိုးဝင်ရင် antibiotic သောက်နိုင်ပါတယ်။
-ယားယံရောင်ရမ်းတာတွေ အတွက် စတီးရွှိက်ဆေးတွေသုံးနိုင်ပါတယ်။
-Acetaminophen (Tylenol) ဒါမှမဟုတ် ibuprofen (Advil, Motrin).လိုဆေးတွေကို နာကျင်မှုသက်သာအောင်သုံးနိုင်ပါတယ်။
-ဗနီကာအနည်းငယ်ကိုလည်း နားထဲအစက်ချထည့်နိုင်ပါတယ်။
-နာကျင်မှုသက်သာအောင် ရေနွေးပူကပ်ပေးနိုင်ပါတယ်။
ဒီလက္ခဏာတွေသက်သာပြီဆိုရင်လည်း ၇ရက်ကနေ ၁၀ရက်အထိ ရေစိုမခံပါနဲ့။
နာတာရှည်ဝေဒနာသည်တွေအနေနဲ့ ရေရျည်ကုသမှုတွေလိုအပ်သလို နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်မလာအောင် စောင့်ကြည့်ဖို့လည်းလိုအပ်ပါတယ်။
နေထိုင်မှုပြုပြင်ခြင်းနှင့် အိမ်တွင်းဆေးဝါးများ
နားစည်အပြင်ပိုင်းရောင်ရမ်းနာ နဲ့ သင့်တော်တဲ့ နေထိုင်မှုပုံစံတွေက ဘာတွေလဲ?
အောက်ပါ နေထိုင်မှုပုံစံတွေကနားစည်အပြင်ပိုင်းရောင်ရမ်းနာ နဲ့ သင့်တော်ပါတယ်။
သင့်နားရွက်ကို ရေမဝင်အောင်ဂရုစိုက်ပါ။ ရေကူးတဲ့အခါ shower cap သို့မဟုတ် နားကြပ်တပ်ပါ။
နားထဲမှာကြပ်ခဲနေတာ ကုသနေရင်းပိုဆိုးလာတာဆို နားတွင်းဆေးရည်ကို ညွှန်ကြားတဲ့အတိုင်းထည့်ပါ။
နာကျင်မှုကအရမ်းပြင်းထန်လာတာ ဒါမှမဟုတ် အခြားဆေးနဲ့သက်သာတယ်ဆိုရင် ဆရာဝန်ကို ချက်ချင်းခေါ်ပါ။
သင်သိလိုတဲ့ မေးခွန်းများရှိပါက ပိုမိုသိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။