အသုံးပြုပုံများ
Nicotinamide (နီကိုတင်းနမိုက်) ကို ဘာအတွက်အသုံးပြုကြသလဲ
Nicotinamide သည် Vitamin B3 ဖြစ်ပြီး သွေးထဲတွင် အကျိုးပြူအဆီဓါတ်များစေရန် (High Density Lipoprotein, HDL) နှင့် Triglycerides အဆီဓါတ်နည်စေရန်အတွက် အသုံးပြုကြပါသည်။
Nicotinamide ကို ဘယ်လိုသောက်သုံးသင့်ပါသလဲ။
- သောက်ဆေးများကို ဆရာဝန်ညွှန်ကြားသည့် အချိန်အတိုင်း သောက်ပါ။
- ဆေးမသောက်မီတွင် ဆေးအညွှန်းကို သေချာအောင်ဖတ်ပါ။
- မရှင်းလင်းသည်များရှိလျှင် ဆရာဝန်သို့မဟုတ် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများနှင့် တိုင်ပင်သင့်ပါသည်။
- ဆေးကို တနေ့တာ၏ နောက်ဆုံးအစာစားချိန်အပြီးတွင် သောက်လျှင် အကောင်းဆုံး ဖြစ်ပါသည်။
- ဆေးပြား (ဆေးအာနိသင်ကို အဆက်မပြတ်ထုတ်လွှတ်သော)ကို အလုံးလိုက် မျိုချပါ။ ဆေးကို မဝါးရ။ မချေရ။
Nicotinamide ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။
ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။
Nicotinamide ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Nicotinamide ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Nicotinamide ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
Nicotinamide ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။