Zinc Oxide (ဇင့် အောက်ဆိုက်)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 19, 2019 . 5 mins read
Share now

အသုံးပြုပုံများ

Zinc Oxide (ဇင့် အောက်ဆိုက်) ကို ဘာအတွက်အသုံးပြုကြသလဲ

Zinc oxideကိုအနှီးလောင်ခြင်းနှင့်အသေးအဖွဲအရေပြားပြဿနာများဖြစ်ကြသောအပူလောင်ခြင်း၊ပွန်းရှခြင်းများတွင်အသုံးပြုနိုင်သည်။ဤဆေးသည်အရေပြားကိုထိခိုက်စေသောအရာများသို့မဟုတ်အစိုဓါတ်စသည်တို့ကိုအရေပြားနှင့်တိုက်ရိုက်မထိတွေ့စေရန်အတားအစည်းအဖြစ်ကြားမှကာရံပေးသည်။

Zinc Oxide (ဇင့် အောက်ဆိုက်) ဘယ်လိုသောက်သုံးသင့်သလဲ

ဤဆေးကိုအရေပြားလိမ်းဆေးအဖြစ်သာအသုံးပြုရမည်။ဤဆေးကိုအသုံးမပြုမီသင်၏ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူထံမှလမ်းညွှန်အကြံပြုချက်များကိုလိုက်နာပါ။ အကယ်၍မရှင်းလင်းသည်များရှိပါကဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူထံမေးမြန်းဆွေးနွေးပါ။
ဆေးကိုမျက်လုံးထဲမဝင်စေရန်အထူးဂရုစိုက်ပါ။ အကယ်၍မျက်လုံးထဲမတော်တဆဝင်ခဲ့ပါကမျက်လုံးကိုရေများများဖြင့်အမြန်ဆေးပစ်ပါ။
အကယ်၍သင်သည်spray(ဖြန်းဆေး)ပုံစံဖြင့်အသုံးပြုပါကအသုံးမပြုမီဆေးဗူးကိုကောင်းစွာလှုပ်ခါပါ။ဤဆေးသည်အသုံးပြုပြီး၁၂နာရီအတွင်းအာနိသင်ပြလေ့ရှိသည်။ အကယ်၍သင့်ရောဂါအခြေအနေပိုဆိုးလာလျင်၊မသက်သာလျင်သို့မဟုတ်၇ရက်ထက်ပိုပြီးဆက်ရှိနေလျင်သို့မဟုတ်ပျောက်ကင်းပြီးရက်အနည်းငယ်အကြာတွင် ပြန်လည်ဖြစ်ပွားလာလျင်ဆရာဝန်ထံအမြန်အကြောင်းကြားပါ။

Zinc Oxide (ဇင့် အောက်ဆိုက်) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျအသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင်သိုလှောင်ထားနိုင်ပါတယ်)
Zinc oxideကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့Zinc oxideကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ရေခဲအောင်သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Zinc oxideဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက်ဆေးဘူးအခွံမှာပါတဲ့သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကိုကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကိုကလေးတွေ၊အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Zinc oxideကိုအိမ်သာထဲကိုပစ်ချတာနဲ့ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင်သိမ်းဆည်းခြင်းတော့မပြုလုပ်ရပါ)
Zinc oxideကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက်ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Zinc Oxide (ဇင့် အောက်ဆိုက်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ဤဆေးကိုသုံးစွဲမည်ဆိုလျင်အောက်ပါအခြေအနေများကိုသတိထားသင့်သည်။
—>ဓါတ်မတည့်ခြင်း
ဤဆေးနှင့်သို့မဟုတ်အခြားသောဆေးများနှင့်ဓါတ်မတည့်သည့်လက္ခဏာများခံစားရဖူးပါကဆရာဝန်ကိုသေချာစွာအသိပေးပါ(ဆေးသာမကအစားအသောက်၊ဆိုးဆေး၊အစားအစာများကိုတာရှည်ခံအောင်အသုံးပြုသည့်ပစ္စည်းများသို့မဟုတ်တိရစ္ဆာန်များနှင့်ဓါတ်မတည့်ခြင်းများပါအကျုံးဝင်သည်)။ ဆရာဝန်ညွှန်ကြားသည့်ဆေးမဟုတ်ပါကဆေးညွှန်းကိုသေချာစွာဖတ်ပါ။
—>သက်ကြီးရွယ်အိုများ
လုံလောက်သောသုတေသနစမ်းသပ်မှုအချက်အလက်များမရှိသေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Zinc Oxide (ဇင့် အောက်ဆိုက်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည်အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏သတ်မှတ်ချက်အရကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့်သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။
• A=ဆိုးကျိုးမရှိပါ။
• B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
• D= ဆိုးကျိုးများရှိသည့်အထောက်အထားများရှိပါသည်။
• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
• N=အခြေအနေကိုမသိရသေးပါ။
ကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်များတွင်စိတ်ချရမှုရှိမရှိကိုမသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ကောင်းကျိုးနှင့်ဆိုးကျိုးများကိုချိန်ဆနိုင်ရန်အတွက်သင်၏ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Zinc Oxide (ဇင့် အောက်ဆိုက်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

သင့်ဆရာဝန်ကဤဆေးကိုအသုံးပြုရန်ရွေးချယ်ခြင်းသည်ဆေးမှရရှိသောကောင်းကျိုးများကဆေး၏ဘေးထွက်ဆိုးကျိုးများထက်ပိုမိုသာလွန်၍ဖြစ်ကြောင်းသိရှိထားရမည်။ဤဆေးကိုအသုံးပြုသူအများစုတွင်ထူးခြားဆိုးရွားသောဘေးထွက်ဆိုးကျိုးများမခံစားရပါ။
သို့သော်အရေပြားနှင့်မတည့်ခြင်းစသည့်လက္ခဏာများခံစားရပါကသင့်ဆရာဝန်ကိုချက်ချင်းအသိပေးရန်လိုအပ်ပါသည်။
ဤဆေးကြောင့်ဖြစ်သောအလွန်ပြင်းထန်သည့်ဓါတ်မတည့်ခြင်းသည်အင်မတန်ရှားပါးပါသည်။ မည်သို့ဆိုစေ ပြင်းထန်သောဓါတ်မတည့်ဝေဒနာ၏လက္ခဏာများဖြစ်သည့်ယားယံခြင်း၊ရောင်ရမ်းခြင်း(အထူးသဖြင့်မျက်နှာ၊လျှာနှင့်လည်ချောင်း)၊အနီကွက်များထွက်လာခြင်း၊အလွန်အမင်းမူးဝေလာခြင်း၊အသက်ရှုရခက်လာခြင်းစသည်တို့ခံစားရပါကဆေးကုသမှုကိုအမြန်ခံယူရပါမည်။
အထက်ပါလက္ခဏာများအပြင်အခြားသောလက္ခဏာများပေါ်ပေါက်လာပါကလည်းသင်၏ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူထံအမြန်ဆက်သွယ်ပါ။
ယခုဖော်ပြပါဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင်မပါဝင်သည့်ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Zinc Oxide (ဇင့် အောက်ဆိုက်) နဲ့ ဓါတ်ပြုနိုင်သလဲ

Zinc oxideဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန်ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Zinc Oxide (ဇင့် အောက်ဆိုက်) နဲ့ ဓါတ်ပြုနိုင်သလား

Zinc oxideကအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Zinc Oxide (ဇင့် အောက်ဆိုက်) နဲ့ ဓါတ်ပြုနိုင်သလဲ

Zinc oxide ဟာသင့်ရဲ့နဂိုကျန်းမာရေး အခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှု တွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ်ဆေးသက်ရောက်မှု ပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့အရေးကြီပါတယ်။ အထူးသဖြင့်အောက်ပါအခြေအနေများရှိနေခဲ့လျှင် ဖြစ်ပါတယ်။

• ဆေးလိမ်းရမည့်နေရာနှင့်အနီးတဝိုက်တွင်ပိုးဝင်နေခြင်း။
• ဆေးလိမ်းရမည့်နေရာတွင်အနာကြီးကြီးမားမားရှိခြင်း၊အရေပြားပေါက်ပြဲနေခြင်းသို့မဟုတ် ပြင်းထန်သောအရေပြားထိခိုက်ဒါဏ်ရာရှိနေခဲ့လျင် ……….. အဆိုပါအခြေအနေများရှိနေခဲ့လျင်ဆရာဝန်နှင့်မတိုင်ပင်ဘဲဤဆေးကိုမသုံးစွဲသင့်ပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Zinc Oxide (ဇင့် အောက်ဆိုက်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရေပြားဆိုင်ရာ ပြဿနာတွေအတွက်
Zinc oxide ၃၀%လိမ်းဆေး :အပေါ်ယံအရေပြားကိုလိုအပ်သလိုလိမ်းပေးပါ။

အတွင်းခံ/ဆီးခံ diaper လောင်ခြင်းအတွက်
Zinc oxide ၁၀%ခရင်မ်
Zinc oxide ၁၀%လိမ်းဆေးရည်

Zinc oxide ၁၃%ခရင်မ်
Zinc oxide ၁၃%လိမ်းဆေးရည်

Zinc oxide ၁၁.၃%ပါဝင်သောလိမ်းရသည့်ဆေးတောင့်(နှုတ်ခမ်းနီတောင့်နှင့်အလားတူသည်)
Zinc oxide ၃၀%လိမ်းဆေးရည်

လိမ်းမည့်နေရာကိုသန့်ရှင်းရေးအရင်လုပ်ပါ။ ထို့နောက်ခြောက်သွေ့အောင်စောင့်ဆိုင်းပါ။ ထို့နောက်လိုအပ်သောပမာဏအလျောက်အတွင်းခံ/ဆီးခံလဲတိုင်းအရေပြားကိုလိမ်းပေးပါ။

ကလေးတွေအတွက် Zinc Oxide (ဇင့် အောက်ဆိုက်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရေပြားဆိုင်ရာ ပြဿနာတွေအတွက်
Zinc oxide ၃၀%လိမ်းဆေး :အပေါ်ယံအရေပြားကိုလိုအပ်သလိုလိမ်းပေးပါ။

အတွင်းခံ/ဆီးခံ diaper လောင်ခြင်းအတွက်
Zinc oxide ၁၀%ခရင်မ်
Zinc oxide ၁၀%လိမ်းဆေးရည်

Zinc oxide ၁၃%ခရင်မ်
Zinc oxide ၁၃%လိမ်းဆေးရည်

Zinc oxide ၁၁.၃%ပါဝင်သောလိမ်းရသည့်ဆေးတောင့်(နှုတ်ခမ်းနီတောင့်နှင့်အလားတူသည်)
Zinc oxide ၃၀%လိမ်းဆေးရည်

လိမ်းမည့်နေရာကိုသန့်ရှင်းရေးအရင်လုပ်ပါ။ ထို့နောက်ခြောက်သွေ့အောင်စောင့်ဆိုင်းပါ။ ထို့နောက်လိုအပ်သောပမာဏအလျောက်အနှီး/ဆီးခံလဲတိုင်းအရေပြားကိုလိမ်းပေးပါ။

ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက်သောက်သုံးရန်စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆိုအသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက်သင့်ရဲ့ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့တိုင်ပင်ဆွေးနွေးပါ)။

Zinc Oxide (ဇင့် အောက်ဆိုက်) ကိုဘယ်လိုရရှိနိုင်သလဲ

• ခရင်မ်
• လိမ်းဆေးရည်
• သွားတိုက်ဆေးကဲ့သို့ခပ်ပျစ်ပျစ်ပုံစံ (paste)
• လိုးရှင်း
• အမှုန့်
• ဖြန်းဆေး
• ဂျယ်လ်
• ဆေးပတ်တီးပုံစံ (Dressing)

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ်ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Zinc oxideကိုသုံးဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသုံးလိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသုံးတာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အရေပြားက ဘာလို့ Sensitive ဖြစ်………..

တစ်ခုခုလွဲတာနဲ့ ဝက်ခြံတွေထွက်လာတယ်၊ ရောင်လာတယ်ဆိုတိုင်းsensitive skin type မဟုတ်ပါဘူး။ ဝက်ခြံ မပြတ်တမ်းထွက်တာ ဒါမှမဟုတ် ခြောက်သွေ့တာမျိုး ဖြစ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဝက်ခြံလေးတွေကို စိတ်ရှည်ပါ။

စိတ်တိုလို့ မျက်နှာတွေ ရောင်တဲ့အထိ ဝက်ခြံတွေကို ညှစ်ပစ်ဖူးတဲ့ အခိုက်အတန့်တွေရှိတယ်ဟုတ်။ တကယ်ကတော့ဒါက ဝက်ခြံတွေ ပိုဆိုးလာအောင် ကိုယ်တိုင်က လုပ်လိုက်မိတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အသားအရေကို ဂရုစိုက်ပါ။

အရေပြားက လူတစ်ယောက်ရဲ့ သွင်ပြင်ပေါ်မှာတင် သက်ရောက်နေတာ မဟုတ်ပါဘူး။ ကျန်းမာရေး အပေါ်မှာပါ သက်ရောက်နေတာပါ။  အရေပြားကို စောင့်ရှောက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဝက်ခြံရှိသူတိုင်း စားပေးသင့်တဲ့ အသီးများ

ဝက်ခြံ ကြားရတာတောင် စိတ်ကုန်နေပြီ။ ဝက်ခြံ တွေသက်သာချင်လိုက်တာဆိုတဲ့ ဆန္ဒက ဝက်ခြံအဖြစ်လွယ်တဲ့ အသားအရေ ပိုင်ဆိုင်ထားသူတိုင်းမှာ ရှိပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဘရာ Size မှားနေပြီလား

ဘရာ Size မှားနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
နီးနီးနားနား Camping သွား ဒီအချက်တွေသတိထား

နီးနီးနားနား Camping သွား ဒီအချက်တွေသတိထား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 3 mins read
အသားအရေကို သန့်စင်ထိန်းသိမ်းမယ်

အသားအရေကို သန့်စင်ထိန်းသိမ်းမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 8, 2021 . 2 mins read
ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ

ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 8, 2021 . 2 mins read