backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Bosentan


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Bosentan ကိုဘာအတွက် အသုံးပြုသလဲ။

Bosentan သည် အဆုတ်တွင်း သွေးကြောဖိအားများခြင်း ကို ကုသရန်

အသုံးပြုသည့်ဆေးဖြစ်သည်။ အဆုတ်တွင်း သွေးကြောဖိအားများခြင်းသည် endothelin-1 အန်ဒိုသီလင်-၁ ဓါတ်ကြောင့် ဖြစ်သည်ဟုယူဆရသည်။ ဤ Bosentan ဆေးသည် endothelin-1 ၏ သက်ရောက်မှုကို ပိတ်ဆို့ကာ အဆုတ်တွင်း သွေးကြောဖိအားများခြင်းကို သက်သာစေပြီး ရောဂါလက္ခဏာများကိုလဲ လျော့ကျစေသည်။

Bosentan ကို ဘယ်လိုသောက်သင့်သလဲ။

ဤဆေးကို တနေ့လျှင် ၂ ကြိမ်( မနက်တကြိမ် ညနေတကြိမ်) အစာမစားခင်ဖြစ်စေ အစာစားပြီးဖြစ်စေ သို့မဟုတ် ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်သုံးနိုင်သည်။

ဆေးပမာဏ သည်သင်၏ ရောဂါအခြေအနေ၊ ခန္ဓါကိုယ်အလေးချိန် နှင့် ဆေး၏အကျိုးသက်ရောက်မှုပေါ်မူတည်သည်။ ဆရာဝန်သည် ဆေးပမာဏနည်းနည်းနှင့်

စတင် ညွှန်ကြားပြီး နောက်ပိုင်းတွင် ဆေးပမာဏတိုးပေးမည် ဖြစ်သည်။

ဆေးအာနိသင် အပြည့်အဝရရှိစေရန် ဆေးကိုပုံမှန်သောက်သုံးရမည်။

ဆေးကိုနေ့စဉ် အချိန်မှန် မပျက်မကွက် သောက်သုံးရမည်။

ဆရာဝန်ခွင့်ပြုချက်မပါပဲ ဆေးကို မဖြတ်ရပါ။ ဆေးကိုရုတ်တရက်ဖြတ်လိုက်ပါက

မလိုလားအပ်သော ဆိုးကျိုးများဖြစ်လာနိုင်သောကြောင့် ဆေးဖြတ်မည်ဆိုပါက ဆေးကို လျှော့သောက်ရင်းသာ တဖြည်းဖြည်းဖြတ်သင့်သည်။

ကိုယ်ဝန်ဆောင်ရန် အစီစဉ်ရှိသူများနှင့် ကိုယ်ဝန်ဆောင်မိခင်များ ဆေးကိုသောက်သုံးခြင်း ရှူရှိုက်ခြင်း မပြုရ။ ဆေးကို ချိုးသောက်ခြင်း အမှုန့်ကျိတ်သောက်ခြင်းမပြုရ။

Bosentan ကို ဘယ်လိုသိမ်းရမလဲ။

Bosenten ကို တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် ထားကာအခန်းအပူချိန်တွင်သိမ်းဆည်းရမည်။ ဆေးပျက်ဆီးခြင်းကို

ကာကွယ်ရန်Bosentanကိုရေချိုးခန်းနှင့်ရေခဲသေတ္တာထဲတွင်

မထားရ။Bosentanသည်တံဆိပ်ပေါ်မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့်ပတ်သက်သော ညွှန်ကြားချက်များ အတွက် ဆေး၏ ဘူးခွံကို အမြဲစစ်ဆေးရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူအားမေးမြန်းပါ။

ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။ ညွှန်ကြားချက်မရှိပဲ Bosentan ကို အိမ်သာထဲစွန့်ပစ်ခြင်း ရေဆင်းပိုက်ထဲ စွန့်ပစ်ခြင်းများ မပြုရ။ ဆေးသက်တမ်းကုန်ပါက သို့မဟုတ် ဆေးကိုအသုံးပြုရန်မလိုအပ်ပါက သင့်လျှော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို မည်သို့စွန့်ပစ်ရမည်ကို ဆေးဝါးကျွမ်းကျင်သူနှင့်တိုင်ပင်ပြီးမှ စွန့်ပစ်ပါ။

သတိပြုရန် အချက်များ

Bosentan ကိုမသောက်မီ ဘာတွေသိသင့်သလဲ။

Bosentan ကိုမသောက်မီ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို ဤဆေး သို့ဟုတ် အခြားဆေးများနှင့် ဓါတ်မတည့်မှု ရှိပါက

ကြိုတင်ပြောပြထားပါ။ ဤဆေးတွင် ဓါတ်မတည့်မှုဖြစ်စေတတ်သော ပါဝင်ပစ္စည်းများ ပါဝင်နိုင်သည်။ ထို့ကြောင့် ဆေးဝါးကျွမ်းကျင်သူကို အသေးစိပ် ပြောပြထားရန် လိုအပ်သည်။ ဆေးကို စတင်မသုံးစွဲမီ ဆရာဝန် သို့ ဆေးဝါးကျွမ်းကျင်သူကို သင်၏ရောဂါရာဇဝင် အထူးသဖြင့် အသည်းရောဂါ၊ သွေးအားနည်းရောဂါ

ရှိမရှိ ကြိုတင် အသိပေးထားပါ။

ဤဆေးသည် ထိုင်းမှိုင်းစေနိုင်သည်။ အရက် နှင့်မူးယစ်ဆေး တို့သည် ပို၍ထိုင်းမှိုင်းစေသည်။ အန္တရာယ်မဖြစ်စေရန် စက်တပ်ယာဉ်များနှင့်

သတိထားရမည့်စက်ယန္တရားများ မမောင်းသင့်ပါ။ အရက် သောက်ခြင်းကို ရှောင်ရမည်။ မူးယစ်ဆေးသုံးစွဲနေပါက ဆရာဝန်ကို အသိပေးပါ။ အရက်သည် အသည်းနှင့်ပတ်သက်သော ရောဂါများကို ပို၍ဆိုးရွားစေနိုင်သည်၊

ဤဆေးကို ကိုယ်ဝန်ရှိနေစဉ် မသောက်ရ။ သောက်ပါက သန္ဓေသားကို

ထိခိုက်စေနိုင်သည်။ ထို့ကြောင့် ဆေးသောက်စဉ်အတွင်း ကိုယ်ဝန် မရှိစေရန် သတိပြုရမည်။ အနည်းဆုံး သန္ဓေတားနည်း ၂မျိုး ( ကွန်ဒုံ သုံးခြင်း၊ ကိုယ်ဝန်တားဆေးသောက်ခြင်း) တို့ကို ဆရာဝန်နှင့် တိုင်ပင်ပါ။ အကယ်၍ ကိုယ်ဝန်ရှိလာလျှင် သို့ ကိုယ်ဝန်ရှိသည်ဟု သံသယ ရှိလျှင်

ဆရာဝန်အား မှန်မှန်ကန်ကန်ပြောပြပါ။

ဆေးအာနိသင်သည် မိခင်နို့ရည်တွင်း မပါနိုင်ဟု အတိကျမပြောနိုင်ပေ။

ရင်သွေးအန္တရာယ် ရှိနိုင်သဖြင့် နို့တိုက်မိခင်များ မသောက်သုံးသင့်ပါ။ နို့မတိုက်မီ

ဆရာဝန်နှင့် ဆွေးနွေးပါ။

ကိုယ်ဝန်ဆောင်စဉ်နှင့် နို့တိုက်စဉ်အတွင်း အန္တရာယ် ကင်းပါသလား။

ကိုယ်ဝန်ဆောင်စဉ်နှင့် နို့တိုက်စဉ်အတွင်း Bosentan ဆေး၏

သက်ရောက်မှုကို စမ်းသပ်ထားခြင်း မရှိပါ။ Bosentan ဆေးသောက်ခြင်းကြောင့် ဖြစ်လာသော ကောင်းကျိုး ဆိုးကျိုးများကို ဆရာဝန်နှင့် အမြဲဆွေးနွေးပါ။ ဤ Bosentan သည် အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှုအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေ အဆင့်

X တွင် ရှိသည်။

FDA ၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေ အဆင့်သတ်မှတ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

· A = ဆိုးကျိုးမရှိပါ။

· B = လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။

· C = ဆိုးကျိုးအချို့ ရှိနိုင်သည်။

· D = ဆိုးကျိုးရှိသည့် အထောက်အထားများ ရှိသည်။

· X = သောက်သုံးရန်မသင့်ပါ။ (လုံးဝ မတည့်ပါ)

· N = အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Bosentan ကြောင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်သလဲ။

မူးဝေထိုင်းမှိုင်းခြင်း၊ မျက်နှာနီရဲခြင်း၊ အစာအိမ် အောင့်ခြင်း၊

မောပန်နွမ်းနယ်ခြင်း များဖြစ်နိုင်သည်။ အကယ်၍ ဤဆိုးကျိုးများ မပျောက်ပဲ ကျန်ရှိနေပါက သို့မဟုတ် ပိုမိုဆိုးရွားလာပါက ဆရာဝန် သို့ ဆေးဝါးကျွမ်းကျင်နှင့် တိုင်ပင်ပါ။ ဆရာဝန်က ဆိုးကျိုးထက် ကောင်းကျိုးပိုများသည်ဟု ယူဆ၍ ဤဆေးကို

ညွှန်ကြားခဲ့သည်ကို သတိရပါ။ ဤဆေးကိုသောက်သုံးသူ အများစုတွင် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးမရှိပါ။

ဖြစ်ခဲသော်လည်း အောက်ပါ ရောဂါလက္ခဏာတခုခု ဖြစ်ပေါ်ပါက ဆရာဝန်အား

ချက်ချင်းအကြောင်းကြားပါ ( နှလုံးခုန် မြန်ခြင်း၊ အလွန်မင်းမောပန်း နွမ်းနယ်ခြင်း၊ ခြေခြင်းဝတ် ယောင်ရမ်းခြင်း၊ ရုတ်တရက် ကိုယ်အလေးချိန်ကျဆင်းခြင်း)

မူးမေ့လဲခြင်း၊ အသက်ရှူ ကြပ်ခြင်း၊ ချောင်းဆိုးသွေးပါခြင်း အစရှိသည့် လက္ခဏာများသည် ဖြစ်ခဲသော်လည်း အလွန်ပြင်းထန်သဖြင့် ဆရာဝန်အား ချက်ချင်းပြောရန် လိုအပ်သည်။

အမျိုးသားများတွင် ဤဆေးသည် သုတ်ကောင်ရည်ပမာဏကို လျော့ကျစေနိုင်သဖြင့်

ဆရာဝန်နှင့် အသေးစိပ် တိုင်ပင်ဆွေးနွေး သင့်သည်။

အလွန်ပြင်းထန်သော ဓါတ်မတည့်မှုသည် ဖြစ်ခဲသော်လည်း အဖျားကြီးခြင်း၊

အကျိတ်စေ့များရောင်ရမ်းခြင်း၊ အနီကွက်များ ထွက်ခြင်း၊ မျက်နှာ လျှာ နှင့် လည်ပင်းများ ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အလွန်မင်းမူးဝေခြင်း၊

အသက်ရှူကြပ်ခြင်း စသည့် ပြင်းထန်သော ဓါတ်မတည့်မှုလက္ခဏာများ ဖြစ်ပေါ်ပါက ချက်ချင်း ဆေးကုသမှု ခံယူပါ။

ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများ မည်သူမှ ဖြစ်ပွားဖူးခြင်းမရှိပါ။

သို့သော် ဖော်ပြမထားသည့် ဆိုးကျိုးအချို့လဲ ဖြစ်ကောင်းဖြစ်နိုင် ပါသည်။ ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်၍ စိုးရိမ်ပါက

ဆရာဝန် သို့ ဆေးဝါးကျွမ်းကျင်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဓါတ်ပြုမှုများ

ဘယ်ဆေးတွေဟာ Bosentan နဲ့ ဓါတ်ပြုမှု ရှိသလဲ။

ဆိုက်ကလိုစပိုရင်၊ ဂလစ်ဗျူရိုက် ကဲ့သို့ ဆေးဝါးများသည် Bosentan နှင့် ဓါတ်ပြုမှု ရှိသည်။Bosentan ၏ အကျိုးသက်ရောက်မှုကို ဖယ်ရှားစေနိုင်သော အခြားဆေးများလည်း ရှိသည်။ ဥပမာ- အမ်မီယိုဒရုန်း၊ စီမီတဒင်း၊ တာခရိုလိမက်စ်၊ စိန့်ဂျွန်း ကြွက်နို့ နှင့် အခြားမှိုသတ်ဆေးများ ( အိုင်ထရာနဇိုး၊ ကီတိုကိုနဇိုး) ၊ ပဋိဇီဝဆေးများ (ဥပမာ အယ်ရီသရိုမိုင်ဇင်) ၊ အိတ်ခ်ျအိုင်ဗွီ ပရိုးတီးရေ့စ်တားဆေးများ ( ရီတိုနဗာ)၊ တီဗွီဆေးဖြစ်သော ရိုင်ဖန်ပဇင် နှင့် အခြားဆေးများ

ပါဝင်သည်။

ဤဆေးသည် အခြားဆေးများ၏ အကျိုးအာနိသင်ကို ခန္ဓါကိုယ်မှစွန့်ပစ်နှုန်းကိုလဲ

မြန်ဆန်စေသည်။ ဥပမာ- စတတင်အုပ်စု သွေးတွင်းအဆီကျဆေးများ ( လိုဗာစတေတင်၊ စင်ဗာစတေတင်)၊ ဝါဖရင် နှင့် အသည်းရောင်အသားဝါ စီပိုးအတွက်ဆေးများ ဖြစ်သော အေစန်နာပရီဗာ၊ အွန်ဘီတက်စ်ဗာ၊

ပရိုက်တာပရီဗာ၊ ရီတိုနဗာ)။

ဤဆေးသည် သန္ဓေတားဆေး၊ သန္ဓေတားကပ်ခွာ၊ သန္ဓေတားသားရေကွင်းကဲ့သို့

ဟော်မုန်းပါသည့် ဆေးများ၏ အာနိသင်ကို လျော့ကျစေပါသည်။ ထို့ကြောင့် ကိုယ်ဝန်ရတတ်သည်။ ဤဆေးကို အသုံးပြုမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်၍ လုံခြုံစိတ်ချရသော သန္ဓေတားနည်းကို အသုံးပြုပါ။ ကိုယ်ဝန်တားခြင်း မအောင်မြင်သည့် လက္ခဏာဖြစ်သော သွေးအနည်းငယ်ဆင်းခြင်း ဖြစ်ပေါ်ပါက

ဆရာဝန်ကို ပြောပြပါ။ Bosentan သည် ယခုလက်ရှိ သင်သောက်သုံးနေသော ဆေးများ၏ အာနိသင်ကို တိုးစေခြင်း လျော့စေခြင်းနှင့် ဘေးထွက်ဆိုးကျိုးများ၏ အန္တရာယ်ကို တိုးစေခြင်း ဖြစ်ပွားတတ်သည်။

ထိုသို့ ဆေးအချင်းချင်း ဓါတ်ပြုခြင်းကို ရှောင်ကြဉ်နိုင်ရန် လက်ရှိသင်သောက်သုံးနေသော ဆေးများ၏စာရင်းကို အညွှန်းပါသောဆေး၊ အညွှန်းမပါသောဆေး၊ သစ်ဥသစ်ဖုများမှထုတ်သောဆေးဟု ခွဲခြား၍

ဆရာဝန် သို့ ဆေးဝါးကျွမ်းကျင်နှင့် ပြသပါ။ ဆရာဝန်၏ ခွင့်ပြုချက်မပါပဲ မည်သည့်ဆေးကိုမှ စတင်သုံးစွဲခြင်း၊ ရပ်ဆိုင်းခြင်းနှင့် ဆေးပမာဏ လျှော့ချခြင်းများမလုပ်ရ။

