Ery ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Ery Brand Name(s): Ery.

အသုံးပြုပုံများ

Ery ကို ဘာအတွက်အသုံးပြုကြသလဲ

Eryကိုဘက်တီးရီးယားပိုးမွှားကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါအမျိုးမျိုးကိုကာကွယ်ကုသရာမှာအဓိကအသုံးပြုပါတယ်။ Eryဟာဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ အအေးမိဝေဒနာ၊ တုပ်ကွေးစတဲ့ ရောဂါတွေအတွက်တော့ အသုံးဝင်မှာ မဟုတ်ပါဘူး။

Eryရဲ့ အခြားအသုံးဝင်ပုံတွေအကြောင်း သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသေးစိတ်မေးမြန်းနိုင်ပါတယ်။

Ery ဘယ်လိုသောက်သုံးသင့်သလဲ

Eryကိုဆေးညွှန်းမှာဖော်ပြထားတဲ့အတိုင်းတိတိကျကျ လိုက်နာသောက်သုံးပါ။ ကိုယ့်သဘောနဲ့ကိုယ် ဆေးအတိုးအလျော့လုပ်ခြင်း၊ စွဲသောက်ခြင်းမပြုလုပ်သင့်ပါ။ ဆေးအသုံးပြုပုံနဲ့ပတ်သက်ပြီးအသေးစိတ်သိရှိလိုသည်များကိုသင့်ကျန်းမာရေးစောင့်ရှောက်သူအားမေးမြန်းပါ။

Ery ဘယ်လိုသိမ်းဆည်းရမလဲ

Eryကိုအခန်းအပူချိန်တွင် တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Eryကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Eryဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Eryကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Ery အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အကယ်၍ သင့်မှာအောက်ဖော်ပြပါ အခြေအနေတစ်ခုခုရှိနေခဲ့မယ်ဆိုရင် ဆေးအသုံးမပြုခင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုပြောပြတိုင်ပင်သင့်ပါတယ်။

  • ကိုယ်ဝန်ဆောင်နေချိန် သို့မဟုတ် ကလေးနို့တိုက်နေချိန် – အကယ်၍သင်ဟာ ကိုယ်ဝန်ဆောင်မိခင် သို့မဟုတ် ကလေးနို့တိုက်နေတဲ့ မိခင်တစ်ဦး ဖြစ်နေမယ်ဆိုရင် ဘယ်ဆေးကိုမဆို ဆရာဝန်မညွှန်ကြားဘဲမသောက်သုံးသင့်ပါဘူး။
  • အခြားဆေးဝါးများ သောက်သုံးနေချိန် – တိုင်းရင်းဆေး၊ အားဖြည့်ဆေးများ အပါအ၀င် သင်လက်ရှိသောက်သုံးနေတဲ့ ဆေးအားလုံးကိုသင့်ဆရာဝန်သိအောင် ပြောပြရမှာဖြစ်ပါတယ်။
  • Eryသို့မဟုတ် အခြားဆေးဝါးများတွင်ပါဝင်သည့် ပစ္စည်းတစ်မျိုးမျိုးနှင့် ဓာတ်မတည့်ခြင်း
  • ရောဂါဝေဒနာတစ်ခုခု ခံစားနေရခြင်း

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Ery ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

Eryဟာမိခင်နို့ရည်ကတဆင့် ကလေးဆီရောက်ရှိနိုင်တဲ့အတွက် နို့တိုက်မိခင်တွေအနေနဲ့ သတိနဲ့ယှဉ်ပြီးအသုံးပြုသင့်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

Ery ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Eryသောက်သုံးခြင်းကြောင့် ပျို့ခြင်း၊ အန်ခြင်း၊ အစာအိမ်အောင့်ခြင်း၊ ၀မ်းပျက်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

အကယ်၍ ဆေးသောက်သုံးပြီးအောက်ဖော်ပြပါ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးလက္ခဏာတစ်ခုခု ပြလာခဲ့ရင် အရေးပေါ်ဆေးကုသမှု အမြန်ဆုံးခံယူသင့်ပါတယ်။

  • အဖုအပိမ့်အနီကွက်များထွက်ခြင်း
  • အင်ပြင်ထခြင်း
  • ယားယံခြင်း
  • အသက်ရှူရခက်ခြင်း
  • ရင်ကြပ်ခြင်း
  • ပါးစပ်၊ နှုတ်ခမ်း၊ လျှာ၊ မျက်နှာတို့ ရောင်ရမ်းခြင်း
  • တောက်လျှောက် ပျို့ခြင်း၊ အန်ခြင်း
  • မျက်လုံးဝါခြင်း၊ အသားဝါခြင်း
  • ဆီးအရောင်ရင့်ခြင်း
  • ပြင်းပြင်းထန်ထန် ဗိုက်အောင့်ခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • ကြွက်သားအားနည်းခြင်း
  • အာလေးလျှာလေးဖြစ်ခြင်း
  • အမြင်အာရုံမှုန်ဝါးခြင်း
  • မျက်ခွံကျခြင်း
  • အကြားအာရုံဆုံးရှုံ့းခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကြွဲ ပားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Ery နဲ့ ဓာတ်ပြုနိုင်သလဲ

Eryဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

Eryနဲ့ သက်ရောက်ဓာတ်ပြုနိုင်တဲ့ ဆေးဝါးတွေကတော့

  • Clindamycin
  • Digoxin
  • Amiodarone
  • Dofetilide
  • Cisapride
  • Pimozide
  • Procainamide
  • Propafenone
  • Quinidine
  • Sotalol

အစားအသောက်တွေနဲ့ အရက်က Ery နဲ့ ဓာတ်ပြုနိုင်သလား

Eryက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Ery နဲ့ ဓာတ်ပြုနိုင်သလဲ

Eryဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် သင့်မှာအောက်ဖော်ပြပါ ရောဂါတစ်ခုခုရှိခဲ့မယ်ဆိုရင် Eryမသောက်သုံးခင် သင့်ဆရာဝန်ကို မဖြစ်မနေပြောပြသင့်ပါတယ်။

  • ကျောက်ကပ်ရောဂါ
  • အသည်းရောဂါ
  • Myasthennia gravis ခေါ် ကြွက်သားရောဂါတစ်မျိုး

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Ery ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သင့်ဆရာဝန်ညွှန်ကြားတဲ့အချိုးအစားအတိုင်းတိတိကျကျ လိုက်နာသောက်သုံးပါ။

ကလေးတွေအတွက် Ery ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Eryကိုကိုယ်အလေးချိန် ၅ကီလိုဂရမ် မှ ၁၂ ကီလိုဂရမ်ကြား (အသက် ၃လနဲ့ ၂နှစ်ကြား) ကလေးငယ်များသာသောက်သုံးဖို့ သင့်တော်ပါတယ်။

တစ်နေ့သောက်သုံးရမည့်ပမာဏ – ကိုယ်အလေးချိန် ၁ကီလိုဂရမ်လျှင် ဆေး ၃၀ မီလီဂရမ် မှ ၅၀ မီလီဂရမ်

  • ကိုယ်အလေးချိန် ၅ကီလိုဂရမ်နှင့် ၇ကီလိုဂရမ်ကြား (အသက် ၃လနှင့် ၆လကြား) – တစ်ကြိမ်သောက်လျှင် eryတစ်ထုပ်၊ တစ်နေ့ ၂ကြိမ်
  • ကိုယ်အလေးချိန် ၇ကီလိုဂရမ်နှင့် ၁၂ကီလိုဂရမ်ကြား (အသက် ၆လနှင့် ၂နှစ်ကြား) – တစ်ကြိမ်သောက်လျှင် eryတစ်ထုပ်၊ တစ်နေ့ ၃ကြိမ်

Ery ကိုဘယ်လိုရရှိနိုင်သလဲ

Eryကို ၁၂၅ မီလီဂရမ်၊ ၂၅၀ မီလီဂရမ် ပါဝင်တဲ့ ဆေးထုပ်ပုံစံများဖြင့် ရရှိနိုင်ပါတယ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Eryကိုသောက်ဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ နိုဝငျဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 24, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။