-မေးရိုးနာနေတာ
–နားစည်ပေါက်တာ
-သွားကိုက်တာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
နားကိုက် တာအပြင် ဘာတွေခံစားရနိုင်လဲ။
လူကြီးတွေမှာ ဆိုရင်တော့
ကလေးတွေမှာဆိုရင်တော့
- နားနာတာ
- အသံတွေ သဲသဲကွဲကွဲမကြားရတာ
- ဖျားတာ
- နားထဲမှာ အူနေတာ
- အိပ်မပျော်တာ
- အရင်ကထက် ပိုငိုပြီး ဂျီကျတာ
- ခေါင်းကိုက်တာ
- အစားအသောက်ပျက်တာ
- ဟန်ချက်ညီအောင် မထိန်းနိုင်ဘဲ ယိုင်ယိုင်သွားတာ စတာတွေ ဖြစ်နိုင်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်ပြသင့်လဲ။
နားကိုက်တာအပြင် ကလေးမှာ အဖျား ၁၀၄နဲ့အထက်၊ ကလေးငယ်လေးတွေမှာ အဖျားနဲ့ ၁၀၁နဲ့အထက် ဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ ပြသင့်နေပါပြီ။ လူကြီးတွေမှာ ဆိုရင်တော့ နားနာနေရာကနေ ရုတ်တရက် အနာပျောက်သွားရင် သတိထားပါ။ နားစည်ပေါက်တာ ဖြစ်နိုင်ပါတယ်။ အောက်ကအခြေအနေတွေမှာ ဆိုရင်လည်း ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။
- နားကမခံနိုင်လောက်အောင် နာနေရင်
- ခေါင်းမူးရင်
- ခေါင်းကိုက်ရင်
- နားရောင်လာရင်
- မျက်နှာက ကြွက်သားတွေ အားနည်းလာရင်
- နားထဲကနေ ပြည်တွေ၊ သွေးတွေ ထွက်လာခဲ့ရင်
ဘယ်လိုနားကိုက်တာပဲ ဖြစ်ဖြစ် ၂ရက်နေလို့မှ မသက်သာရင် ဆရာဝန်နဲ့ သွားပြတာ အကောင်းဆုံးပါပဲ။
နားမကိုက်အောင် ကာကွယ်လို့ရလား။
တချို့သော နားကိုက်စေတဲ့အကြောင်းတွေကတော့ ကာကွယ်လို့ရပါတယ်။ ဥပမာ
- ကလေးတွေ နားပိုးမဝင်အောင် အိမ်ကလူကြီးတွေ ဆေးလိပ်မသောက်တာ၊ ကလေးကို ဆေးလိပ်ငွေ့နဲ့ မတွေ့အောင် ထားတာမျိုး
- နားကို ခဏခဏ ကလော်တာ၊ နားထဲကို ပစ္စည်းတွေ ထည့်တာ (ဥပမာ ဂွမ်းဆို့တာ) မလုပ်တာမျိုး
- ရေချိုး ဒါမှမဟုတ် ရေကူးပြီးတိုင်း နားကို သေချာခြောက်အောင် သုတ်တာမျိုး
- ကိုယ်နဲ့ ဓာတ်မတည့်တဲ့ ဖုန်တွေ၊ ဝတ်မှုန်တွေကို ရှောင်တာမျိုး လုပ်ပေးပြီး ကာကွယ်လို့ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။