ကိုယ်ခန္ဓါတွင် ရေဓါတ်များခြင်းကြောင့် ကိုယ်အလေးချိန်တက်လာခြင်း ဖောရောင်လာခြင်း ဆီးအဆိပ်၊ သွေးအဆိပ်တက်လာခြင်း သွေးထဲတွင် ရေဓါတ်များခြင်းကြောင့် ဆားဓါတ်နည်းသွားခြင်း တို့ဖြစ်ပါသည်။ ထို့ပြင် ဆေးရည်ကို သွင်းခြင်းကြောင့် ခန္ဓါကိုယ်ထဲတွင် ဓါတ်ပြုမှုများဖြစ်ခြင်းကြောင့် ဖျားခြင်း၊ ထိုးဆေးထိုးသည့်နေရာတွင် ပိုးဝင်ခြင်း ၊ သွေးပြန်ကြောများ ရောင်ခြင်း၊ ပေါက်ထွက်ခြင်း၊ ရေဓါတ်နည်းခြင်း တို့ဖြစ်နိုင်ပါသည်။
ဆေးရည်ထဲတွင် ပါဝင်သော အိုင်းယွန်း အနည်းအများအပေါ်မူတည်ပြီး ဘေးထွက်ဆိုးကျိုးများ ကွာခြားနိုင်ပါသည်။ ထို့ကြောင့် ဆေးထိုးနေစဉ်ကာလများတွင် သွေးတွင်း ဓါတ်ဆားများကို ဂရုစိုက် စစ်ဆေးသင့်ပါသည်။
ဆေးနှင့် ဓါတ်မတည့်မှုများဖြစ်လာခဲ့လျှင် သွင်းနေသောဆေးကို ရပ်လိုက်ပါ။ လူနာကို စစ်ဆေးပြီး ဖြေဆေးပေးပါ။ ဆေးဘူးတွင် ကျန်နေသောဆေးအရည်ကိုလိုအပ်လျှင် စစ်ဆေးမှုများ ပြုလုပ်နိုင်ပါသည်။
(ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Neoamiyu (နီယို အေမီယူ) နဲ့ ဓါတ်ပြုနိုင်သလဲ
Neoamiyu® (amino acids)ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)
အစားအသောက်တွေနဲ့ အရက်က Neoamiyu (နီယို အေမီယူ) နဲ့ ဓါတ်ပြုနိုင်သလား
Neoamiyu® (amino acids)က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Neoamiyu (နီယို အေမီယူ) နဲ့ ဓါတ်ပြုနိုင်သလဲ
Neoamiyu® (amino acids)ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Neoamiyu (နီယို အေမီယူ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
- ကျောက်ကပ်ဆေးသည့်အဆင့် မရောက်သေးသော ကျောက်ကပ်ဝေဒနာရှင်များ (ကိုယ်အလေးချိန် 70 ကီလိုခန့်)
သတ်မှတ်ထားသော ပမာဏမှာ အမိုင်နိုအက်ဆစ် 0.5 g/kg သို့မဟုတ် တနေ့လျှင်500 mL ဖြစ်ပါသည်။
- ကျောက်ကပ်ဆေးနေရသော နာတာရှည်ကျောက်ကပ်ဝေဒနာရှင်များ
သတ်မှတ်ထားသော ပမာဏမှာ အမိုင်နိုအက်ဆစ် 1g/kg သို့မဟုတ် တနေ့လျှင် 1000 mL ဖြစ်ပါသည်။
အများဆုံးပမာဏမှာ အမိုင်နိုအက်ဆစ် 1.5g/kg သို့မဟုတ် တနေ့လျှင် 1500 mL ဖြစ်ပါသည်။
ဆေးသွင်းရမည့်နှုန်း မှာ တစ်မိနစ်လျှင် အစက် ၂၀ အောက်ဖြစ်ပါသည်။
ကလေးတွေအတွက် Neoamiyu (နီယို အေမီယူ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။
Neoamiyu (နီယို အေမီယူ) ကိုဘယ်လိုရရှိနိုင်သလဲ
Neoamiyu® (amino acids)ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
Neoamiyu® (amino acids) 200 ml ထိုးဆေး
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Neoamiyu® (amino acids) ကို ထိုးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးထိုးပါ။ သို့သော်လည်းနောက်တစ်ကြိမ်ထိုးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲထိုးလိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးတာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။