backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Zafirlukast

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Ye Mhan Linn မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Zafirlukast ကို ဘာအတွက်အသုံးပြုကြသလဲ

Zafirlukast ကိုပန်းနာရင်ကြပ်ရောဂါ ကာကွယ်ကုသရာမှာအဓိကအသုံးပြုပါတယ်။ ဒါပေမယ့် အရေးပေါ်ရောဂါလက္ခဏာပြနေတဲ့အချိန်မှာတော့ rescue inhaler (အသက်ကယ်ရှူဆေး) ကိုသာအသုံးပြုသင့်ပါတယ်။ အသေးစိတ်သိရှိလိုပါကသင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

Zafirlukast ဘယ်လိုသောက်သုံးသင့်သလဲ

Zafirlukastကိုသင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းလိုက်နာအသုံးပြုပါ။ ဆေးညွှန်းမှာပါဝင်တဲ့ အချက်အလက်များကိုသေသေချာချာဖတ်ရှုပါ။ အောက်ဖော်ပြပါ ညွှန်ကြားချက်တွေကိုတိတိကျကျလိုက်နာပါ။

  • ဒီဆေးဝါးကို ပန်းနာရင်ကြပ်ရောဂါလက္ခဏာမပြတဲ့ အချိန်တွေမှာသာအသုံးပြုပါ
  • အစာနဲ့ခြားပြီးသောက်သုံးပါ။ အနည်းဆုံးအစာမစားခင် ၁နာရီ ဒါမှမဟုတ် အစာစားပြီး ၂နာရီကြာမှ သောက်သုံးပါ
  • ဆေးအာနိသင်အပြည့်အဝရရှိစေဖို့ ဆေးသောက်ချိန် တိတိကျကျသတ်မှတ်ပြီးမပျက်မကွက်သောက်သုံးပါ

ဆေးသောက်သုံးပြီးရောဂါသက်သာလာရင်တောင် သင့်ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးသောက်ရက်နဲ့ အကြိမ်ရေပြည့်မီအောင် ဆက်လက်သောက်သုံးပါ

Zafirlukast ဘယ်လိုသိမ်းဆည်းရမလဲ

Zafirlukastကိုအခန်းအပူချိန်တွင် တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Zafirlukastကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Zafirlukastဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Zafirlukastကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Zafirlukast အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အကယ်၍ သင့်မှာအောက်ဖော်ပြပါ အခြေအနေတစ်ခုခုရှိနေခဲ့မယ်ဆိုရင် ဆေးမသောက်သုံးခင်သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုပြောပြတိုင်ပင်သင့်ပါတယ်။

  • ကိုယ်ဝန်ဆောင်နေချိန် သို့မဟုတ် ကလေးနို့တိုက်နေချိန် – အကယ်၍သင်ဟာ ကိုယ်ဝန်ဆောင်မိခင် သို့မဟုတ် ကလေးနို့တိုက်နေတဲ့ မိခင်တစ်ဦး ဖြစ်နေမယ်ဆိုရင် ဘယ်ဆေးကိုမဆို ဆရာဝန်မညွှန်ကြားဘဲအသုံးမပြုသင့်ပါဘူး။
  • အခြားဆေးဝါးများ သောက်သုံးနေချိန် – တိုင်းရင်းဆေး၊ အားဖြည့်ဆေးများ အပါအဝင် သင်လက်ရှိသောက်သုံးနေတဲ့ ဆေးအားလုံးကိုသင့်ဆရာဝန်သိအောင် ပြောပြရမှာဖြစ်ပါတယ်။
  • Zafirlukastသို့မဟုတ် အခြားဆေးဝါးများတွင်ပါဝင်သည့် ပစ္စည်းတစ်မျိုးမျိုးနှင့် ဓါတ်မတည့်ခြင်း
  • ရောဂါဝေဒနာတစ်ခုခု ခံစားနေရခြင်း
  • အသည်းရောဂါရှိခြင်း

သင့်ဆရာဝန်၊ သူနာပြု၊ ဆေးဝါးကျွမ်းကျင်ပညာရှင်၊ သွားဆရာဝန် စတဲ့ ကျန်းမာရေးစောင့်ရှောက်သူအားလုံးကိုသင် Zafirlukast အသုံးပြုနေကြောင်း ကြိုတင်အသိပေးထားပါ။

ဆေးသောက်သုံးနေစဉ်အတောအတွင်းအသက်ရှူရတာပိုမိုခက်ခဲလာရင် ဒါမှမဟုတ် ရှူဆေးရှူရုံနဲ့ မသက်သာတော့ရင် ဒါမှမဟုတ် အသက်ကယ်ရှူဆေးအသုံးပြုရဖန်များလာရင် သင့်ဆရာဝန်ကို အမြန်ဆုံးအသိပေးပါ။

ဒီဆေးသောက်သုံးနေရသူတွေမှာအသည်းရောဂါဖြစ်ပွားနိုင်ချေရှိပြီးတစ်ခါတစ်ရံအသည်းအစားထိုးဖို့ လိုအပ်လာတဲ့အထိ၊ အသက်ကိုခြိမ်းခြောက်နိုင်တဲ့အထိ အခြေအနေဆိုးဝါးနိုင်ပါတယ်။ အသည်းရောဂါအခံရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအသည်းထိခိုက်ပျက်စီးနိုင်တဲ့အတွက် ဆေးမသောက်သုံးခင် သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Zafirlukast သောက်သုံးနေတဲ့ကာလပတ်လုံးသင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းလိုအပ်တဲ့သွေးစစ်ဆေးမှုတွေ ပုံမှန်ပြုလုပ်သင့်ပါတယ်။ အကယ်၍ သင်က warfarin (သွေးကျဲဆေး) သောက်သုံးနေရတယ်ဆိုရင် zafirlukast မသောက်ခင် သင့်ဆရာဝန်ကို အသိပေးဖို့လိုအပ်ပြီးဆေးသောက်နေစဉ်အတောအတွင်းမှာလည်းသွေးစစ်ဆေးမှု မကြာခဏပြုလုပ်ဖို့ အလွန်အရေးကြီးပါတယ်။

သက်ကြီးပိုင်းလူနာတွေဟာဒီဆေးရဲ့ဘေးထွက်ဆိုးကျိုးဒဏ်ကိုခံစားရနိုင်ချေ ပိုများတဲ့အတွက် အသက် ၆၅နှစ်အထက် လူနာအားလုံးသတိနဲ့ယှဉ်ပြီးအသုံးပြုသင့်ပါတယ်။

ဆေးသောက်နေရင်း ကိုယ်ဝန်ရလာခဲ့ရင် ဒါမှမဟုတ် ကိုယ်ဝန်ယူဖို့ အစီအစဉ်ရှိလာခဲ့ရင် ဆေးကြောင့်ရလာနိုင်တဲ့ ကောင်းကျိုးဆိုးကျိုးတွေကိုချိန်ဆနိုင်အောင် သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Zafirlukast ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် သောက်သုံးလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင်ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Bရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Zafirlukast ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Zafirlukast သောက်သုံးပြီးအောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးလက္ခဏာတွေ ဖြစ်လာခဲ့ရင် အရေးပေါ်ဆေးကုသမှု အမြန်ဆုံးခံယူပါ။

  • ဓါတ်မတည့်တုန့်ပြန်မှုလက္ခဏာများ – ခန္ဓါကိုယ်မှာအဖုအပိမ့်အနီကွက်များထွက်ခြင်း၊ အင်ပြင်ထခြင်း၊ ယားယံခြင်း၊ အရေပြားနီရဲခြင်း၊ ရောင်ရမ်းခြင်း၊ အရည်ကြည်ဖုထခြင်း၊ အဖျားရှိသည်ဖြစ်စေမရှိဘဲဖြစ်စေအရေခွံကွာခြင်း၊ အသက်ရှူသံရွှီရွှီဲမြည်ခြင်း၊ ရင်ကြပ်ခြင်း၊ လည်ချောင်းထဲတစ်ဆို့နေခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ စကားပြောရခက်ခဲခြင်း၊ အသံသြခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ ပါးစပ်၊ နှာခေါင်း၊ လျှာ၊ လည်ချောင်းတို့ ရောင်ရမ်းခြင်း
  • အသည်းထိခိုက်သည့်လက္ခဏာများ – ဆီးအရောင်ရင့်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ဆာလောင်မှုမရှိခြင်း၊ အစာအိမ်ထိခိုက်ခြင်း၊ အစာအိမ်အောင့်ခြင်း၊ ဝမ်းအရောင်ဖျော့ခြင်း၊ အော့အန်ခြင်း၊ မျက်စိဝါခြင်း၊ အသားဝါခြင်း
  • ခန္ဓါကိုယ်တစ်ခုလုံးထုံသလို၊ ကျင်သလို၊ စပ်ဖျင်းဖျင်းဖြစ်သလိုခံစားရခြင်း
  • အသက်ရှူမြန်ခြင်း၊ ကိုယ်အလေးချိန် အလွန်မြင့်တက်လာခြင်း၊ ခြေလက်များဖောရောင်ခြင်း
  • နှလုံးခုန်မူမမှန်ခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • အပြုအမူပြောင်းလဲခြင်း
  • စိတ်အခြေအနေပြောင်းလဲခြင်း
  • စိတ်ဓါတ်ကျခြင်း
  • အိပ်မပျော်ခြင်း
  • ထိပ်ကပ်နာဖြစ်ခြင်း
  • တုပ်ကွေးလက္ခဏာများပေါ်လာခြင်း
  • ဖျားနာခြင်း၊ ချမ်းတုန်ခြင်း
  • ဆိုးဆိုးဝါးဝါး လည်ချောင်းနာခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Zafirlukast နဲ့ ဓါတ်ပြုနိုင်သလဲ

Zafirlukastဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Zafirlukast နဲ့ ဓါတ်ပြုနိုင်သလား

Zafirlukast က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Zafirlukast နဲ့ ဓါတ်ပြုနိုင်သလဲ

Zafirlukastဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Zafirlukast ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ပန်းနာရင်ကြပ်ရောဂါလက္ခဏာများ အမြဲသက်သာနေစေရန်

၂၀ မီလီဂရမ်၊ တစ်နေ့ ၂ကြိမ်၊ အစာမစားမီ ၁နာရီ ကြိုတင်သောက်ရန် သို့မဟုတ် စားပြီး ၂နာရီကြာမှသောက်ရန်

ကလေးတွေအတွက် Zafirlukast ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ပန်းနာရင်ကြပ်ရောဂါလက္ခဏာများအမြဲသက်သာနေစေရန်

အသက် ၅နှစ်အောက် – Zafirlukast သောက်သုံးလျှင် စိတ်ချရမှုရှိမရှိ၊ အကျိုးထိရောက်မှုရှိမရှိအတည်မပြုရသေးပါ

၅နှစ်မှ ၁၁နှစ်အထိ – ၁၀ မီလီဂရမ်၊ တစ်နေ့ ၂ကြိမ်၊ အစာမစားမီ ၁နာရီ ကြိုတင်သောက်ရန် သို့မဟုတ် စားပြီး ၂နာရီကြာမှသောက်ရန်

၁၂နှစ်နှင့် အထက် – ၂၀ မီလီဂရမ်၊ တစ်နေ့ ၂ကြိမ်၊ အစာမစားမီ ၁နာရီ ကြိုတင်သောက်ရန် သို့မဟုတ် စားပြီး ၂နာရီကြာမှသောက်ရန်

Zafirlukast ကိုဘယ်လိုရရှိနိုင်သလဲ

Zafirlukast ကိုဆေးပြားပုံစံနဲ့ ရရှိနိုင်ပါတယ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Zafirlukastကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Ye Mhan Linn မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement