ရေကူးရင်းဖြစ်ဖြစ် ခေါင်းလျှော်ရင်းဖြစ်ဖြစ်၊ ရေချိုးရင်းဖြစ်ဖြစ် အမှုမဲ့အမှတ်မဲ့နဲ့ နားထဲရေဝင်သွားတဲ့အခါ တော်တော်လေး နေရခက်ပြီး အချိန်ကြာလာတဲ့အခါ နားပြည်ယိုတာအပါအဝင် အခြားအကြားအာရုံဆိုင်ရာ ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ နားထဲရေဝင်တာက လူ ၁၀ ယောက်မှာ တစ်ယောက်လောက်ခံစားရလေ့ရှိတဲ့ အခြေအနေတစ်ရပ်ပါ။