backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Canthaxanthin (Canthaxanthin)


Dr.Nyan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Canthaxanthin ကို ဘာအတွက်အသုံးပြုကြသလဲ

အသုံးပြုခြင်း

Canthaxanthin ကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။

Canthaxanthin ဆိုသည်မှာ မုန်လာဥနီများကို လိမ္မော်ရောင်ဖြစ်စေသော ဓါတုပစ္စည်းတစ်မျိုးနှင့်ဆင်တူသည့် ဆိုး

ဆေးတစ်မျိုးဖြစ်သည်။ ထိုအရာသည် သဘာဝအတိုင်းတွေ့ရနိုင်ပြီး

စမ်းသပ်ခန်းထဲတွင်လည်း ဖန်တီးပြုလုပ်နိုင်သည်။ လူအများသည်

ထို Canthaxanthin ကို ဆေးအဖြစ်အသုံးပြုကြသည်။

Canthaxanthin ကို ရှားပါးသည့်မျိုးရိုးရောဂါတစ်ခုဖြစ်သည့် erythropoietic protoporphyria (EPP) ရှိသောသူများတွင် နေရောင်ခြည်ဓါတ်အား ခံနိုင်စေရန်လည်း အသုံးပြုကြပါသည်။ ထို

သူများတွင် နေရောင်ခြည်သည် အနီစက်များထွက်ခြင်း၊နှင်းခူနှင့်

ယားယံခြင်းစသော အရေပြားဓါတ်မတည့်မှုများကို ဖြစ်စေနိုင်သည်။ အချို့သောဆေးဝါးများကို ခံနိုင်ရည်ရှိစေရန်လည်း

ထို Canthaxanthin အား အသုံးပြုကြပါသည်။ အချို့သူများသည်

Canthaxanthin ကို နေရောင်ခြည်ကြောင့်ဖြစ်သော ယားယံဓါတ်မတည့်မှုများအား သက်သာစေရန်လည်း အသုံးပြုကြ

သည်။ အစားအသောက်များတွင် Canthaxanthin ကို အစားအ

သောက်အရောင်လှစေရန်လည်း အသုံးပြုကြပြီး တိရိစ္ဆာန်အစား

အစာများတွင်လည်း ထည့်သွင်းကာ ကြက်အရေခွံများ၊ကြက်ဥအနှစ်များ၊ဆယ်လမွန်ငါးနှင့်ငါးသလောက်

များတွင်လည်း အရောင်လှစေရန်အသုံးပြုကြသည်။ စီးပွားဖြစ်ထုတ်

လုပ်ရာတွင် Canthaxanthin ကို အလှကုန်များနှင့်ဆေးများတွင်

ထည့်သွင်းအသုံးပြုကြသည်။

ဘယ်လိုအလုပ်လုပ်လဲ

Canthaxanthin မည်သို့ အလုပ်လုပ်ပါလဲ။

တိကျ သေချာသော လေ့လာချက်များ လုံလောက်စွာ မရှိသေးပါ။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးသင့်ပါတယ်။ သို့သော် Canthaxanthin သည် အသီးအရွက်များရှိ carotenes ဟုခေါ်သော ဆိုးဆေးဖြင့် ဆင်တူပြီး အရေပြားတွင်စုပုံလာကာ tan ဟုခေါ်သော အရာတစ်ခုဖြစ်လာစေသည်။ ထိုအရာသည် အန်တီအောက်ဆီးဒင့်ဂုဏ်သတ္တိဖြင့် နေရောင်ခြည်ကို ခံနိုင်စေသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Canthaxanthin အသုံးမပြုခင် ဘာတွေသိသင့်သလဲ

သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ။

Canthaxanthin ကိုမသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

အောက်ပါအခြေအနေများရှိပါက သင့်ဆရာဝန်(သို့)ဆေးဝါးကျွမ်းကျင်ပညာရှင်ဖြင့်တိုင်ပင်

ဆွေးနွေးပါ။

-ကိုယ်ဝန်ရှိမယ် သို့မဟုတ် ကလေးနို့တိုက်နေချိန်ဖြစ်မယ် ဆိုပါက ဆရာဝန် ထောက်ခံသော ဆေးများသာသောက်သုံးသင့် ပါတယ်။

-အခြားသော ဆေးများ၊ တိုင်းရင်းဆေးများ မည်သည့်ဆေးမဆို သောက်သုံးနေပါက ဆရာဝန်ကို ပြောပြသင့်ပါတယ်။

-ဓါတ်မတည့်သော ဆေးများ ၊အစားအစာ၊ ဆိုးဆေး၊ တိရစ္ဆာန်များ ရှိပါက လည်းဆရာဝန်ကို အကြောင်းကြားသင့်ပါတယ်။

-သင့်တွင် အခြားသော ရောဂါများ ရှိပါကလည်း ဆရာဝန်ကို ကြိုတင် ပြောပြထားသင့်ပါတယ်။

-ဖြည့်စွက် အာဟာရများ ဟာ ဆေးများကဲ့သို့ အသေးစိတ်လေ့လာမှုများ မပေါများသဖြင့် စိတ်ချလုံခြုံရမှုအတွက် လေ့လာမှုများ ပို၍ လုပ်သင့်ပါသည်။ ဖြည့်စွက်အာဟာရများ စားသုံးခြင်းဖြင့် ရရှိသော ကောင်းကျိုးများ ဟာ ဆိုးကျိုးများ ထက်သာလွန်နေရပါမည်။ အသေးစိတ် သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် သင့်ပါတယ်။

Canthaxanthin က ဘယ်လောက်စိတ်ချရလဲ

Canthaxanthin ဟာ မည်မျှ စိတ်ချရပါသလဲ။

အရွယ်ရောက်ပြီးသူ အများစုတွင် အစားအသောက်တွင်ပါသည့်ပမာဏအတိုင်း အသုံးပြုပါက စိတ်ချရသည်ဟု ယူဆရပါတယ်။ သို့သော် အသားအရေ ကို သဘာဝနည်းလမ်းများအတိုင်းမဟုတ်ပဲ ညိုစေရန် လိုအပ်သည့်ပမာဏအတိုင်း ပါးစပ်မှ သောက်သုံးခြင်းသည် ဘေးမကင်းနိုင်ပါ။

အထူး သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ။

ကိုယ်ဝန်သည်များ နှင့် နို့တိုက်မိခင်များတွင် Canthaxanthin ကို ဆေးတွင်ပါဝင်သည့် ပမာဏအတိုင်း ပါးစပ်မှ သောက်သုံးကာ နေရောင်ခြည်ဓါတ်ခံနိုင်အောင် အသုံးပြုမှုသည် ဘေးကင်းမှုမရှိဟု

ယူဆရပါတယ်။ အသားညိုစေရန် လိုအပ်သောပမာဏအတိုင်း ပါးစပ်မှ စားသုံးမှုသည်လည်း ဘေးကင်းမှုမရှိနိုင်ပါ။ မျက်လုံးထိခိုက်

ခြင်းနှင့်အခြားသောဘေးရန်ရှိသည့် အာနိသင်များကို ဖြစ်စေနိုင်ပါ

သည်။

ဗီတာမင်အေနှင့် ဗီတာမင်အေနှင့်ဆက်စပ်သော carotenoids များအား ဓါတ်မတည့်သူများတွင် Canthaxanthin သည် ဓါတ်မတည့်မှုများဖြစ်ပွားနိုင်ပါသည်။

ဘေးထွက်ဆိုးကျိုးများ

Canthaxanthin ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

ဘေးထွက် ဆိုးကျိုးများ။

Canthaxanthin က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

Canthaxanthin ကို သဘာဝအတိုင်းမဟုတ်ပဲအသားညိုစေရန်

သောက်သုံးခဲ့သူအချို့သည် မျက်လုံးပျက်စီးခြင်းနှင့်အမြင်အာရုံဆုံး

ရှံူးခြင်းတို့ကို ခံစားခဲ့ရပြီးဖြစ်သည်။ ပမာဏများပါက သေစေနိုင်သော aplastic anemia ဟုခေါ်သည့် သွေးရောဂါတစ်

မျိုးကိုလည်းဖြစ်စေနိုင်ပါသည်။ Canthaxanthin သည် ဝမ်းပျက်ခြင်း၊ပျို့ခြင်း၊အစာအိမ်အောင့်ခြင်း၊အရေပြားယားယံခြောက်သွေ့ခြင်း၊အင်ပျဉ်များထွက်ခြင်း၊ကိုယ်မှထွက်သောအရည်များ

သည် အနီ(သို့)လိမ္မော်ရောင်များဖြစ်လာခြင်းနှင့်အခြားသော ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေတတ်ပါသည်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

Canthaxanthin ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

ဆေးဝါးဓါတ်ပြုမှုများ။

ဘယ်ဆေးဝါးတွေက Canthaxanthin နဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်သလဲ။

သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေ(သို့)ရောဂါများနဲ့ဓါတ်ပြုမှုတွေဖြစ်နိုင်ပါတယ်။ သင့်

ဆရာဝန်(သို့)ဆေးဝါးကျွမ်းကျင်ပညာရှင်များနှင့် ဆေးအားအသုံး မပြုခင်တိုင်ပင်ပါ။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

Canthaxanthin အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

သောက်သုံးရန်အညွှန်း

ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။

အရွယ်ရောက်ပြီးသူတွေမှာ Canthaxanthin ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

အောက်ပါဆေးအချိုးအစားများကို သိပ္ပံနည်းကျသုတေသနပြုမှုများမှတဆင့်ရရှိထားသည်။

ပါးစပ်မှ သောက်ဆေးအဖြစ်

erythropoietic protoporphyria (EPP)ရောဂါရှိသူများတွင် အနီစက်များထွက်ခြင်း၊အရေပြားယားယံခြင်းနှင့် နှင်းခူများအတွက်

နေရောင်နှင့်ထိတွေ့မှုရှိသောအခါ canthaxanthin 60မှ 90 မီလီ

ဂရမ်ကို နှစ်စဉ် သုံးလမှ ငါးလကြာအောင် နေ့စဉ်ပျမ်းမျှဆေးပမာဏအနေနှင့် သောက်သုံးနိုင်ပါတယ်။

Canthaxanthin ရဲ့ ပမာဏဟာ လူတစ်ဦးချင်းအပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ အသက်၊ ကျန်းမာရေးနှင့် အခြားသော အခြေအနေများအပေါ် မူတည်ပါတယ်။ သဘာဝဆေးဖက်ဝင်အပင်/ပစ္စည်းများဟာ အမြဲတစေတော့ စိတ်မချရပါ။ အသေးစိတ်သိရှိလိုပါက ဆရာဝန်များနှင့် ဆွေးနွေး တိုင်ပင်နိုင်ပါတယ်။

Canthaxanthin က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

Canthaxanthin ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။

Canthaxanthin ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

– Canthaxanthin ဆေးတောင့်များ

– Canthaxanthin အမှုန့်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr.Nyan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement