အောက်ပါအခြေအနေကို ကြုံတွေ့နေရမယ် ဆိုရင် ဝမ်းဗိုက်မိုင်ဂရန်း ဖြစ်ဖို့ အန္တရာယ်ပိုများပါတယ်။
- ဝမ်းဗိုက်မိုင်ဂရိန်းဖြစ်တဲ့ ကလေးအများစုရဲ့ မိသားစု ရာဇဝင်မှာ မိုင်ဂရိန်း ရောဂါ ခံစားရသူ ရှိနေတတ်ပါတယ်။ အဲ့ဒီလို ကလေးအများစုဟာ အသက်ကြီးလာတဲ့အခါ မိုင်ဂရိန်း ရောဂါ ခံစားဖို့ အခြေအနေ ပိုများပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Abdominal Migraine (ဝမ်းဗိုက်တစ်ခြမ်းအောင့်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ကလေးတွေမှာ ဖြစ်တတ်တဲ့ ဝမ်းဗိုက်မိုင်ဂရန်း နဲ့ ပုံမှန် ဗိုက်အောင့်ခြင်း ