backup og meta

Zytee RB (ဇိုင်တီး အာဘီ)

Zytee RB (ဇိုင်တီး အာဘီ)
Zytee RB (ဇိုင်တီး အာဘီ)

Zytee RB (ဇိုင်တီး အာဘီ) က NSAIDs အမျိုးအစားဖြစ်ပြီး ခံတွင်းအနာတွေကို ကုသဖို့ သုံးပါတယ်။ သူ့မှာ Choline salicylateပါဝင်ပြီး နာကျင်ရောင်ရမ်းမှုကို ဖြစ်စေတဲ့ prostaglandins မထွက်အောင် cyclo-oxygenase (COX) enzymesကို ပိတ်လိုက်ပါတယ်။ ဒီလိုနည်းနဲ့ ခံတွင်းအနာတွေမှာ နာကျင်ရောင်ရမ်းတာကို သက်သာစေပါတယ်။

အသုံးပြုပုံများ

Zytee RB (ဇိုင်တီး အာဘီ) ကို ဘာအတွက်အသုံးပြုကြသလဲ

Zytee RBကို အဓိကအားဖြင့်

  • လျှာရောင်ရမ်းနာကျင်တာ
  • ပါးစောင်ရောင်တာ
  • ခံတွင်းအနာ
  • ပါးစပ်ထဲက အခြားသော ရောင်ရမ်းနာကျင်မှုတွေ
  • အံကပ်ကြောင့် သွားဖုံးပွန်းတာတွေကို သက်သာစေဖို့ အသုံးပြုပါတယ်။

Zytee RB (ဇိုင်တီး အာဘီ) ကို ဘယ်လို အသုံးပြုသင့်သလဲ

Zytee RBကို ပါးစပ်ထဲမှာ လိမ်းတဲ့ ဂျယ်လ်အနေနဲ့ ရရှိနိုင်ပါတယ်။ ဆေးမလိမ်းခင်နဲ့ ဆေးလိမ်ပြီးချိန်မှာ လက်ကို သေချာသန့်စင်ဆေးကြောပေးပါ။ ဆေးကို တစ်ခါလိမ်းရင် ပဲစေ့ ၁ စေ့စာကနေ ၂ စေ့စာလောက်ကို လက်ညှိုးထိပ်လေးနဲ့ ပါးစပ်ထဲက သွားဖုံး၊ ပါးစောင်စတဲ့ နာကျင်တဲ့နေရာတွေမှာ လိမ်းပေးပါ။

အရေပြားပေါက်ပြဲနေတဲ့ နေရာတွေ၊ အနာပေါက်ပွင့်နေတဲ့နေရာတွေမှာ အသုံးမပြုရပါဘူး။ ဆေးလိမ်းပြီး ၁ နာရီ ၁ နာရီခွဲလောက်အထိ သွားထိန်းတွေ၊ အံကပ်တွေကို တပ်ဆင်တာမျိုး မလုပ်ရပါဘူး။ ရောဂါလက္ခဏာတွေက တစ်ပတ်ကြာတဲ့အထိ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

Zytee RB (ဇိုင်တီး အာဘီ) ဘယ်လိုသိမ်းဆည်းရမလဲ

Zytee RB (ဇိုင်တီး အာဘီ)ကို အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Zytee RBကို အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Zytee RBကို အသုံးမပြုခင်မှာ အောက်ပါအချက်တွေရှိရင် ဆရာဝန်ကို ကြိုပြောရပါမယ်။

  • Zytee Rbနဲ့ ဓာတ်မတည့်တာ ဒါမှမဟုတ် အလားတူ ဆေးဝါးတစ်ခုခုနဲ့ ဓာတ်မတည့်တာ
  • ဆေးဝါးတွေ၊ အစားအသောက် နဲ့ အခြားသော အရာတွေနဲ့ ဓာတ်မတည့်တာမျိုး ဖြစ်ဖူးမယ်ဆိုရင်
  • အခြားဆေး တစ်ခုခု သောက်သုံးနေရရင်
  • ကိုယ်ဝန်ဆောင် ဒါမှမဟုတ် နို့တိုက်မိခင် ဖြစ်မယ်ဆိုရင်
  • ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိမယ်ဆိုရင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Zytee RBကို သုံးစွဲဖို့ စိတ်ချရပါသလား

ဒီဆေးကို ကိုယ်ဝန်ဆောင်နေချိန်နဲ့ ကလေးနို့တိုက်နေချိန်မှာ အသုံးပြုရင် ဆိုးကျိုးများရှိ၊ မရှိကို ဆုံးဖြတ်နိုင်ဖို့ လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်များမရှိသေးပါ။ ဆေးမလိမ်းမီမှာ ဖြစ်နိုင်တဲ့ ကောင်းကျိုးများနဲ့ ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဘေးထွက်ဆိုးကျိုးများ

Zytee RB (ဇိုင်တီး အာဘီ)ကို အသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • ဂဏှာမငြိမ်ဖြစ်ခြင်း။
  • ဓာတ်မတည့်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း။
  • တက်ခြင်း။
  • အသက်ရှူရာမှာ အသုံးပြုတဲ့ ကြွက်သားများ အလုပ်မလုပ်နိုင်ခြင်း။
  • အန်ခြင်း။
  • ကိုမာဝင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Zytee RBနဲ့ ဓါတ်ပြုနိုင်သလဲ

Zytee RBက လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

အစားအသောက်တွေနဲ့ အရက်က  Zytee RBနဲ့ ဓာတ်ပြုနိုင်သလား

Zytee Rbက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဆေးလိမ်းပြီးတဲ့အခါ ၁−၂နာရီ အစာစားတာ၊ ရေသောက်တာကို ရှောင်ပါ။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Zytee RBနဲ့ ဓာတ်ပြုနိုင်သလဲ

Zytee Rbက သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ်  သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။

အသုံးပြုရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးသူများ အသုံးပြုရမယ့်ပမာဏ

သတ်မှတ်ထားတဲ့ ပမာဏကတော့ အနာဖြစ်နေတဲ့နေရာကို အစက် တစက်၊နှစ်စက်စာလောက်ကို ညင်သာစွာ လိမ်းပေးရပါမယ်။ သုံးလေးနာရီခြားတစ်ခါ လိမ်းပေးနိုင်သလို ဆရာဝန်ညွှန်ကြားတဲ့အတိုင်းလည်း သုံးစွဲနိုင်ပါသေးတယ်။

ကလေးများ အသုံးပြုရမယ့်ပမာဏ

အသက် ၁၂ နှစ်အောက် ကလေးတွေမှာ ဘယ်လောက် အချိုးအစား ပေးရမလဲဆိုတာ အတည်မပြုရသေးပါ။  အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Zytee RBကို ဘယ်လိုရရှိနိုင်သလဲ

Zytee RBကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

Zytee RB ဂျယ်လ် ၁၀ စီစီ။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Zytee RBကို လိမ်းဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်လိမ်းရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်လိမ်းပါ။ ဆေးနှစ်ခါ လိမ်းတာမျိုး မလုပ်ပါနဲ့။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Zytee RB® gel. http://www.mims.com/india/drug/info/zytee-rb%20gel/zytee-rb%20gel%20dental%20gel. Accessed December 21, 2016.

Zytee RB® gel. http://www.tabletwise.com/zytee-rb- gel. Accessed December 21, 2016.

Zytee RB®, https://www.mims.com/philippines/drug/info/zytee%20rb, Accessed Sept 9, 2020

ယခုပုံစံ

21/12/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခံတွင်းအနာဖြစ်ခြင်းကိုဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ။

ခံတွင်းအနာ ပျောက်ကင်းအောင်ဘယ်လိုကုသမလဲ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 21/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement