ဆေးဝါးဓါတ်ပြုမှုများ။
ဘယ်ဆေးဝါးတွေက diflunisal နဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်သလဲ။
ဒီဆေးနဲ့ ဓါတ်ပြုနိုင်တဲ့ ဆေးဝါးတွေကတော့ aliskiren, ACE inhibitors (ဥပမာ captopril, lisinopril), angiotensin II receptor blockers (ဥပမာ losartan, valsartan), antacids (ပုံမှန်သုံးစွဲခြင်း), cidofovir, corticosteroids (ဥပမာ prednisone), digoxin, ဗိုင်းရပ်စ်ပိုးအရှင်ပါဝင်တဲ့ တုပ်ကွေးကာကွယ်ဆေး, lithium, methotrexate, pemetrexed, probenecid, ဆီးဆေးများ (ဥပမာ furosemide, hydrochlorothiazide, triamterene) စတာတွေပဲ ဖြစ်ပါတယ်။
သွေးယိုစီးခြင်းကို ဖြစ်ပေါ်စေနိုင်တဲ့ အခြားဆေးများနဲ့ ဒီဆေးကို တွဲဖက်သုံးစွဲမယ်ဆိုရင် သွေးထွက်လွန်ခြင်းဖြစ်ပေါ်ဖို့ အန္တရာယ်ပိုများပါတယ်။ဥပမာ သွေးမွှားဥဆန့်ကျင်ဆေးများ (clopidogrel စသည်)၊ သွေးကျဲဆေးများ (dabigatran/enoxaparin/warfarin စသည်)။
အကိုက်အခဲပျောက်ဆေး နဲ့ အဖျားကျဆေးအများအပြား (ဥပမာ စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးများ – aspirin, ibuprofen, indomethacin, ketorolac သို့မဟုတ် naproxen စသည်)ဟာ diflunisal နဲ့ အတူတကွ သုံးစွဲမယ်ဆိုရင် diflunisal ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပိုဆိုးရွားစေနိုင်တာမို့ ဆရာဝန်ညွှန်ကြားတဲ့ ဆေးပဲဖြစ်ဖြစ်၊ဆရာဝန်လက်မှတ်မလိုဘဲ ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူနိုင်တဲ့ ဆေးပဲဖြစ်ဖြစ် ပါဝင်ပစ္စည်းတွေနဲ့ ဆေးညွှန်းကို သေချာစွာဖတ်ရှုသင့်ပါတယ်။ အထူးတလည်လိုအပ်တဲ့အခြေအနေတွေအတွက် (ဥပမာ နှလုံးရောဂါအတွက်၊လေဖြတ်ခြင်းကို ကာကွယ်ဖို့အတွက်) အက်စ်ပရင် ပမာဏအနည်းငယ် (အများအားဖြင့် တနေ့လျင် ၈၁ – ၃၂၅ မီလီဂရမ်)ကို သုံးစွဲဖို့ ဆရာဝန်က ညွှန်ကြားထားတယ်ဆိုရင်တော့ ဆက်လက်သုံးစွဲသင့်ပါတယ်။ အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် သင့်ဆရာဝန်ကို မေးမြန်းပါ။
ဒီဆေးဟာ အချို့သော ဓါတ်ခွဲစစ်ဆေးမှုအဖြေတွေကို အလွဲလွဲအချော်ချော်ဖြစ်အောင် နှောင့်ယှက်နိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ diflunisal သုံးစွဲနေကြောင်း ဓါတ်ခွဲခန်းတာဝန်ခံနဲ့ ဆရာဝန်တွေကို အသိပေးထားပါ။Diflunisal ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Diflunisal နဲ့ ဓါတ်ပြုနိုင်ပါသလား။
Diflunisal က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
ဘယ်လိုကျန်းမာရေးအခြေအနေတွေက Diflunisal နဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိမလဲ။
Diflunisal ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။
သောက်သုံးရန်အညွှန်း
ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။
အရွယ်ရောက်ပြီးသူတွေမှာ Diflunisal ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။
နာကျင်ခြင်းဝေဒနာအတွက် သုံးစွဲရန် ဆေးပမာဏ :
ကနဦးဆေးပမာဏ : ၁၀၀၀ မီလီဂရမ် (သောက်ဆေး)။
ဆက်လက်သုံးစွဲရန် ဆေးပမာဏ : တခါသောက်ရင် ၅၀၀ မီလီဂရမ်ပမာဏနဲ့ ၁၂ နာရီခြားတခါ သောက်ရပါမယ်။ တချို့လူနာတွေမှာ ၈ နာရီခြားတခါသောက်ဖို့ လိုပါလိမ့်မယ်။
အများဆုံးသုံးစွဲနိုင်သော ပမာဏ : တနေ့လျှင် ၁၅၀၀ မီလီဂရမ်။
မှတ်ချက်များ :နာကျင်မှုအတိုင်းအတာ၊ဆေးအပေါ် လူနာရဲ့တုံ့ပြန်မှု၊ကိုယ်အလေးချိန် ဒါမှမဟုတ် အသက်အရွယ်ကြီးရင့်မှုတို့အပေါ်မူတည်ပြီး အထက်မှာဖော်ပြခဲ့တာထက် နည်းပါးတဲ့ ဆေးပမာဏကိုလည်း သုံးစွဲနိုင်ပါတယ်။ဥပမာ ကနဦးဆေးပမာဏအဖြစ် ၂၅၀ မီလီဂရမ်သောက်သုံးပြီး နောက်ပိုင်းမှာ တခါသောက်ရင် ၂၅၀ မီလီဂရမ်ပမာဏနဲ့ ၈ နာရီ ဒါမှမဟုတ် ၁၂ နာရီခြားတခါ သုံးစွဲနိုင်ပါတယ်။
အသုံးပြုခြင်း : အပရိက နာကျင်မှုများနှင့် အတန်ငယ်ပြင်းထန်သော နာကျင်မှုများကို ကုသပေးဖို့ အသုံးပြုနိုင်ပါတယ်။
အရိုးနှင့်အဆစ်အမြစ်များရောင်ရမ်းနာကျင်ခြင်းအတွက် :
တနေ့လျင် ၅၀၀ – ၁၀၀၀ မီလီဂရမ် သောက်သုံးပေးရမှာဖြစ်ပြီး နှစ်ကြိမ်ခွဲသောက်ရပါမယ်။
မှတ်ချက် :
-လူနာရဲ့ အခြေအနေပေါ်မူတည်ပြီး ဆေးပမာဏကို လိုတိုးပိုလျှော့လုပ်ပေးနိုင်ပါတယ်။
-တနေ့ကို ဆေးပမာဏ ၁၅၀၀ မီလီဂရမ်ထက် မပိုရပါဘူး။
အသုံးပြုခြင်း : အရိုးနှင့်အဆစ်အမြစ်ရောင်ရမ်းနာကျင်ခြင်းများ၊ရူမတွိုက်အဆစ်အမြစ်ရောင်ရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။
ရူမတွိုက်အဆစ်အမြစ်ရောင်ရောဂါများအတွက်

ကျောက်ကပ်မထိခိုက်စေရန် ဆေးပမာဏ ထိန်းညှိခြင်း :
ကျောက်ကပ်ဆိုးဆိုးရွားရွား ပျက်စီးနေရင် ဒီဆေးကို အသုံးမပြုသင့်ပါဘူး။ တကယ်လို့ မဖြစ်မနေ အသုံးပြုရမယ်ဆိုရင် ကျောက်ကပ်ရဲ့ လုပ်ငန်းလုပ်ဆောင်နိုင်မှုအနေအထားကို အနီးကပ်စောင့်ကြည့်ရပါမယ်။
အသည်းမထိခိုက်စေရန် ဆေးပမာဏ ထိန်းညှိခြင်း :
-အသည်းစစ်ဆေးမှုရလာဒ်မကောင်းသူတွေ ဒါမှမဟုတ် အသည်းပျက်စီးခြင်းရဲ့ ရောဂါလက္ခဏာတစုံတရာ ပြသလာသူတွေအနေနဲ့ ပိုမိုပြင်းထန်တဲ့ အသည်းထိခိုက်မှုကို ခံစားနေရတာ ဖြစ်နေနိုင်တဲ့အတွက် အထူးဂရုပြုစစ်ဆေးရပါမယ်။
-အသည်းရောဂါတစုံတရာ ဖြစ်ပွားလာရင် ဒါမှမဟုတ် eosinophil လို့ခေါ်တဲ့ သွေးဖြူဥတမျိုးများပြားလာရင် ဒါမှမဟုတ် အနီစက်တွေထွက်လာရင် ဆေးသုံးစွဲမှုကို ချက်ချင်းရပ်တန့်ရပါမယ်။
ဆေးပမာဏ ထိန်းညှိခြင်း
သက်ကြီးရွယ်အိုလူနာတွေမှာ ဘေးထွက်ဆိုးကျိုးဖြစ်ပေါ်နိုင်ချေ နဲ့ ကျောက်ကပ်ထိနိုင်ချေ ပိုများတာကြောင့် ဆေးပမာဏကို လျှော့ပြီးပေးသင့်ပါတယ်။
အခြားသော မှတ်ချက်များ
အကြံပြုချက် :
-ဆေးပြားတပြားလုံးကို မြိုချပါ။ ဝါးစားခြင်း၊ချိုးပစ်ခြင်း မလုပ်ရပါဘူး။
အထွေထွေ :
-ကနဦးတုံ့ပြန်မှုအပေါ်မူတည်ပြီး ဆေးပမာဏနဲ့ အကြိမ်ရေကို လူနာနဲ့ လိုက်လျောညီထွေဖြစ်အောင် လိုတိုးပိုလျှော့ လုပ်နိုင်ပါတယ်။
-အခြားရွေးချယ်နိုင်တဲ့ ဆေးတွေနဲ့ နှိုင်းယှဉ်ရင် ဒီဆေးရဲ့ ကောင်းကျိုးဆိုးပြစ်တွေ ဘယ်လိုရှိသလဲဆိုတာ ကုသမှုမစတင်မီအချိန်ကတည်းက တွက်ဆချင့်ချိန်ရပါမယ်။
-ထိရောက်မှုရှိမယ့် အနည်းဆုံးဆေးပမာဏကို ဆရာဝန်အနေနဲ့ ရွေးချယ်ညွှန်ကြားရမှာဖြစ်ပြီး ဆေးသောက်ရမယ့်ကာလကိုလည်း နည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင် ရွေးချယ်ရပါမယ်။ လူနာတဦးနဲ့တဦး လိုအပ်ချက်ကတော့ မတူညီနိုင်ပါဘူး။
-စတီးရွိုက်မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေးတွေကို သုံးစွဲတဲ့အခါ နှလုံးထိခိုက်ခြင်း၊နှလုံးကောင်းစွာအလုပ်မလုပ်တော့ခြင်း၊လေဖြတ်ခြင်း အစရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒီလို ဆိုးကျိုးတွေဟာ ဆေးသုံးစွဲနေစဉ် ဘယ်အချိန်မှာမဆို ဖြစ်ပေါ်လာနိုင်ပြီး ကာလကြာရှည်စွဲသုံးလေ ဘေးထွက်ဆိုးကျိုးဖြစ်ပေါ်နိုင်ချေများလေပဲ ဖြစ်ပါတယ်။ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါရာဇဝင်ရှိခြင်း၊နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်ပေါ်စေနိုင်တဲ့ အချက်အလက်တွေရှိနေခြင်း ဒါမှမဟုတ် ဆေးပမာဏများများ သုံးစွဲရခြင်း အစရှိတဲ့ အကြောင်းရင်းတွေကြောင့်လည်း နှလုံးနဲ့ သွေးကြောဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေ ပိုလာနိုင်ပါတယ်။
စောင့်ကြည့်ခြင်း :
-နှလုံးနှင့် သွေးကြောဆိုင်ရာ : ဆေးစတင်သောက်တဲ့ အချိန်ကစပြီး သုံးစွဲနေစဉ်ကာလတလျှောက်လုံးမှာ သွေးပေါင်မှန်မှန် ချိန်ပေးရပါမယ်။
-အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ : အစာအိမ်နဲ့ အူလမ်းကြောင်းမှာ သွေးယိုစီးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ လက္ခဏာတွေကို စောင့်ကြည့်နေရပါမယ်။
-ကျောက်ကပ်ဆိုင်ရာ : ကျောက်ကပ်အခြေအနေကိုလည်း ဂရုတစိုက်စောင့်ကြည့်ရပါမယ်။ အထူးသဖြင့် ကျောက်ကပ်တွင်း သွေးအသွားအလာကောင်းစေဖို့အတွက် ပရိုစတာဂလန်ဒင်းဟော်မုန်းကို အားပြုနေရတဲ့ လူနာတွေမှာ ပိုအရေးကြီးပါတယ်။
-ကာလတာရှည်သုံးစွဲနေရတဲ့ လူနာတွေအားလုံးမှာ သွေးစစ်ဆေးမှုတွေ၊ကျောက်ကပ်နဲ့ အသည်းကောင်းစွာ အလုပ်လုပ်ခြင်း ရှိမရှိ စစ်ဆေးမှုတွေကို သတ်မှတ်ထားတဲ့ အချိန်ကာလတွေမှာ ပုံမှန်ပြုလုပ်ပေးရပါမယ်။
လူနာများအတွက် အကြံပြုချက် :
-အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ၊ဓါတ်မတည့်လက္ခဏာများ (အရေပြားမှာ ပေါ်ပေါက်လာတတ်တဲ့ လက္ခဏာများ အပါအဝင်)၊အသည်းထိခိုက်တဲ့ လက္ခဏာများ ပေါ်ပေါက်လာရင်၊အကြောင်းရင်းတစုံတရာမရှိဘဲ ကိုယ်အလေးချိန်တက်လာရင် ဒါမှမဟုတ် ဖောရောင်နေရင် ဆေးကုသမှုခံယူပါ။
-အသက်ရှုမဝခြင်း၊စကားပီသစွာ မပြောနိုင်တော့ခြင်း၊ရင်ဘတ်အောင့်ခြင်း၊ကိုယ်တခြမ်းကောင်းစွာ မလှုပ်နိုင်တော့ခြင်း အစရှိတဲ့ နှလုံးနဲ့ သွေးကြောဆိုင်ရာလက္ခဏာတွေ ပြလာပြီဆိုရင် အရေးပေါ်ဆေးကုသမှုကို အမြန်ဆုံးခံယူပါ။
-ကိုယ်ဝန်ရှိနေရင်၊ကိုယ်ဝန်ရှိလာနိုင်ရင် သို့မဟုတ် ကလေးနို့တိုက်နေရင် ဆရာဝန်ကို အသိပေးတိုင်ပင်ရပါမယ်။ ကလေးနို့တိုက်နေစဉ် ဒါမှမဟုတ် ကိုယ်ဝန်ရှိနေစဉ်မှာ ဒီဆေးကို မသုံးစွဲသင့်ပါဘူး။
ကလေးငယ်တွေမှာ Diflunisal ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။
နာကျင်ခြင်းဝေဒနာအတွက် သုံးစွဲရန် ဆေးပမာဏ :
အသက် ၁၂ နှစ်နှင့် အထက် :
ကနဦးဆေးပမာဏ : ၁၀၀၀ မီလီဂရမ် (သောက်ဆေး)။
ဆက်လက်သုံးစွဲရန် ဆေးပမာဏ : တခါသောက်ရင် ၅၀၀ မီလီဂရမ်ပမာဏနဲ့ ၁၂ နာရီခြားတခါ သောက်ရပါမယ်။ တချို့လူနာတွေမှာ ၈ နာရီခြားတခါသောက်ဖို့ လိုပါလိမ့်မယ်။
အများဆုံးသုံးစွဲနိုင်သော ပမာဏ : တနေ့လျှင် ၁၅၀၀ မီလီဂရမ်။
မှတ်ချက်များ :နာကျင်မှုအတိုင်းအတာ၊ဆေးအပေါ် လူနာရဲ့တုံ့ပြန်မှု၊ကိုယ်အလေးချိန် ဒါမှမဟုတ် အသက်အရွယ်ကြီးရင့်မှုတို့အပေါ်မူတည်ပြီး အထက်မှာဖော်ပြခဲ့တာထက် နည်းပါးတဲ့ ဆေးပမာဏကိုလည်း သုံးစွဲနိုင်ပါတယ်။ဥပမာ ကနဦးဆေးပမာဏအဖြစ် ၂၅၀ မီလီဂရမ်သောက်သုံးပြီး နောက်ပိုင်းမှာ တခါသောက်ရင် ၂၅၀ မီလီဂရမ်ပမာဏနဲ့ ၈ နာရီ ဒါမှမဟုတ် ၁၂ နာရီခြားတခါ သုံးစွဲနိုင်ပါတယ်။
အသုံးပြုခြင်း : အပရိက နာကျင်မှုများနှင့် အတန်ငယ်ပြင်းထန်သော နာကျင်မှုများကို ကုသပေးဖို့ အသုံးပြုနိုင်ပါတယ်။
အရိုးနှင့်အဆစ်အမြစ်များရောင်ရမ်းနာကျင်ခြင်းအတွက် :
အသက် ၁၂ နှစ်နှင့် အထက် : တနေ့လျင် ၅၀၀ – ၁၀၀၀ မီလီဂရမ် သောက်သုံးပေးရမှာဖြစ်ပြီး နှစ်ကြိမ်ခွဲသောက်ရပါမယ်။
မှတ်ချက် :
-လူနာရဲ့ အခြေအနေပေါ်မူတည်ပြီး ဆေးပမာဏကို လိုတိုးပိုလျှော့လုပ်ပေးနိုင်ပါတယ်။
-တနေ့ကို ဆေးပမာဏ ၁၅၀၀ မီလီဂရမ်ထက် မပိုရပါဘူး။
အသုံးပြုခြင်း : အရိုးနှင့်အဆစ်အမြစ်ရောင်ရမ်းနာကျင်ခြင်းများ၊ရူမတွိုက်အဆစ်အမြစ်ရောင်ရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။
ရူမတွိုက်အဆစ်အမြစ်ရောင်ရောဂါများအတွက်
အသက် ၁၂ နှစ်နှင့် အထက် : တနေ့လျင် ၅၀၀ – ၁၀၀၀ မီလီဂရမ် သောက်သုံးပေးရမှာဖြစ်ပြီး နှစ်ကြိမ်ခွဲသောက်ရပါမယ်။
မှတ်ချက် :
-လူနာရဲ့ အခြေအနေပေါ်မူတည်ပြီး ဆေးပမာဏကို လိုတိုးပိုလျှော့လုပ်ပေးနိုင်ပါတယ်။
-တနေ့ကို ဆေးပမာဏ ၁၅၀၀ မီလီဂရမ်ထက် မပိုရပါဘူး။
အသုံးပြုခြင်း : အရိုးနှင့်အဆစ်အမြစ်ရောင်ရမ်းနာကျင်ခြင်းများ၊ရူမတွိုက်အဆစ်အမြစ်ရောင်ရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။
Diflunisal ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။
Diflunisal ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။
Diflunisal ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။