မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
Pipecuronium bromide
သည် ကြွက်သားများနှင့် အာရုံကြောစနစ်များကို အချိန်ကြာမြင့်စွာ ပိတ်ထားပေးနိုင်သည့် ဆေးဖြစ်ပါသည်။ ယင်းသည် ထိုးဆေးဖြစ်ပြီး ခွဲစိတ်မှုများ မပြုလုပ်မီ ကြွက်သားများကို ပြေလျော့စေရန်အတွက် မေ့ဆေးနှင့် တွဲပြီး အသုံးပြုသောဆေးဖြစ်ပါသည်။
ယင်းကို အသက်ရှုလမ်းကြောင်းပိုက်ထဲရာတွင်လည်း လည်ချောင်းရှိကြွက်သားများကို ပြေလျော့စေရန် အသုံးပြုပါသည်။
Pipecuronium bromideကိုဆရာဝန်ကိုယ်တိုင် သွေးပြန်ကြောထဲသို့ ထိုးပေးရခြင်းဖြစ်ပါသည်။
(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)
Pipecuronium bromide
(သောက်ဆေး)ကို ၃၀ ဒီဂရီ ဆဲလ်စီးရပ်စ်အောက် မှာသိမ်းပါ။ တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Pipecuronium bromide
ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Pipecuronium bromide
ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)
Pipecuronium bromideကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။
ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)
Pipecuronium bromideကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။
ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။
အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ဆေးမသောက်မီ ဆရာဝန်နှင့်တိုင်ပင်ရန် လိုအပ်သည်။
ထဲတွင် ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းရှိလျှင်
ယခုဆေးသည် ဆေးအာနိသင်ပြချိန်ကြာမြင့်သည့်အတွက် myasthenia gravis , Eaton-Lambert syndrome စသည့် ကြွက်သားများအားနည်းသည့်ရောဂါများတွင် နည်းနည်းလေးသုံရုံမျှဖြင့် ကြီးမားသော အာနိသင်သက်ရောက်မှုဖြစ်သွားနိုင်သည့် အတွက် မသုံးသင့်ပါ။
ဗိုက်ခွဲပြီး ကလေးမွေးသော မိခင်များတွင် သုံးပါသည်။
succinylcholine ၏ ဘေးထွက်ဆိုးကျိုးများကို လျော့နည်းစေရန် succinylcholine မထိုးမီ Pipecuronium bromideကိုသုံးပါသည်။
အထူးကြပ်မတ်ကုသဆောင်ထဲရှိ အသက်ရှုစက်များရေရှည်တပ်ထားရန် လိုအပ်သူများ နှင့် လျှပ်စစ်စွမ်းရည်မဲ့သော အာရုံကြောနှင့် ကြွက်သားများကိုပိတ်ဆို့သောဆေးများသုံးပြီးလျှင် Pipecuronium bromideကိုသုံးပါသည်။
ယခုဆေးကို ၁ နှစ်အောက ကလေးများနှင့် ကလေးများတွင် သုံးသော်လည်း တိကျသော ဆေးပမာဏကို မသိရသေးပါ။
အသက် ၁နှစ်မှ ၁၄ နှစ်ကလေးများတွင် Halothane မေ့ဆေးသုံးထားလျှင် ၏အာနိသင်သည် လူကြီးများထက် လျော့နည်းပါသည်။
Pipecuronium bromideကိုကျောက်ကပ်မကောင်းသော ကလေးများတွင် သတိနှင့် သုံးစွဲရပါမည်။
Pipecuronium bromideဆေးကို အသက်ရှုကိရိယာများ၊ အသက်ရှုလမ်းကြောင်းတပ်ပြွန်ချောင်းများ၊ အောက်ဆီဂျင် နှင့် ဖြေဆေးများရှိမှသာ အသုံးပြုရပါမည်။
အဝလွန်သူများတွင် ဆေးအရှိန်ကြာမြင့်နိုင်ပါသည်။
အသက်ကြီးသူများ၊ တကိုယ်လုံးဖောရောင်နေသူများ၊ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများရှိသောကြောင့် သွေးလည်ပတ်မှု နှေးသူများတွင် ဆေးအာနိသင်ရရန် ကြာမြင့်နိုင်ပါသည်။
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟုသတ်မှတ်ထားသည်။
အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။
အောက်ပါတို့သည် ဖြစ်လေ့ရှိသော ဘေးထွက်ဆိုးကျိုးများဖြစ်ပါသည်။
(ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)
Pipecuronium bromide
ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ အောက်ပါတို့သည် Pipecuronium bromide
နှင့် ဓါတ်ပြုနိုင်သော ဆေးများဖြစ်ပါသည်။
Pipecuronium bromideက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး
ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။
Pipecuronium bromideဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။
သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
ပထမဦးဆုံး ထိုးသည့်ဆေးပမာဏသည် လူနာဋ္ဌ ဆီဒအဆိပ်နှင့် ကိုယ်အလေးချိန် အပေါ်မူတည်ပါသည်။ (ဆေးထုတ်သော ကုမ္မဏီ၏ ညွှန်ကြားချက်များကို ကြည့်ပါ။)
လူတစ်ယောက်နှင့် တစ်ယောက် အပေါ်မူတည်ပြီး ဆေးပမာဏကွာခြားပါသည်။ ဆေးပမာဏ သည် 50-100 mcg/kg.
ဖြစ်ပါသည်။
halothane, isoflurane, enflurane စသည့်မေ့ဆေးများ သုံးထားသော၊ အဝလွန်ခြင်းမရှိသော ၊ ကျောက်ကပ်ကောင်းသော ပုံမှန်လူနာများတွင် ဆေးပမာဏ ကိုသုံးလျှင် ဆေးအရှိန်သည် ၁ နာရီမှ ၂ နာရီအထိ ကြာမြင့်နိုင်ပါသည်။
အဝလွန်ခြင်းမရှိသော ၊ ကျောက်ကပ်ကောင်းသော ပုံမှန်လူနာများတွင် 50 mcg/kg ဆေးပမာဏ ကိုသုံးလျှင် ဆေးအရှိန်သည် ၄၅ မိနစ်အထိ ကြာမြင့်နိုင်ပါသည်။
လူနာသည် ၂၅ % ဆေးပြယ်သွားလျှင် ပျမ်းမျှအားဖြင့် မိနစ်၅၀ စာမျှ ကြွက်သားများ ပြေလျော့စေရန် 10-15 mcg/kg ထပ်ပေးပါသည်။ မေ့ဆေးရှုဆေးသုံးထားသော လူနာများတွင် 10-15 mcg/kg ထက်လျော့သော ပမာဏကို ပေးနိုင်ပါသည်။
အဝလွန်ခြင်းမရှိသော ၊ ကျောက်ကပ်ကောင်းသော ပုံမှန်လူနာများတွင် 50 mcg/kg ဆေးပမာဏ ကိုသုံးလျှင် ဆေးအရှိန်သည် ၄၅ မိနစ်အထိ ကြာမြင့်နိုင်ပါသည်။
ဆေးပြယ်သွားလျှင် ပျမ်းမျှအားဖြင့် ၁၀မိနစ်မှ ၄၄ မိနစ်စာမျှ ကြွက်သားများ ပြေလျော့စေရန် 40 mcg/kg ထပ်ပေးပါသည်။
ပျမ်းမျှအားဖြင့် ၁၈မိနစ်မှ ၅၂ မိနစ်စာမျှ ကြွက်သားများ ပြေလျော့စေရန် 57 mcg/kg ထပ်ပေးပါသည်။
Pipecuronium bromideကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
Pipecuronium bromide ၁၀ မီလီဂရမ် ထိုးဆေး
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
Pipecuronium bromideကို ထိုးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးထိုးပါ။ သို့သော်လည်းနောက်တစ်ကြိမ်ထိုးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲထိုးလိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးတာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။