backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Eliquis


Dr. Thant Zin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Eliquis ကို ဘာအတွက်အသုံးပြုကြသလဲ

Eliquis®ဟာ သွေးခဲခြင်းဖြစ်စေတဲ့အရာတွေကို ကာကွယ်ပေးပါတယ်။ နှလုံးခန်မမှန်သူတွေမှာ သွေးခဲခြင်းကြောင့်ဖြစ်တတ်တဲ့ လေဖြတ်ခြင်းအန္တရာယ်ကို ကာကွယ်ပေးနိုင်ပါတယ်။

Eliquis®ကို ဒူးဆစ်ပေါင်ဆစ် အစားထိုးခွဲစိတ်ပြီးချိန်မှာ အတွင်းပိုင်းကျတဲ့ သွေးပြန်ကြောတွေအတွင်း သွေးခဲပိတ်ဆို့ခြင်း (DVT) မဖြစ်အောင် အသုံးပြုကြပါတယ်။ DVT ဟာ အဆုတ်မှာပါ သွားရောက် ပိတ်ဆို့တတ်ပါတယ်။ ဒါကြောင့် ခြေထောက်ပိုင်း သွေးခဲပိတ်ဆို့ခြင်းနဲ့ အဆုတ်သွေးလွှတ်ကြော သွေးခဲပိတ်ဆို့ခြင်းတွေကို ကာကွယ်ဖို့၊ ကုသဖို့ အသုံးပြုကြပါတယ်။

Eliquis ဘယ်လိုသောက်သုံးသင့်သလဲ

Eliquis® ကို တနေ့၂ကြိမ် သောက်ရပါတယ်။

အညွှန်းစာမှာပါဝင်တဲ့အတိုင်း လိုက်နာပါ။ ထောက်ခံမှုပြုထားတဲ့ ပမာဏထက် ပိုသောက်ခြင်း၊ လျှော့သောက်ခြင်း မပြုပါနဲ့။

အစာနဲ့၊ ဒါမှမဟုတ် အစာမပါဘဲ သောက်သုံးပါ။ ဆေးကို မြန်မြန်ဆန်ဆန် မျိုချနိုင်အောင် ဆေးပြားကို ချေပြီး ရေနဲ့ဖြစ်စေ အအေးနဲ့ဖြစ်စေ သောက်သုံးကြပါတယ်။ ဆေးကို မဝါးဘဲ မြိုချပါ။ နောက်တခါသုံးရအောင် သိမ်းမထားပါနဲ့။ ဆေးကို ရေနဲ့ဖျော်လိုက်ရင် ၄နာရီထက်ကျော်ရင် မကောင်းတော့ပါဘူး။

Eliquis® ကို နှာခေါင်းပိုက်ကလည်း ပေးနိုင်ပါတယ်။ ဆေးပြားကိုချေပြီး ဆေးထိုးပြွန်ထဲမှာ D5W 5% နဲ့ ရောဖျော်ရပါတယ်။ ပြီးရင် နှာခေါင်းပိုက်ကနေ ပေးနိုင်ပါတယ်။ နောက်တကြိမ် သုံးဖို့ သိမ်းမထားပါနဲ့။ အဲဒီလိုဖျော်စပ်ပုံကို ပါးစပ်က မပေးရပါ။

Eliquis® ဟာ သွေးခဲခြင်းကို ကာကွယ်ပေးတာကြောင့် သွေးထွက်လွယ်စေတဲ့ ဆိုးကျိုးရှိပါတယ်။ ချော်လဲခြင်း၊ ခေါင်းကို ထိခိုက်မိခြင်းစတဲ့ သာမန်ထိခိုက်ဒဏ်ရာ ရရှိရုံနဲ့တောင် သွေးထွက်များနိုင်ပါတယ်။ ဥိးခေါင်းကို ထိခိုက်မိရင်၊ သွေးမတိတ်ရင် ဆရာဝန်နဲ့ ပြသပြီး အရေးပေါ် ကုသမှုခံယူပါ။

Eliquis® ကို ၂၄နာရီအတွင်း သောက်ထားပြီးရင် ခွဲစိတ်မှု ခံယူဖို့၊ သွားဆေးခန်းပြဖို့ ကြုံလာရင် ဆရာဝန်ကို ကြိုတင်အသိပေးပါ။ ခွဲစိတ်မှုနဲ့ တခြား ကုသမှုအစီအစဉ်တွေ လုပ်ဆောင်ရမယ်ဆိုရင် Eliquis® ကို ရပ်ထားဖို့ လိုပါတယ်။

ဆရာဝန်က ရပ်ခိုင်းတာမဟုတ်ရင် Eliquis® သောက်သုံးမှုကို မရပ်ပါနဲ့။ ရုတ်တရက်ရပ်တန့်ခြင်းဟာ သွေးခဲခြင်း၊ လေဖြတ်ခြင်း စတာတွေကို ဖြစ်နိုင်ခြေ မြင့်စေပါတယ်။ Eliquis® သောက်ခြင်းကို ရပ်လိုက်ရင် ဆရာဝန်ဟာ ဒီဆေးပြန်မသောက်ခင် ဘယ်ဆေးသောက်ရမယ်ဆိုတာ ညွှန်ပါလိမ့်မယ်။

အကောင်းဆုံး အာနိသင်ရအောင် ပုံမှန်သု့းစွဲပါ။ ဆေးကိုပြတ်မသွားအောင် ဝယ်ယူဖြည့်တင်းထားပါ။

Eliquis ဘယ်လိုသိမ်းဆည်းရမလဲ

Eliquis®ကို အခန်းအပူချိန်မှာ တိုက်ရိုက်နေရောင်ခြည် မထိတွေ့အောင်၊ စိုစွတ်မှု မရှိအောင် သိမ်းဆည်းတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။ ဆေးအာနိသင် ပျက်ပြယ်ခြင်း၊ ဆေးအနေအထား ပျက်ယွင်းခြင်း မဖြစ်ရအောင် ရေချိုးခန်းတွင်း သိမ်းဆည်းခြင်း၊ ရေခဲအောင် သိမ်းဆည်းခြင်း မပြုရပါ။ Eliquis®ဆေးအမျိုးအစား၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ ပုံစံကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်း ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းခြင်းမျိုးကို အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးများအားလုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနဲ့ ဝေးရာမှာထားပါ။

Eliquis®ကို အိမ်သာတွင်းထဲ ပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်း မလုပ်သင့်ပါ။ ဆေးဝါးတွေကို မလိုအပ်တော့ရင်၊ သက်တမ်း ကုန်ဆုံးသွားရင် စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျ ဘယ်လို စွန့်ပစ်ရမယ် ဆိုတာကို ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Eliquis အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအခြေအနေတွင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

  • ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်။ ဒီလိုအချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
  • အခြားဆေးဝါးများသောက်သုံးနေချိန်။ ဆရာဝန်အညွှန်းမလိုဘဲ ဝယ်နိုင်သောဆေးများ၊ ဆေးဘက်ဝင်အပင်များမှာ ထုတ်လုပ်ထားသောဆေးများ၊ ဖြည့်စွက်အားဆေးများ စတာတွေလည်း ပါဝင်ပါတယ်။
  • Eliquis®တွင် ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်မှုဖြစ်ခြင်း
  • အခြား ရောဂါများ၊ ကျန်းမာရေးပြသနာများရှိခြင်း
  • နှလုံးအဆို့ရှင်တုတပ်ထားရင်၊ ခွဲစိတ်မှုမှာဖြစ်ဖြစ် ထိခိုက်ဒဏ်ရာရလို့ဖြစ်ဖြစ် သွေးအလွန်ထွ်ကတတ်ရင် Eliquis® ကို မသောက်သင့်ပါဘူး။

    သွေးထွက်လွယ်တဲ့ ရောဂါအခံရှိရင်လည်း ပိုဆိုးစေတတ်ပါတယ်။

    ခါးဆစ်ရိုးမှာ ထုံဆေးထိုးတဲ့အခါ သွေးထွက်ပြီး ခါးဆစ်ရိုးတဝိုက်မှာ ဆိုးဆိုးရွားရွား သွေးခဲခြင်း ဖြစ်တတ်ပါတယ်။ ဒီလိုသွေးခဲခြင်းဟာ နာတာရှည် အကြောသေခြင်း ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အောက်ပါအခြေအနေတွေမှာ ပိုဖြစ်တတ်ပါတယ်။

    • ခါးဆစ်ရိုးပြွန်ထည့်ထားခြင်း (သို့) မကြာသေးမီက ပြွန်ဖြုတ်ထားခြင်း
    • ခါးဆစ်ရိုးခွဲစိတ်မှု ခံယူထားခြင်း (သို့) ခါးဆစ်ရိုးမှ မကြာခဏ အရည်စုပ်ယူဖူးခြင်း
    • မကြာသေးမီက ခါးဆစ်ရိုးမှ အရည်စုပ်ယူထားဖူးခြင်း (သို့) ခါးဆစ်ရိုးထုံဆေး ပေးထားဖူးခြင်း
    • စတီးရွိုက်မဟုတ်သော အရောင်ကျဆေးများ (NSAID – ibuprofen (Advil, Motrin), naproxen (Aleve), diclofenac, indomethacin, meloxicam) သောက်သုံးနေခြင်း
    • သွေးခဲခြင်းကို ကာကွယ်သည့် အခြားဆေးဝါးများ သောက်သုံးနေခြင်း

    ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Eliquis ကိုသုံးစွဲဖို့ စိတ်ချရပါသလား

    Eliquis®ကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိ ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီ ဖြစ်နိုင်ခြေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန် သင့်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

    Eliquis®ဆေးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်ဟု သတ်မှတ်ထားသည်။)

    အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေ အဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

    • A=ဆိုးကျိုးမရှိပါ။
    • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
    • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
    • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
    • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
    • N=အခြေအနေကို မသိရသေးပါ။

    ဘေးထွက်ဆိုးကျိုးများ

    Eliquis ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

    အောက်ပါပြသနာများဖြစ်ရင် ဆရာဝန်နဲ့ ချက်ချင်းပြသပါ။

    • သွေးခြေဥလွယ်ခြင်း
    • ပုံမှန်မဟုတ်ဘဲ နှာခေါင်း၊ ပါးစပ်၊ မိန်းမကိုယ်၊ စအို စသည်တို့မှ သွေးထွက်ခြင်း
    • ဒဏ်ရာ (သို့) ဆေးထိုးထားသည့်နေရာမှ သွေးထွက်ခြင်း
    • သွေးမတိတ်ခြင်း
    • ဓမ္မတာများခြင်း
    • ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အားနည်းခြင်း၊ သတိလစ်သကဲ့သို့ ခံစားရခြင်း
    • ဆီးအရောင်နီခြင်း၊ ပန်းရောင်ဖြစ်ခြင်း၊ ညိုခြင်း
    • ဝမ်းမည်း၊ သွေးဝမ်းသွားခြင်း
    • ချောင်းဆိုးသွေးပါခြင်း၊ ကော်ဖီရောင် အန်ခြင်း

    ကျောရိုးဆစ်တဝိုက် သွေးခဲဖြစ်ခြင်း လက္ခဏာတွေဖြစ်တဲ့ ခါးနာခြင်း၊ ထုံခြင်း၊ ခန္ဓါကိုယ်အောက်ပိုင်း ကြွက်သားများ အားနည်းခြင်း၊ ဆီးဝမ်းမထိန်းနိုင်ခြင်း စတာတွေဖြစ်ရင် အရေးပေါ် ဆေးကုသမှု ခံယူပါ။

    ဓါတ်မတည့်ခြင်း လက္ခဏာတွေဖြစ်တဲ့ အရေပြားပေါ် အကွက်ဖြစ်ခြင်း၊ အင်ပျဉ်ထခြင်း၊ ယားယံခြင်း၊ နီရဲခြင်း၊ ရောင်ရမ်းခြင်း၊ အရည်ကြည်ဖုထခြင်း၊ ဖျားလျက် (သို့) မဖျားဘဲ အရေပြားကွာခြင်း၊ ရင်ဘတ်နှင့်လည်ချောင်း ကြပ်ခြင်း၊ အသက်ရှူရန် စကားပြောရန်ခက်ခြင်း၊ အသံဝင်ခြင်း၊ ပါးစပ် မျက်နှာ နှုတ်ခမ်း လျှာ လည်ချောင်း စသည်တို့ ရောင်ရမ်းခြင်း စတာတွေဖြစ်ရင် ဆေးကုသမှု ခံယူပါ။

    ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရချိန်မှာ တစ်ဦးနဲ့တစ်ဦး ကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိရင် သင့်ရဲ့ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

    ဆေးဓါတ်ပြုမှုများ

    ဘယ်ဆေးတွေက Eliquis နဲ့ ဓါတ်ပြုနိုင်သလဲ

    Eliquis®ဟာ သင်ယခု သောက်သုံးနေတဲ့ တခြားဆေးဝါးများနဲ့ ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက် ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုများ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးအားလုံး စာရင်း လုပ်ထားပြီး (စာရင်းလုပ်ရာတွင် ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲ သောက်သုံးနေသော၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါဝင်သည်) ဆရာဝန် (သို့်) ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက် မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကို ပြောင်းလဲခြင်းများ မပြုလုပ်ရပါ။ အောက်ပါဆေးဝါးများနဲ့ ဓါတ်ပြုနိုင်ခြေ ရှိပါတယ်။

    • John’s wort
    • ပဋိဇီဝဆေးများ- clarithromycin, rifampin, telithromycin
    • မှိုစွဲခြင်းကို ကုသသည့်ဆေးများ – itraconazole, ketoconazole, posaconazole, voriconazole
    • အသည်းရောင်အသားဝါ C ပိုးဆေးများ boceprevir or telaprevir
    • HIV/AIDS ဆေးဝါးများ – atazanavir, cobicistat (Evotaz, Stribild, Prezcobix, Tybost), fosamprenavir, indinavir, nelfinavir, ritonavir, saquinavir
    • အတက်ရောဂါကုဆေးများ – carbamazepine, fosphenytoin, phenobarbital, phenytoin
    • Dabigatran, dalteparin, enoxaparin, fondaparinux, heparin, tinzaparin, warfarin, Coumadin, Jantoven
    • စိတ်ကျရောဂါကုဆေးများ citalopram, duloxetine, escitalopram, fluoxetine (Prozac), fluvoxamine, paroxetine, sertraline (Zoloft), trazodone, venlafaxine, vilazodone
    • စတီးရွိုက်မဟုတ်သော အရောင်ကျဆေးများ ibuprofen (Advil, Motrin), naproxen (Aleve), celecoxib (Celebrex), diclofenac, indomethacin, meloxicam
    • Salicylates ဆေးများ aspirin, Nuprin Backache Caplet, Kaopectate, KneeRelief, Pamprin Cramp Formula, Pepto-Bismol, Tricosal, Trilisate

    အစားအသောက်တွေနဲ့ အရက်က Eliquis နဲ့ ဓါတ်ပြုနိုင်သလား

    Eliquis®ဟာ အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှု ပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ အစားအသောက်၊ အရက်သေစာများနဲ့ ဓါတ်ပြုနိုင်ခြေရှိမရှိ မေးမြန်းတိုင်ပင်ပါ။

    ဘယ်ရောဂါအခြေအနေတွေက Eliquis နဲ့ ဓါတ်ပြုနိုင်သလဲ

    Eliquis®ဟာ သင့်ကျန်းမာရေး အခြေအနေနဲ့ ပေါင်းစပ်ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။

    အောက်ပါရောဂါများရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

    • ကျောက်ကပ်ရောဂါ (သို့) ကျောက်ကပ်သန့်စင်ခြင်း လုပ်ဆောင်နေခြင်း
    • အသည်းရောဂါ

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Eliquis ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    လူကြီးများတွင် ခြေထောက်အတွင်းပိုင်း သွေးခဲခြင်းကို ကာကွယ်ရန်အတွက်

    ထောက်ခံမှုပြုထားတဲ့ ပမာဏကတော့ ၂.၅ မီလီဂရမ်ဆေးပြားကို တနေ့ ၂ကြိမ် သောက်သုံးဖို့ ဖြစ်ပါတယ်။ ပေါင်ဆစ်ရိုးအစားထိုးချိန် ၃၅ရက်၊ ဒူးဆစ် အစားထိုးချိန် ၁၂ရက် သောက်သု့းရပါတယ်။

    လူကြီးများတွင် ပေါင်ဆစ်ရိုးအစားထိုး ကုသမှုအပြီး ခြေထောက်အတွင်းပိုင်း သွေးခဲခြင်းကို ကာကွယ်ရန်အတွက်

    ထောက်ခံမှုပြုထားတဲ့ ပမာဏကတော့ ၂.၅ မီလီဂရမ်ဆေးပြားကို တနေ့ ၂ကြိမ် သောက်သုံးဖို့ ဖြစ်ပါတယ်။ ပေါင်ဆစ်ရိုးအစားထိုးချိန် ၃၅ရက်၊ ဒူးဆစ် အစားထိုးချိန် ၁၂ရက် သောက်သုံးရပါတယ်။

    လူကြီးများတွင် ဒူးဆစ်ရိုးအစားထိုး ကုသမှုအပြီး ခြေထောက်အတွင်းပိုင်း သွေးခဲခြင်းကို ကာကွယ်ရန်အတွက်

    ထောက်ခံမှုပြုထားတဲ့ ပမာဏကတော့ ၂.၅ မီလီဂရမ်ဆေးပြားကို တနေ့ ၂ကြိမ် သောက်သုံးဖို့ ဖြစ်ပါတယ်။ ပေါင်ဆစ်ရိုးအစားထိုးချိန် ၃၅ရက်၊ ဒူးဆစ် အစားထိုးချိန် ၁၂ရက် သောက်သုံးရပါတယ်။

    လူကြီးများတွင် နှလုံးခါခြင်းကြောင့် အဆုတ်သွေးကြော သွေးခဲခြင်းကို ကာကွယ်ရန်အတွက်

    ထောက်ခံမှုပြုထားတဲ့ ပမာဏကတော့ ၅ မီလီဂရမ်ဆေးပြားကို တနေ့ ၂ကြိမ် သောက်သုံးဖို့ ဖြစ်ပါတယ်။

    လူကြီးများတွင် သွေးကြောပိတ်လေဖြတ်ခြင်းကို ကာကွယ်ရန်အတွက်

    ထောက်ခံမှုပြုထားတဲ့ ပမာဏကတော့ ၅ မီလီဂရမ်ဆေးပြားကို တနေ့ ၂ကြိမ် သောက်သုံးဖို့ ဖြစ်ပါတယ်။

    လူကြီးများတွင် ခြေထောက်အတွင်းပိုင်း သွေးခဲခြင်းကို ကုသရန်

    ကနဦးပမာဏ။ ၁၀မီလီဂရမ်ဆေးပြားကို တရက်လျှင် ၂ကြိမ် ၇ရက်သောက်သုံးရန်။

    ဆက်လက်သောက်သုံးရန် ပမာဏ။ ၅ မီလီဂရမ် ဆေးပြားကို တရက်လျှင် ၂ကြိမ်။

    လူကြီးများတွင် အဆုတ်သွေးကြောပိတ်ဆို့ခြင်းအတွက်

    ကနဦးပမာဏ။ ၁၀မီလီဂရမ်ဆေးပြားကို တရက်လျှင် ၂ကြိမ် ၇ရက်သောက်သုံးရန်။

    ဆက်လက်သောက်သုံးရန် ပမာဏ။ ၅ မီလီဂရမ် ဆေးပြားကို တရက်လျှင် ၂ကြိမ်။

    ကလေးတွေအတွက် Eliquis ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    ကလေးတွေမှာ သုံးစွဲရမယ့် ပမာဏကို မသတ်မှတ်ထားသေးပါဘူး။ ကလေးတွေသောက်ဖို့ စိတ်မချရပါဘူး။ ဆေးဝါးတခုကို မသုံးစွဲခင်မှာ ဘေးကင်းမှုဘယ်လောက်ရှိတယ်ဆိုတာ သိနိုင်ဖို့ လိုပါတယ်။ ပိုသိရအောငိ ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူများနဲ့ တိုင်ပင်ပါ။

    Eliquis ကိုဘယ်လိုရရှိနိုင်သလဲ

    Eliquis®ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများ၊အချိုးအစားများနဲ့ရရှိနိုင်ပါတယ်

    • ၂.၅ မီလီဂရမ်apixaban ဆေးပြား

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏ လွန်သွားတဲ့အခြေအနေများမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှု ခံယူပါ။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Eliquis®ဆေးကို သုံးစွဲဖို့ လွတ်သွားခဲ့ရင် (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံး သုံးစွဲပါ။ ဒါပေမယ့် နောက်တစ်ကြိမ် သုံးစွဲရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်လွတ်သွားတဲ့ အကြိမ်ကို ကျော်ပြီးပုံမှန်အချိန်မှာသာ သုံးစွဲပါ။ ဆေးပမာဏကို နှစ်ဆတိုးသုံးစွဲခြင်း မလုပ်ပါနဲ့။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement