backup og meta

အစာ မခံဘဲ သောက်ရမယ့် ဆေးများ

တော်တော်များများက ဆေးသောက်ရင် အစာလေးစားပြီးမှ သောက်တတ်ကြပါတယ်။ ငယ်ငယ်တုန်းက နေမကောင်းဖြစ်လို့ ဆေးသောက်မယ်ဆိုရင်တောင် အစာလေး စားပြီးမှ သောက်ပါလားလို့ ပြောတတ်ကြပါတယ်။ တကယ်တမ်းကျတော့ ဆေးတိုင်းက အစာစားပြီးမှ သောက်ဖို့ မလိုပါဘူး။ တချို့ဆေးတွေဆိုရင် အစာနဲ့ သောက်လိုက်ကာမှ ကောင်းကျိုးထက် ဆိုးကျိုးထက် ပိုများသွားနိုင်တာ ရှိပါတယ်။ ဘာကြောင့်လဲဆိုတာ ကြည့်ကြရအောင်။

ဆေးတွေကို ဘာကြောင့် အစာမခံဘဲ သောက်ရတာလဲ။

အစာနဲ့ ဆေးနဲ့ ရောသောက်လိုက်တဲ့အခါ ဒါမှမဟုတ် အစာစားပြီးမှ ဆေးသောက်လိုက်တဲ့အခါ အစာအိမ်နဲ့ အူလမ်းကြောင်းက အစာတွေကို စုပ်ယူနေတဲ့အတွက် ဆေးကို စုပ်တာ နည်းသွားပါတယ်။ ဒီအခါ ဆေးက သောက်သာ သောက်လိုက်တာ အာနိသင် မရဘဲ အကျိုးမရှိ ဖြစ်သွားပါတယ်။

  • အစာနဲ့ ဆေးနဲ့ ဓာတ်ပြုစေတယ်။

အစာစားပြီးမှ သောက်လိုက်တဲ့အခါကျတော့ ကိုယ်စားလိုက်တဲ့ အစားအစာနဲ့ သောက်မယ့်ဆေးနဲ့က ဓာတ်ပြုတာတွေ ဖြစ်တတ်ပါတယ်။ တချို့သော အစားအသောက်တွေက ဆေးစုပ်ယူတာကို ဟန့်တားတယ် ဒါမှမဟုတ် မြန်မြန် စုပ်ယူစေတယ်။ ဒီတော့ ဆေးက သွေးထဲ ကောင်းကောင်းမရောက်တာ ဒါမှမဟုတ် သွေးထဲမှာ ပမာဏ များနေတာ စသဖြင့် လိုချင်တဲ့ အနေအထားကို မရောက်ဘဲ အန္တရာယ် ဖြစ်တတ်ပါတယ်။

တချို့သော အစားအစာတွေ (ဥပမာ ပြောရရင် ဂရိတ်ဖရု ဖျော်ရည်တွေ၊ cranberry ဖျော်ရည်တွေ၊ ဗီတာမင် ကေများတဲ့ ဟင်းသီးဟင်းရွက်တွေ၊ နို့နဲ့ ပိုတက်ဆီယမ်များတဲ့ ငှက်ပျောသီးလို အသီးတွေ) က သောက်လိုက်တဲ့ ဆေးရဲ့ အာနိသင်ကို ဓာတ်ပြယ်စေပါတယ်။ ဒါကြောင့် ဆေးသောက်နေပေမယ့် အကျိုးမရှိဘူး ဖြစ်ပါလိမ့်မယ်။

ဒါဆိုရင် အစာမခံဘဲ ဘယ်လိုသောက်ကြမလဲ။

အစာမခံဘဲ သောက်တယ်လို့ ပြောတဲ့နေရာမှာ ဆေးသောက်မယ့် အချိန်မှာ အစာအိမ်ထဲမှာ အစာရှိမနေရပါဘူး။ ဆိုလိုတာက ဆေးနဲ့ အစာနဲ့ ခြားသောက်လို့ ပြောချင်တာပါ။ အစာမစားခင် ၁နာရီ၊ ၂နာရီကြိုသောက်ရင်သောက် ဒါမှမဟုတ် စားလိုက်မိတယ်ဆိုရင်လည်း စားပြီး ၂နာရီလောက်မှ သောက်တာက ပိုအဆင်ပြေပါတယ်။ ဒါမှ ဆေးကို အစာအိမ်က လုံလုံလောက်လောက် စုပ်ယူနိုင်မှာပါ။

ဘယ်လိုဆေးတွေက အစာမခံဘဲ သောက်ရမလဲ။

  • ampicillin ပိုးသတ်ဆေးတွေ
  • bisacodyl ဝမ်းပျော့ဆေးတွေ
  • cloxacillin ပိုးသတ်ဆေးတွေ
  • didanosine HIVဆေးတွေ
  • etidronate အရိုးဆေးတွေ
  • risedronate အရိုးဆေးတွေ
  • sotalol နှလုံးထိန်းဆေးတွေ
  • sucralfate အစာအိမ်ဆေးတွေ
  • tetracycline ပိုးသတ်ဆေးတွေ
  • zafirlukast ပန်းနာရင်ကြပ်ဆေးတွေ စတာတွေပဲ ဖြစ်ပါတယ်။ ဒါတွေက ဥပမာ ပြထားတာတွေပါ။ တခြားဆေးတွေလည်း အများကြီး ရှိပါတယ်။

အစာခံရမလား မခံရဘူးလား ဘယ်လိုသိနိုင်မလဲ။

ဆရာဝန် ညွှန်ကြားတဲ့ဆေးဆိုရင်တော့ ဆရာဝန်ကို တစ်ခါတည်းမေးပါ။ ဆေးဆိုင်က ဝယ်သောက်တယ်ဆိုရင်တော့ ဆေးဝါးပညာရှင်ရှိရင် ဆေးဝါးပညာရှင်ကို မေးပါ။ မသိရင် ဆေးအညွှန်းကို သေချာဖတ်ပါ။

ဆေးသောက်တယ်ဆိုတာ ရောဂါသက်သာချင်လို့ သောက်တာပါ။ သောက်နည်းမမှန်ကန်ရင် ငွေကုန်ပြီး လူမသက်သာရုံပဲ ရှိပါမယ်။ ဆေးမသောက်ခင် အစာစားရမယ်ဆိုတာ အမြဲမမှန်ပါဘူး။ ဆေးတွေကို အညွှန်းအတိုင်း လိုက်နာပြီး သောက်ဖို့ အကြံပြုလိုပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.nhs.uk/common-health-questions/medicines/why-must-some-medicines-be-taken-on-an-empty-stomach/

https://www.medbroadcast.com/channel/medications-and-your-health/what-drug-label-warnings-mean/take-on-an-empty-stomach

ယခုပုံစံ

08/06/2020

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

တုပ်ကွေး ဖြစ်ရင် ပိုးသတ်ဆေးသောက်ဖို့ လိုမလား။

ကိုယ်ဝန်ဆောင်အားဆေးသောက်ခြင်းနဲ့ ပတ်သက်လို့ မေမေတို့ သိထားသင့်တဲ့အချက်တွေ ။ ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/06/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement