မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
Taxol® သည် paclitaxel ပါဝင်သော ထိုးဆေးတစ်မျိုး ဖြစ်ပြီး ကင်ဆာ ရောဂါ အမျိုးမျိုးကို ကုသရန် အသုံးပြုပါ သည်။ ၎င်းသည် ကင်ဆာ ဓါတုကုထုံး ဆေးတစ်မျိုးဖြစ်ပြီး ကင်ဆာ ဆဲလ်များ ကြီးထွားမှုကို နှေးခြင်း သို့မဟုတ် ရပ်ခြင်း ဖြစ်စေသည်။
ထိုးဆေးအတွက် သင်သည် အောက်ပါတို့ ပြုလုပ်သင့် သည်။
Taxol® ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Taxol® ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။
Taxol® တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။
ညွှန်ကြားထားခြင်းမရှိဘဲ Taxol® ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။
Taxol® ကို မသုံးမီ သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်ကို ပြောပြပါ။
ကိုယ်ဝန်ဆောင်စဉ်
အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်စဉ် တွင် Taxol® သုံးလျှင်ရနိုင်သော အန္တရာယ်များကို ပြည့်စုံစွာ လေ့လာထားခြင်း မရှိပါ။ Taxol® မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်ကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။
Taxol® သည် အမေရိကန်ပြည်ထောင်စု အစား အသောက် နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက် အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် D ရှိသည်။
အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်မှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။
ကလေးနို့တိုက်စဉ်
Paclitaxel ကို မိခင်နို့အတွင်း စွန့်ထုတ်သလား မသိရှိပါ။ ဆေး များစွာသည် မိခင်နို့တွင် စွန့်ထုတ်နိုင်သော်ကြောင့် နှင့် နို့စို့ ကလေးငယ်တွင် ပြင်းထန်သော ဆိုးကျိုးများ ဖြစ်ပေါ်နိုင်သော် ကြောင့် မိခင်များသည် paclitaxel မသောက်မီ နို့တိုက်ခြင်းကို ရပ်တန့်သင့်သည်။
အခြားဆေးများ သုံးခြင်းကဲ့သို့ပင် Taxol® သုံးခြင်းသည် ဘေးထွက်ဆိုးကျိုးအချို့ကို ဖြစ်စေသည်။ အများစုသည် အဖြစ် နည်းပြီး ဖြည့်စွက် ကုသမှု မလိုအပ်ပါ။ သို့သော်လည်း ဤဆေး သုံးပြီးနောက် ပြဿနာတစ်ခုခု ဖြစ်ပါက ဆရာဝန်အား တိုင်ပင်ရန် အရေးကြီးသည်။
ဘေးထွက်ဆိုးကျိုးအချို့ကို အောက်တွင် စာရင်းပြုစုထား သည်။
လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်နိုင်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုးများ လည်း ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးများကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။
Taxol® သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။
ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။
ဤဆေးနှင့် ဓါတ်ပြုနိုင်သော ထုတ်ကုန်များမှာ-
Dalfopristin, Epirubicin, Fosphenytoin, Lapatinib, Phenytoin, Quinupristin Abiraterone Acetate, Adenovirus Vaccine Type 4, Live,Adenovirus Vaccine Type 7, Live,Aprepitant
,Bacillus of Calmette and Guerin Vaccine, Live, Bexarotene,Carbamazepine , Ceritinib; Infliximab, Influenza Virus Vaccine, Live, Ketoconazole, Measles Virus Vaccine, Live,Mitotane, Mumps Virus Vaccine, Live,Nilotinib,Pazopanib,Piperaquine,Pixantrone, Primidone,Rubella Virus Vaccine, Live,Siltuximab, Smallpox Vaccine, Cisplatin,Cobicistat,Crizotinib, Dabrafenib,Deferasirox,Doxorubicin,Doxorubicin Hydrochloride Liposome,Eslicarbazepine Acetate, Ethinyl Estradiol, Fluconazole, St John’s Wort, Testosterone, Tretinoin,Typhoid Vaccine, Valspodar,Varicella Virus Vaccine, Yellow Fever Vaccine, Fosaprepitant,Idelalisib
Taxol® သည် အစာ သို့မဟုတ် အရက် နှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓါတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။
Taxol® သည် သင့်ကျန်းမာရေး အခြေ အနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။ ဥပမာ-
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
Taxol ဆေး အချိုးအစားအကြောင်း ဆရာဝန်နှင့် တိုင်ပင် ပါ။
အချို့ရောဂါများတွင် သတ်မှတ်ထားသော ပမာဏအချို့မှာ အောက်ပါအတိုင်း ဖြစ်သည်။
ထပ်ပေါင်းကုသမှု အနေဖြင့် ထောက်ခံထားသော ပမာဏမှာ သွေးကြောတွင်းသို့ 175mg/m2 ကို ၃ ပတ်တိုင်း ၃ နာရီကြာ ထိုးသွင်းရန် ဖြစ်သည်။ doxorubicin ပါဝင်သော ဓါတုကုထုံးနှင့် အစဉ်အလိုက် ၄ခါ ပေးရမည်။
ကင်ဆာအတွက် အစပိုင်း ဓါတုကုထုံး မအောင်မြင်ပါက သို့မဟုတ် ထပ်ပေါင်း ဓါတုကုထုံး ၆လအတွင်း ရောဂါ ပြန်ဖြစ် ပါက ထောက်ခံထားသော ပမာဏမှာ သွေးကြောတွင်းသို့ 175 mg/m2 ကို ၃ ပတ်တိုင်း ၃နာရီကြာ ထိုးသွင်းရန်ဖြစ်သည်။
ထောက်ခံထားသော ပမာဏမှာ သွေးကြောတွင်းသို့ 135 mg/m2 ကို ၂၄ နာရီကြာ ထိုးသွင်းရန်နှင့် cisplatin ကို ၃ ပတ်တစ်ခါ ဖြစ်သည်။
အရင်က မကုသထားသော သားအိမ်ကင်ဆာ လူနာများ အတွက်။
ထောက်ခံထားသော ပမာဏမှာ သွေးကြောတွင်းသို့ 175mg/m2 ကို ၃ ပတ်တိုင်း သုံးနာရီကြာ ထိုးသွင်းရန် ဖြစ်သည်။ ထို့နောက် cisplatin သုံးပါ။ သို့မဟုတ် သွေးကြောတွင်းသို့ 135 mg/m2 ကို ၃ ပတ်တိုင်း ၂၄ နာရီကြာ ထိုးပါ။ ထို့နောက် cisplatin သုံးပါ။
အရင်က ကုသမှု ခံဖူးသော သားအိမ်ကင်ဆာလူနာ များအတွက်။
ထောက်ခံထားသော ပမာဏမှာ သွေးကြောတွင်းသို့ 175mg/m2 ကို ၃ပတ်တိုင်း ၃နာရီကြာ ထိုးသွင်းပါ။ သို့မဟုတ် သွေးကြောတွင်းသို့ 135mg/m2 ကို ၃ပတ်တိုင်း ၃ နာရီကြာ ထိုးသွင်းပါ။
ကလေးလူနာ များအတွက် ဆေးညွှန်းမှာ အတိအကျ မရှိ သေးပါ။ ကလေးများအတွက် စိတ်မချရပါ။ အသုံးမပြုခင် ဘေးကင်းမှုကို အပြည့်နားလည်ရန် အရေးကြီးသည်။ ပိုမို သော အချက်အလက်များအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။
Taxol® ကို အောက်ပါ ပုံစံ၊ ပြင်းအား များဖြင့် ရနိုင်ပါ သည်။
အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။
Taxol® သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။