အသုံးပြုပုံများ
Amoxicillin (အမောက်စလင်) ကို ဘာအတွက်အသုံးပြုကြသလဲ
Amoxicillin ကို ဘက်တီးရီးယားရောဂါများ ကုသရန်အသုံးပြုကြသည်။ ပင်နီဆလင်အမျိုးအစားဖြစ်ပါသည်။ ဘက်တီးရီးယားပိုးမွှား၏ ကြီးထွားမှုကို တားဆီးပေးပါသည်။ Amoxicillin ကို ဘက်တီးရီးယားကြောင့်ဖြစ်သော ရောဂါများအတွက်သာအသုံးပြုပါသည်။ အအေးမိခြင်း၊ တုပ်ကွေးမိခြင်းစသည့် ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ရောဂါများအတွက်အသုံးမဝင်ပါ။ မှားယွင်းအသုံးပြုမိပါက ဆေး၏အစွမ်းသတ္တိကို လျော့နည်းစေပါသည်။
Amoxicillin ကို ဘက်တီးရီးယားရောဂါကြောင့်ဖြစ်သော အစာအိမ်နာ ၊ အူနာရောဂါများကို ကုသရန်နှင့် အနာထပ်မဖြစ်အောင်ကာကွယ်ရန်အသုံးပြုကြပါသည်။
အထက်ပါဖော်ပြချက်သောရောဂါများအပြင် အခြားသော အသုံးပြုမှုများလည်းရှိနိုင်ပါသည်။ ဆရာဝန်ညွှန်ကြားချက် အတိုင်းအသုံးပြုရန် အရေးကြီးပါသည်။
Amoxicillin ကိုနှလုံးရောဂါများအတွက်လည်း အသုံးပြုနိုင်ပါသည်။ ဥပမာ သွားမနုတ်ခြင်း ၊ သွားဖုံးခွဲစိတ်မှုမလုပ်မီ နှလုံးအဆို့ရှင်ရောဂါသည်များအတွက် ရောဂါပိုးမွှားများမဝင်အောင် ကြိုတင်ကာကွယ်ရန် အသုံးပြုကြသည်။
Amoxicillin (အမောက်စလင်) ဘယ်လိုသောက်သုံးသင့်သလဲ
Amoxicillin ကို ဆရာဝန်ညွှန်ကြားသည့် အတိုင်းသောက်သုံးရမည်။ အများစုသည် ၈နာရီ သို့မဟုတ် ၁၂ နာရီ ခြားတစ်ခါ သောက်သုံးကြပါသည်။ ရောဂါပေါ်မူတည်၍ ဆေးပမာဏပြောင်းနိုင်ပါသည်။
ဆေးမသောက်မီ ရေလုံလုံလောက်လောက် သောက်သုံးပါ။
ပိုးသတ်ဆေးပမဏသည် ခန္တာကိုယ်တွင် တစ်သတ်မှတ်တည်းရှိမှသာ အကျိုးအာနိသင် ပိုမို ထိရောက်မှုရှိသည်။ ထို့ကြောင့် အချိန်မှန်မှန် သောက်သုံးသင့်ပါသည်။
ဆေးကိုရောဂါလက္ခဏာသက်သာသော်လည်း သတ်မှတ်ထားသော ရက်ရောက်သည်အထိအသုံးပြုရပါမည်။ အချိန်မတိုင်မီရပ်လိုက်ပါက ဘက်တီးရီးယားပိုးမွှားများ၏ ကြီးထွားမှုကို ပို၍များပြားလာစေနိုင်ပါသည်။
ဘေးထွက်ဆိုးကျိုးလက္ခဏာများပေါ်ပေါက်လာပါက ဆရာဝန်နှင့်တိုင်ပင်ပါ။
Amoxicillin (အမောက်စလင်) ဘယ်လိုသိမ်းဆည်းရမလဲ
ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်
Amoxicillin ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့Amoxicillin ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Amoxicillin ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။
Amoxicillin ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Amoxicillin (အမောက်စလင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
Amoxicillin၊ Penicillin ၊ Cephalosporin နှင့် အခြားသောဆေးများနှင့် ဓါတ်မတည့်မှုရှိပါက ဆရာဝန်သို့ကြိုတင် အကြောင်းကြားထားပါ။
- Amoxicillin မသောက်မီ မိမိသောက်သုံးနေသော တိုင်းရင်းဆေးနှင့် အခြားသောဆေးများရှိလျှင ်ဆရာဝန်ကိုကြိုတင်အသိပေးပါ။ အထူးသဖြင့် Chloramphenicol (Chlormycetin) နှင့် အခြားသောပိုးသတ်ဆေးများ ၊ probenecid (benemid)တို့ဖြစ်ပါသည်။ ဆရာဝန် သည် မိမိ၏အခြေအနေပေါ်မူတည်၍ ဆေးပမာဏအတိုးအလျော့ လုပ်သွားမည်ဖြစ်ပါသည်။
- မိမိတွင် ကျောက်ကပ်ရောဂါ၊ ဓါတ်မတည့်မှုများ၊ ပန်းနာရင်ကျပ် အစရှိသည့်ရောဂါများရှိလျှင် ဆရာဝန်ကိုကြိုတင်အကြောင်းကြားရပ်မည်။
- မိမိသည် ကိုယ်ဝန်ဆောင်ဖြစ်လျှင် သို့မဟုတ် ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိလျှင် ဆရာဝန်ကို ကြိုတင်၍ ပြောထားရမည်။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Amoxicillin (အမောက်စလင်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်ဟု သတ်မှတ်ထားသည်။
အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- A=ဆိုးကျိုးမရှိပါ။
- B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
- C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
- D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
- X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
- N=အခြေအနေကို မသိရသေးပါ။
ဘေးထွက်ဆိုးကျိုးများ
Amoxicillin (အမောက်စလင်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
ဓါတ်မတည့်သောရောဂါလက္ခဏာများဖြစ်သော အရေပြားတွင် အကွက်များဖြစ်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ မျက်နှာ နှုတ်ခမ်းနှင့် လျှာတို့ရောင်ရမ်းခြင်းဖြစ်လာလျှင် အရေးပေါ်ကုသမှုခံယူပါ။
ဆိုးရွားသော ဘေးထွက်ဆိုးကျိုးများမှာ
- ပါးစပ်တွင် အဖြုကွက်များပေါ်လာခြင်း
- ဖျားခြင်း ၊ပြန်ရည်ကျိတ်များရောင်ခြင်း၊ အနီကွက်ပေါ်ခြင်း ယားခြင်း ၊ အဆစ်အမြစ်ကိုက်ခြင်းများဖြစ်ပေါ် လာခြင်း
- အသားဝါခြင်း၊ ဆီးရောင်ရင့်ခြင်း၊ ဖျားခြင်း၊ မူးခြင်း ပင်ပန်းနှုံးချိခြင်းများဖြစ်ခြင်း
- ကျဉ်ခြင်း ၊ထုံခြင်း၊ နာကျင်ခြင်း ကြွက်သားများ အားနည်းခြင်း
- သွေးခြည်ဥလွယ်ခြင်း ၊နှာခေါင်း၊ ပါးစပ၊် ယောနိ အူမကြီးတွင်သွေးထွက်ခြင်း၊ အရေပြားပေါ်တွင် ခရမ်းရောင် သို့မဟုတ် အနီစက်များပေါ်ခြင်း တို့ဖြစ်ပါသည်။
သိပ်မပြင်းထန်သော ဘေးထွက်ဆိုးကျိုးများမှာ
- ဗိုက်အောင့်ခြင်း ၊မူးခြင်း နှင့် အန်ခြင်း
- ယောနိယားယံခြင်း၊ အဖြူဆင်းခြင်း
- ခေါင်းကိုက်ခြင်း
- လျှာထူခြင်း၊ရောင်ခြင်း တို့ဖြစ်ပါသည်။
ထိုသို့သောဘေးထွက်ဆိုးကျိုးများသည်လူတိုင်းတွင်မတွေ့ရ တတ်ပါ။ သင့်တွင် ဘေးထွက်ဆိုးကျိုးလက္ခဏာများ နဲ့ပတ်သက်ပြီး စိုးရိမ်စိတ်များရှိနေခဲ့လျှင် ဆရာဝန်နှင့် တိုင်ပင်ပါ။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Amoxicillin (အမောက်စလင်) နဲ့ ဓါတ်ပြုနိုင်သလဲ
Amoxicillin ဟာ သင်အခု လောလောဆယ် သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။
မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
ဖြစ်လေ့ရှိသောဆေးများမှာ Acrivastine၊ Bupropion၊ Chlortetracycline၊ Demeclocycline၊ Doxycycline၊ Lymecycline၊ Meclocycline၊ Methacycline၊ Methotrexate၊ Minocycline၊ Oxytetracycline၊ Rolitetracycline၊ Tetracycline၊ Venlafaxine၊ Warfarin၊ Acenocoumarol၊ Khat၊ Probenecid တို့ဖြစ်ပါသည်။
အစားအသောက်တွေနဲ့ အရက်က Amoxicillin (အမောက်စလင်) နဲ့ ဓါတ်ပြုနိုင်သလား
Amoxicillin က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Amoxicillin (အမောက်စလင်) နဲ့ ဓါတ်ပြုနိုင်သလဲ
Amoxicillin ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။
အထူုးသဖြင့်
- Penicillin သို့မဟုတ် Cephalosporin စသော ပိုးသတ်ဆေးနှင့် ဓါတ်မတည့်မှုများရှိလျှင်
- ဗိုင်းရပ်စ်ကြောင့်ဖြစ်သောရောဂါများတွင်အသုံးပြုမိလျှင်
- ကျောက်ကပ်ရောဂါရှိသူများဖြစ်လျှင် သတိထားရမည်။ ကျောက်ကပ်မှ စွန့်ထုတ်နိုင်စွမ်း ကျဆင်းသည့် အတွက် ဆေး၏အကျိုးသက်ရောက်မှုပို၍များနိုင်ပါသည်။
- Phenylketonuria (မွေးရာပါ phenylalanine ချေဖျက် နိုင်စွမ်း ကျဆင်းသောရောဂါ) – Phenylalanine ပါဝင်သောဆေးပြားများသည် ဒီရောဂါအခြေအနေကို ပို၍ ဆိုးရွားစေပါသည်။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Amoxicillin (အမောက်စလင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
Actinomycosis ရောဂါ – ၅၀၀မီလီဂရမ် တစ်နေ့သုံးကြိမ် သို့မဟုတ် ၈၇၅ မီလီဂရမ် တစ်နေ့နှစ်ကြိမ် ၆လ သောက်သုံးရပါသည်
ထောင့်သန်းနာရောဂါကာကွယ်ရန်အတွက် ၅၀၀မီလီဂရမ် ၈နာရီခြားတစ်ခါသောက်သုံးရပါမည်။
အရေပြားထောင့်သန်းနာရောဂါများအတွက် ၅၀၀မီလီဂရမ် ကိုတစ်နေ့ သုံးကြိမ်သောက်သုံးရပါမည်။
နှလုံးအတွင်းနံရံပိုးဝင် ရောင်ရမ်းခြင်းကိုကာကွယ်ရန် ခွဲစိတ်ခြင်းမပြုလုပ်မီ တစ်နာရီခန့် ၂ ဂရမ်ကြို ပေးထားရပါမည်။
Chlamydia (လိင်ဆက်ဆံရာမှ ကူးသော ကလက်မိုင်ဒီးယား) ရောဂါအတွက် ၅၀၀မီလီဂရမ် တစ်နေ့သုံးကြိမ် ၇ရက်သောက်ရပါမည်။ ကိုယ်ဝန်ဆောင်မိခင်များတွင် Erythromycin အစားထိုးအနေဖြင့်သောက်သုံးနိုင်ပါသည်။
ဆီးအိမ်ရောင်ရမ်းခြင်းအတွက် ၂၅၀-၅၀၀မီလီဂရမ် တစ်နေ့သုံးကြိမ် ၇ရက်သောက်ရပါမည်။ သို့ ၅၀၀-၈၇၅ မီလီဂရမ် တစ်နေ့နှစ်ကြိမ်သောက်သုံးရပါမည်။
ဆီးပိုးဝင်ခြင်းအတွက် ၂၅၀-၅၀၀မီလီဂရမ် တစ်နေ့သုံးကြိမ် ၇ရက်သောက်ရပါမည်။ သို့ ၅၀၀-၈၇၅မီလီဂရမ် တစ်နေ့နှစ်ကြိမ်သောက်သုံးရပါမည်။
အစာအိမ်ပိုး Helicobactor pylori ရောဂါအတွက် ၁ ဂရမ် တစ်နေ့ ၂-၃ကြိမ် ၁၄ရက်သောက်သုံးရပါမည်။
အဆစ်အမြစ်ရောင်ရောဂါ(Lyme Disease) အတွက် ၅၀၀မီလီဂရမ် တစ်နေ့သုံးကြိမ် ၁၄-၃၀ရက်အထိသောက်သုံးရပါမည်။
နှလုံးရောဂါ(Lyme Disease) အတွက် ၅၀၀မီလီဂရမ် တစ်နေ့သုံးကြိမ် ၁၄-၃၀ရက်အထိသောက်သုံးရပါမည်။
အရေပြားရောဂါ(Lyme Disease)အတွက် ၅၀၀မီလီဂရမ် တစ်နေ့သုံးကြိမ် ၁၄-၃၀ရက်အထိသောက်သုံးရပါမည်။
အာရုံကြောရောဂါ(Lyme Disease)အတွက် ၅၀၀မီလီဂရမ် တစ်နေ့သုံးကြိမ် ၁၄-၃၀ရက်အထိသောက်သုံးရပါမည်။
နားရောဂါအတွက် ၂၅၀-၅၀၀မီလီဂရမ် တစ်နေ့သုံးကြိမ် ၇ရက်သောက်ရပါမည်။ သို့ ၅၀၀-၈၇၅ မီလီဂရမ် တစ်နေ့နှစ်ကြိမ်သောက်သုံးရပါမည်။
နမိုးနီးယားအဆုတ်ရောင်ရောဂါအတွက် ၅၀၀မီလီဂရမ် တစ်နေ့သုံးကြိမ် ၇ရက်သောက်ရပါမည်။ သို့ ၅၀၀-၈၇၅ မီလီဂရမ် တစ်နေ့နှစ်ကြိမ် ၇ရက်မှ၁၀ရက်ထိသောက်သုံးရပါမည်။