အစားအစာ သို့မဟုတ် အရက်သည် Bosentan နှင့် ဓါတ်ပြုနိုင်ပါသလား။

Bosentan သည် အရက် သို့မဟုတ် အစားအစာများကြောင့် ဆေး၏လုပ်ငန်းစဉ် နှင့် ဘေးထွက်ဆိုးကျိုးများ ပြောင်းလဲနိုင်သည်။ ဆေးစတင်မသောက်မီ ထိုဘေးထွက်ဆိုးကျိုးများကို ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။

Bosentan နှင့် ဓါတ်ပြုနိုင်သော ကျန်းမာရေး

အခြေအနေ တွေကဘာလဲ။

Bosentan သည် သင့်ကျန်းမာရေး အခြေအနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး

အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင်သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား

အသိပေးထား ရန် အရေးကြီးသည်။

ဆေးညွှန်း

ဖော်ပြထားသော အချက်အလက်များသည် ဆေးပညာ ဆိုင်ရာ အကြံပြုချက်များကို အစားမထိုးနိုင်ပါ။ Bosentan ကို စတင်မသုံးစွဲမီ ဆရာဝန်

သို့မဟုတ် ဆေးဝါးကျွမ်းကျင်နှင့် အမြဲ ပြသရန်လိုအပ်သည်။

အရွယ်ရောက်သူများအတွက် Bosentan ၏ ဆေးပမာဏ မည်မျှနည်း။

အဆုတ်တွင်း သွေးဖိအားများခြင်း အတွက် လူကြီးသောက်ရန်ဆေးညွှန်း

ကနဦး ၆၂.၅ မီလီဂရမ် တနေ့ ၂ကြိမ် နှင့် ၄ပတ်ဆက်တိုက် သောက်ရမည်။ ထို့နောက်တွင် ၁၂၅ မီလီဂရမ် တနေ့၂ကြိမ် နေ့စဉ်သောက်ရမည်။

မှတ်ချက်

တနေ့လျှင် ၁၂၅ မီလီဂရမ် ကျော်၍သောက်ခြင်းသည် ဆေး၏အကျိုးသက်ရောက်မှုကို

ပိုမကောင်းနိုင်သော်လဲ အသည်းပျက်စီးစေနိုင်သည်။

ဆေးညွှန်း – အဆုတ်တွင်းသွေးဖိအားများခြင်းအတွက် ရောဂါသက်သာစေရန်နှင့်

လေ့ကျင့်ခန်းများ ပိုမိုလုပ်ကိုင်နိုင်ရန်

ကလေးငယ်များအတွက် Bosentan ၏ ဆေးပမာဏဘယ်လောက်လဲ

အဆုတ်တွင်း သွေးဖိအားများခြင်းအတွက် ပုံမှန် ကလေးဆေးညွှန်း

အသက် ၃နှစ်မှ ၁၂ နှစ်ထိ

ကိုယ်ခန္ဓါအလေးချိန်

၄ကီလို မှ ၈ ကီလို ဖြစ်ပါက ၁၆မီလီဂရမ် တနေ့ ၂ကြိမ်

၈ကီလို မှ ၁၆ ကီလို ဖြစ်ပါက ၄၈မီလီဂရမ် တနေ့ ၂ကြိမ်

၁၆ကီလို မှ ၂၄ ကီလို ဖြစ်ပါက ၆၄မီလီဂရမ် တနေ့ ၂ကြိမ်

အသက် ၁၂ နှစ်အထက်

အလေးချိန် ၄၀ ကီလိုအောက် ၆၂.၅ မီလီဂရမ် တနေ့နှစ်ကြိမ်

အလေးချိန် ၄၀ ဂရမ်ကျော်ပါက ၆၂.၅ မီလီဂရမ် တနေ့ ၂ ကြိမ်

၄ပတ်ဆက်တိုက် ပေးပြီးနောက် ၁၂၅ မီလီဂရမ် တနေ့ ၂ကြိမ် သောက်နိုင်သည်။

ဆေးညွှန်း – အသက် ၃ နှစ် နှင့် အထက်ဖြစ်ပြီး မွေးရာပါအဆုတ်တွင်း

သွေးဖိအားများခြင်းရောဂါကြောင့်ဖြစ်သော သွေးစီးဆင်းမှု တွန်းကန်အားများခြင်း ကြောင့် ကိုယ်လက်လှုပ်ရှားမှုများမလုပ်နိုင်ခြင်း တို့အတွက် သောက်သုံးနိုင်သည်။

အသည်းရောဂါကြောင့် ဆေးအတိုးအလျှော့ပြုလုပ်ခြင်း

အသည်းအနည်းငယ်လုပ်ငန်းဆောင်တာ မမှန်ခြင်း- ထိုအတွက် ဆေးအတိုးအလျှော့

လုပ်ရန်မလိုပေ။

အသည်းလုပ်ငန်းဆောင်တာ မမှန်မှု ပြင်းထန်ပါက သို့ အသည်းရောင်ဓါတ်

၃ဆ ထက်ပိုမိုမြင့်နေပါက Bosentan ကို မသုံးနိုင်ပါ။

ဆေးညွှန်းချိန်ညှိခြင်း

အသည်းရောင်ဓါတ်မြင့်နေသော လူနာများအတွက် အသည်းအဆိပ်သင့်လက္ခဏာများဖြစ်သော

မူးဝေ၊ ပျို့အန်၊ အဖျားတက်၊ ဗိုက်အောင့်၊ အသားဝါ၊ ကိုယ်လက်မအီမသာဖြစ်ခြင်း မောပန်းနွမ်းနယ်ခြင်းများ ဖြစ်ခြင်း သို့ သွေးတွင်း အသားဝါဓါတ် ၂ဆထက် တက်ခြင်းဖြစ်ပါက ဆေးကိုရပ်ပါ။

အသက် ၁၂ နှစ်ထက် လူနာများနှင့် ကိုယ်အလေးချိန် ၄၀ ကီလိုဂရမ်အထက်လူနာများတွင် AST/ALT အချိုး ပုံမှန်ထက် ၃ဆများပြီး ၅ဆအောက် နည်းပါက အခြား အမိုင်နိုထရန်ဖားရေ့စ် ပမာဏစစ်ပြီး အဖြေရှာပါ ထို့နောက် ဆေးကို ၆၂.၅ မီလီဂရမ်ကို လျော့ချပြီး အမိုင်နိုထရန်စဖားရေ့စ်

ပမာဏကို ၂ပတ်၁ခါ ချိန်ညှိပါ။ အမိုင်နိုထရန်စဖားရေ့စ် ပမာဏ လျော့ကျသွားပါက ဆေးကိုပြန်လည်သုံးစွဲနိုင်၍ ၃ရက်အတွင်း နောက်တကြိမ်စစ်ဆေးရန် လိုအပ်သည်။

AST/ALTအချိုး ၅ဆကျော်ပြီး ၈ဆအောက်နည်းပါက ဆေးကို အမိုင်နို

ထရန်စဖားရေ့စ်ပမာဏကို စစ်ဆေးပြီးနောက် ဆေးကို ရပ်ဆိုင်းပြီး အမိုင်နိုထရန်စဖားရေ့စ် ပမာဏကို ၂ပတ်၁ခါ ချိန်ညှိပါ။ ပုံမှန်ပြန်ဖြစ်မှ ဆေးကို ၆၂.၅ မီလီဂရမ်မှ စတင်၍ တနေ့၂ကြိမ် ပြန်ပေးပါ။ ထို့နောက် ၃ရက်အတွင်း နောက်တကြိမ်စစ်ဆေးရန် လိုအပ်သည်။ AST/ALTအချိုး ၈ဆကျော်ပါက

ကုသမှုကို ရပ်ဆိုင်း၍ အတွေ့အကြုံမရှိပဲ ဆေးကို ပြန်လည်မပေးသင့်ပေ။

ကလေးလူနာများတွင်

AST/ALTအချိုး ပုံမှန်ထက် ၃ဆများပြီး ၅ဆအောက် နည်းပါကအမိုင်နိုထရန်ဖားရေ့စ်

ပမာဏစစ်ပြီး အဖြေရှာပါ။ ထို့နောက်ဆေးရပ်၍ အမိုင်နိုထရန်စဖားရေ့စ် ပြန်လည်ကျမှ ဆေးကို ပြန်လည်ပေးပါ။ ဆေးကိုပြန်လည်သုံးစွဲနိုင်၍ ၃ရက်အတွင်း နောက်တကြိမ်စစ်ဆေးရန် လိုအပ်သည်။

AST/ALTအချိုး ၅ဆကျော်ပြီး ၈ဆအောက်နည်းပါက ဆေးကို အမိုင်နို

ထရန်စဖားရေ့စ်ပမာဏကို စစ်ဆေးပြီးနောက် ဆေးကို ရပ်ဆိုင်းပါအမိုင်နိုထရန်စဖားရေ့စ် ပမာဏကို

၂ပတ်၁ခါ ချိန်ညှိပါ။ ပုံမှန်ပြန်ဖြစ်မှ ဆေးကို လျော့ချ၍ တနေ့၂ကြိမ် ပြန်ပေးပါ။ ထို့နောက်

၃ရက်အတွင်း နောက်တကြိမ်စစ်ဆေးရန် လိုအပ်သည်။

AST/ALTအချိုး ၈ဆကျော်ပါက ကုသမှုကို ရပ်ဆိုင်း၍ အတွေ့အကြုံမရှိပဲ

ဆေးကို ပြန်လည်မပေးသင့်ပေ။

ကိုယ်အလေးချိန် ၄၀ ကီလိုအောက်ဖြစ်ပြီး အသက် ၁၂နှစ် အထက်ဖြစ်ပါက

တနေ့လျှင် ၆၂.၅ မီလီဂရမ် တနေ့၂ကြိမ် ဆေးအာနိသင် ပေါ်မူတည်၍

အသက် ၁၂နှစ်မှ ၁၈နှစ်ထိ လူနာများတွင် ပေးနိုင်သည်။ Bosentan ကို Ritonavir ဆေးကို ၁၀ရက်ပေးထားသော လူနာများတွင် ဆေးကို

၆၂.၅ မီလီဂရမ်မှ စတင်၍ ကိုယ်ခံအားပေါ်မူတည်၍ တနေ့လျှင် ၁ ကြိမ်မှ ၂ ကြိမ် ပေးနိုင်သည်။ Bosentan ဆေးပေးထားသော လူနာများတွင် Ritonavir ကိုပေးမည်ဆိုပါက Bosentan ကို ဆေးရပ်ပြီး အနည်းဆုံး ၃၆နာရီ ကြာမှ ritonavir ကိုပေးရမည်၊

Ritonavir ဆေးပေးပြီး ၁၀ ရက် အကြာမှ Bosentan ကို ၆၂.၅ မီလီဂရမ် တနေ့တကြိမ် ကိုယ်ခံအားပေါ်မူတည်၍

ပေးနိုင်သည်။

ကိုယ်ဝန်ဆောင်မိခင်များတွင် ကိုယ်ဝန်မရှိမှသာ ဆေးကိုစတင်ပေးပါ။ ဆေးသောက်စဉ်

လစဉ် ကိုယ်ဝန်ရှိမရှိ စစ်ဆေးရန် လိုအပ်သည်။

ဆေးကိုရပ်ဆိုင်းခြင်း- ဆေးရုတ်တရက် ရပ်ခြင်းကြောင့် ရောဂါလက္ခဏာများ

မဖြစ်ပေါ်စေရန် ဆေးကို တဖြည်းဖြည်းသာ ဖြတ်ရမည်။

Bosentan ကို ဘယ်လိုရနိုင်မလဲ။

Bosentan ကို အောက်ပါ ပုံစံ၊ ပြင်းအားများဖြင့် ရနိုင်ပါသည်။

  • ဆေးပြား

အရေးပေါ် အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။

ဆေးသောက်ရန်မေ့သွားလျှင် ဘာလုပ်ရမလဲ။

ဆေးတခွက်မသောက်မိလျှင် သတိရရခြင်းသောက်ပါ။ နောက် ၁ခွက်သောက်ချိန်နီးနေလျှင် ကျော်သွားသော ဆေးကို မသောက်တော့ပဲ ပုံမှန်သောက်ချိန်ဆေးကိုသာ သောက်ပါ။ ဆေး ၂ခွက် တပြိုင်တည်း

မသောက်ပါနှင့်၊

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊

ရောဂါရှာဖွေ အတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement