Dramamine For Kids (ကလေးများအတွက် Dramamine)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 19, 2019 . 3 mins read
Share now

အသုံးပြုပုံများ

Dramamine For Kids (ကလေးများအတွက် Dramamine) ကို ဘာအတွက်အသုံးပြုကြသလဲ

Dramamine® ကို ကလေးတွေ ယာဉ်ရထားစီးစဉ် ဖြစ်တတ်တဲ့ ပျို့အန်ခြင်း၊ မူးဝေခြင်း စတာတွေကို ကုသရန်အတွက် အသုံးပြုပါတယ်။

Dramamine For Kids (ကလေးများအတွက် Dramamine) ဘယ်လိုသောက်သုံးသင့်သလဲ

ဆရာဝန်ညွှန်တဲ့ ဆေးပမာဏ၊ ဆေးသောက်ချိန်အတိုင်း လိုက်နာသောက်သုံးပါ။ ကလေးများအတွက် အသုံးမပြုခင် အညွှန်းကို သေချာဖတ်ပါ။

အညွှန်းစာမှပါတဲ့ အချက်တွေမှာ နားမလည်တာရှိရင် ဆရာဝန်ကို မေးပါ။

Dramamine For Kids (ကလေးများအတွက် Dramamine) ဘယ်လိုသိမ်းဆည်းရမလဲ

Dramamine®ကို အခန်းအပူချိန်မှာ တိုက်ရိုက်နေရောင်ခြည် မထိတွေ့အောင်၊ စိုစွတ်မှု မရှိအောင် သိမ်းဆည်းတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။ ဆေးအာနိသင် ပျက်ပြယ်ခြင်း၊ ဆေးအနေအထား ပျက်ယွင်းခြင်း မဖြစ်ရအောင် ရေချိုးခန်းတွင်း သိမ်းဆည်းခြင်း၊ ရေခဲအောင် သိမ်းဆည်းခြင်း မပြုရပါ။ Dramamine®ဆေးအမျိုးအစား၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ ပုံစံကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်း ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းခြင်းမျိုးကို အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးများအားလုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနဲ့ ဝေးရာမှာထားပါ။

Dramamine®ကို အိမ်သာတွင်းထဲ ပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်း မလုပ်သင့်ပါ။ ဆေးဝါးတွေကို မလိုအပ်တော့ရင်၊ သက်တမ်း ကုန်ဆုံးသွားရင် စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျ ဘယ်လို စွန့်ပစ်ရမယ် ဆိုတာကို ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Dramamine For Kids (ကလေးများအတွက် Dramamine) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအခြေအနေတွင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

  • ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်။ ဒီလိုအချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
  • အခြားဆေးဝါးများသောက်သုံးနေချိန်။ ဆရာဝန်အညွှန်းမလိုဘဲ ဝယ်နိုင်သောဆေးများ၊ ဆေးဘက်ဝင်အပင်များမှာ ထုတ်လုပ်ထားသောဆေးများ၊ ဖြည့်စွက်အားဆေးများ စတာတွေလည်း ပါဝင်ပါတယ်။
  • Dramamine®တွင် ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်မှုဖြစ်ခြင်း
  • အခြား ရောဂါများ၊ ကျန်းမာရေးပြသနာများရှိခြင်း

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Dramamine For Kids (ကလေးများအတွက် Dramamine) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

Dramamine®ကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိ ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီ ဖြစ်နိုင်ခြေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန် သင့်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Dramamine For Kids (ကလေးများအတွက် Dramamine) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ပါဘေးထွက်ဆိုးကျိုးအချို့ကို ကြုံတွေ့နိုင်ပါတယ်။

  • အိပ်ငိုက်ခြင်း
  • ခေါင်းကိုက်ခြင်း
  • အမြင်အာရုံေဝဝါးခြင်း
  • နားအူခြင်း
  • အာခေါင်နှင့် အသက်ရှူလမ်းကြောင်း ခြောက်သွေ့ခြင်း
  • ကိုယ်နေဟန်ထားမထိန်းညှိနိုင်ခြင်း
  • ရင်တုန်ခြင်း
  • မူးဝေခြင်း
  • သွေးပေါင်ကျခြင်း

ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရချိန်မှာ တစ်ဦးနဲ့တစ်ဦး ကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိရင် သင့်ရဲ့ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Dramamine For Kids (ကလေးများအတွက် Dramamine) နဲ့ ဓါတ်ပြုနိုင်သလဲ

Dramamine®ဟာ သင်ယခု သောက်သုံးနေတဲ့ တခြားဆေးဝါးများနဲ့ ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက် ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုများ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးအားလုံး စာရင်း လုပ်ထားပြီး (စာရင်းလုပ်ရာတွင် ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲ သောက်သုံးနေသော၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါဝင်သည်) ဆရာဝန် (သို့်) ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက် မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကို ပြောင်းလဲခြင်းများ မပြုလုပ်ရပါ။

အစားအသောက်တွေနဲ့ အရက်က Dramamine For Kids (ကလေးများအတွက် Dramamine) နဲ့ ဓါတ်ပြုနိုင်သလား

Dramamine®ဟာ အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှု ပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ အစားအသောက်၊ အရက်သေစာများနဲ့ ဓါတ်ပြုနိုင်ခြေရှိမရှိ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Dramamine For Kids (ကလေးများအတွက် Dramamine) နဲ့ ဓါတ်ပြုနိုင်သလဲ

Dramamine®ဟာ သင့်ကျန်းမာရေး အခြေအနေနဲ့ ပေါင်းစပ်ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ လတ်တလော ခံစားရတဲ့ ရောဂါတွေရှိရင် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Dramamine For Kids (ကလေးများအတွက် Dramamine) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အသုံးမပြုခင် ဆရာဝန်နဲ့တိုင်ပင်ပါ။

ကလေးတွေအတွက် Dramamine For Kids (ကလေးများအတွက် Dramamine) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အသက်၆နှစ်မှ ၁၂နှစ်ထိ ကလေးများ။ နေ့စဉ် ၆-၈နာရီတိုင်း ၁-၂ပြား ဝါးစားပါ။ ဆရာဝန်မညွှန်ရင် ၂၄နာရီအတွင်း ၆ပြားထက် ပိုမစားပါနဲ့။

အသက်၂နှစ်မှ ၆နှစ်ထိ ကလေးများ။ နေ့စဉ် ၆-၈နာရီတိုင်း ဆေးပြားတဝက်မှ ၁ပြားထိ ဝါးစားပါ။ ဆရာဝန်မညွှန်ရင် ၂၄နာရီအတွင်း ၃ပြားထက် ပိုမစားပါနဲ့။

အသက်၂နှစ်အောက် ကလေးများမှာ မသုံးပါနဲ့။

Dramamine For Kids (ကလေးများအတွက် Dramamine) ကိုဘယ်လိုရရှိနိုင်သလဲ

Dramamine®ကို ဆေးပြားအနေနဲ့ ရရှိနိုင်ပါတယ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏ လွန်သွားတဲ့အခြေအနေများမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှု ခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Dramamine®ဆေးကို သောက်သုံးဖို့ လွတ်သွားခဲ့ရင် (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံး သုံးစွဲပါ။ ဒါပေမယ့် နောက်တစ်ကြိမ် သုံးစွဲရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်လွတ်သွားတဲ့ အကြိမ်ကို ကျော်ပြီးပုံမှန်အချိန်မှာသာ သုံးစွဲပါ။ ဆေးပမာဏကို နှစ်ဆတိုးသုံးစွဲခြင်း မလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    မွေးကင်းစကလေးတွေမှာ အတွေ့များတဲ့ ကျန်းမာရေးပြဿနာတွေ

    မွေးကင်းစ ကလေး ကျန်းမာရေး မိဘ မိခင် အသက်ရှူ မွေးလမ်းကြောင်း ဦးရေပြား အသားဝါ သွေးအားနည်း လေထိုးလေအောင့် နို့အန် မိခင်နို့ အဖျားတက် အအေးမိတုပ်ကွေး သေးခံ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Myo Myat

    ကလေးငယ်တွေကို ခေါင်းအုံးနဲ့ ပေးအိပ်လို့ရလား

    ကလေး ခေါင်းအုံး ကုတင် ပုခက် စောင် အသက် ရုတ်တရက်သေဆုံးခြင်း ကလေးအိပ်ကုတင် အရေပြား ချည်သား ခေါင်းအုံးအသား မျက်နှာ အသက်ရှူကျပ် ဓာတ်မတည့် မေမေ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Myo Myat

    ကလေးရှိတဲ့နေအိမ်မှာ အလုပ်လုပ်ရတာ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုလား

    ကလေး နေအိမ် အလုပ် လုပ်ငန်းခွင် စိတ်ဖိစီးမှု အလုပ်လုပ်ချင်စိတ် မိသားစု အလုပ်ချိန် ရုပ်ရှင် အနားယူ အလင်းရောင် အိပ်ခန်း ဆော့ကစား အိမ်အလုပ် ဝန်ထမ်း Covid-19

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Myo Myat

    အသုံးမတတ်ရင် ကိုယ့်ကို ပြန်ပြီး ဘေးဖြစ်စေမယ့် Face Shield

    Mask Covid-19 Face Shield ကလေး ရောဂါပိုး ဆပ်ပြာ အသက်ရှူလမ်းကြောင်း လက်ဆေး ရေမလိုလက်သန့်စင်ဆေးရည် ကိုရိုနာဗိုင်းရပ်စ် ပလတ်စတစ် ကပ်ဘေးကာလ ဘိုးဘွား

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Myo Myat

    သင့်အတွက် ရွေးချယ်ထားသည်

    ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ........

    ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ……..

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 15, 2020 . 2 mins read
    ကလေးထိန်းရမယ့် တာဝန်က အကြီးဆုံးကလေးမှာ မရှိနေပါဘူး။

    ကလေးထိန်းရမယ့် တာဝန်က အကြီးဆုံးကလေးမှာ မရှိနေပါဘူး။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 1, 2020 . 2 mins read

    ဓာတ်မတည့်စာအကြောင်း သိထားသင့်သမျှ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 3 mins read
    ဘေဘီလေးနဲ့ နေကြာစေ့

    ဘေဘီလေးနဲ့ နေကြာစေ့

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 2 mins read