ထိပ်ကပ်နာရောဂါအတွက်၂၅၀-၅၀၀မီလီဂရမ် တစ်နေ့သုံးကြိမ် ၇ရက်သောက်ရပါမည်။ သို့ ၅၀၀-၈၇၅ မီလီဂရမ် တစ်နေ့နှစ်ကြိမ်သောက်သုံးရပါမည်။
အရေပြားနှင့် တစ်ရှူးရောဂါများအတွက် ၂၅၀-၅၀၀မီလီဂရမ် တစ်နေ့သုံးကြိမ် ၇ရက်သောက်ရပါမည်။ သို့ ၅၀၀-၈၇၅မီလီဂရမ် တစ်နေ့နှစ်ကြိမ်သောက်သုံးရပါမည်။
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများအတွက် ၂၅၀-၅၀၀မီလီဂရမ် တစ်နေ့သုံးကြိမ် ၇ရက်သောက်ရပါမည်။ သို့မဟုတ် ၅၀၀-၈၇၅ မီလီဂရမ် တစ်နေ့နှစ်ကြိမ်သောက်သုံးရပါမည်။
လေပြွှန်ရောင်ရောဂါအတွက် ၂၅၀-၅၀၀မီလီဂရမ် တစ်နေ့သုံးကြိမ် ၇ရက်သောက်ရပါမည်။ သို့ ၅၀၀-၈၇၅ မီလီဂရမ် တစ်နေ့နှစ်ကြိမ်သောက်သုံးရပါမည်။
အာသီးရောင်နှင့် လည်ချောင်းနာရောဂါများအတွက်
- ချက်ချင်းအာနိသင်ပြလိုလျှင် ၂၅၀-၅၀၀မီလီဂရမ် တစ်နေ့သုံးကြိမ် ၇ရက်သောက်ရပါမည်။ သို့မဟုတ် ၅၀၀-၈၇၅ မီလီဂရမ် တစ်နေ့နှစ်ကြိမ်သောက်သုံးရပါမည်။
- တဖြည်းဖြည်းအာနိသင်ပြလိုလျှင် ၇၇၅ မီလီဂရမ်တစ်နေ့တစ်လုံး ထမင်းစားပြီးတစ်နာရီ ကို ၁၀ရက်သောက်သုံးရပါမည်။(ဥပမာ Streptococcus Pyogenes ရောဂါများ)
ဘက်တီးရီးယားရောဂါများအတွက် ၂၅၀-၅၀၀မီလီဂရမ် တစ်နေ့သုံးကြိမ် ၇-၂၁ရက်သောက်ရပါမည်။ သို့ မဟုတ် ၅၀၀-၈၇၅ မီလီဂရမ် တစ်နေ့နှစ်ကြိမ်သောက်သုံးရပါမည်။
ကလေးတွေအတွက် Amoxicillin (အမောက်စလင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
နှလုံးရောဂါကာကွယ်ရန် ခွဲစိတ်ခြင်းမပြုလုပ်မီ တစ်နာရီခန့် ကိုယ်အလေးချိန် ၁ ကီလိုဂရမ် လျှင် ဆေး ၅၀ မီလီဂရမ် (50mg/kg) ပေးထားရပါမည်။
ထောင့်သန်းနာရောဂါအတွက် ၁ ကီလိုဂရမ် လျှင် ၈၀ မီလီဂရမ် ၈နာရီခြားတစ်ခါသောက်သုံးရပါမည်။ အများဆုံးမှာ ၅၀၀မီလီဂရမ် ဖြစ်ပါသည်။
အရေပြားထောင့်သန်းနာရောဂါအတွက်၁ ကီလိုဂရမ် လျှင် ၈၀ မီလီဂရမ် ၈နာရီခြားတစ်ခါသောက်သုံးရပါမည်။ အများဆုံး ပမာဏမှာ ၅၀၀မီလီဂရမ် ဖြစ်ပါသည်။
နားရောင်ရမ်းခြင်း (otitis media) ရောဂါအတွက်
- ၄ပတ်မှ ၃လအထိ -၁ ကီလိုဂရမ် လျှင် ၂၀-၃၀ မီလီဂရမ် ၁၂နာရီခြားတစ်ခါသောက်သုံးရပါမည်။ (20-30 mg/kg/day)
- ၄လမှ ၁၂နှစ် အထိ – ၁ ကီလိုဂရမ် လျှင် ၅၀ မီလီဂရမ် ကို ၈-၁၂နာရီခြားတစ်ခါ သောက်သုံးရပါမည်။ Streptococcus Pneumonia ကြောင့်ဖြစ်သော နားရောင်ရမ်းရောဂါအတွက် ၁ ကီလိုဂရမ် လျှင် ၈၀- ၉၀ မီလီဂရမ် ကို ၁၂နာရီခြားတစ်ခါသောက်သုံးရပါမည်။(80-90 mg/kg/day)
အရေပြားနှင့် တစ်ရှူးရောဂါအတွက်
- ၄ပတ်မှ ၃လအထိ – ကိုယ်အလေးချိန် ၁ ကီလိုဂရမ် လျှင် ၂၀-၃၀မီလီဂရမ် ၁၂နာရီခြားတစ်ခါ သောက်သုံးရပါမည်။(20-30mg/kg/day)
- ၄လမှ ၁၂နှစ် အထိ – ကိုယ်အလေးချိန် ၁ ကီလိုဂရမ် လျှင် ၂၀- ၅၀ မီလီဂရမ် ကို ၈-၁၂နာရီခြားတစ်ခါ သောက်သုံးရပါမည်။(20-50mg/kg/day) ဆေးယဉ်ပါး Streptococcus Pneumonia အကောက်ကြောင့်ဖြစ်သော နားရောင်ရမ်း ရောဂါအတွက် ၁ ကီလိုဂရမ် လျှင် ၈၀-၉၀ မီလီဂရမ် ကို ၁၂နာရီခြားတစ်ခါသောက်သုံးရပါမည်။(80-90mg/kg/day)
ဆီးလမ်းကြောင်းရောဂါအတွက်
- ၄ပတ်မှ ၃လအထိ -၁ ကီလိုဂရမ် လျှင် ၂၀-၃၀ မီလီဂရမ် ၁၂နာရီခြားတစ်ခါသောက်သုံးရပါမည်။
- ၄လမှ ၁၂နှစ် အထိ – ၁ ကီလိုဂရမ် လျှင် ၂၀ – ၅၀ မီလီဂရမ် ကို ၈-၁၂နာရီခြားတစ်ခါသောက်သုံးရပါမည်။ ဆေးယဉ်ပါး Streptococcus Pneumonia အကောင် ကြောင့်ဖြစ်သော နားရောင်ရမ်း ရောဂါအတွက် ၁ ကီလိုဂရမ် လျှင် ၈၀-၉၀ မီလီဂရမ် ကို ၁၂နာရီခြားတစ်ခါသောက်သုံးရပါမည်။
နမိုးနီးယားရောဂါအတွက်
- ကိုယ်အလေးချိန် ၁ ကီလိုဂရမ် လျှင် ၄၀-၅၀ မီလီဂရမ် ကို ၈-၁၂နာရီခြားတစ်ခါသောက်သုံးရပါမည်။
အားသီးရောင်ရောဂါအတွက်
- ၄ပတ်မှ ၃လအထိ – ကိုယ်အလေးချိန် ၁ ကီလိုဂရမ် လျှင် ၂၀-၃၀ မီလီဂရမ် ၁၂နာရီခြားတစ်ခါသောက်သုံးရပါမည်။
- ၄လမှ ၁၂နှစ် အထိ – ၁ ကီလိုဂရမ် လျှင် ၅၀ မီလီဂရမ် ကို ၈-၁၂နာရီခြားတစ်ခါသောက်သုံးရပါမည်။
- ၁၂နှစ်အထက်ဆိုလျှင်။ ချက်ချင်းအာနိသင်ပြလိုလျှင် ၂၅၀ -၅၀၀မီလီဂရမ် တစ်နေ့သုံးကြိမ် ၇ရက်သောက်ရပါမည်။ သို့ ၅၀၀-၈၇၅ မီလီဂရမ် တစ်နေ့နှစ်ကြိမ်သောက်သုံးရပါမည်။ တဖြည်းဖြည်းအာနိသင်ပြလိုလျှင် ၇၇၅ မီလီဂရမ်တစ်နေ့တစ်လုံး ထမင်းစားပြီးတစ်နာရီ ကို ၁၀ရက်သောက်သုၤးရပါမည်။(ဥပမာ Streptococcus Pyogenes ရောဂါများ)
Amoxicillin (အမောက်စလင်) ကိုဘယ်လိုရရှိနိုင်သလဲ
Amoxicillin ကို ၂၅၀-၅၀၀မီလီဂရမ် ဆေးတောင့်ပုံစံများဖြင့်ရရှိနိုင်ပါသည်။
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ ဖြစ်စေ သွားရောက်ကုသမှုခံယူပါ
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Amoxicillin ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။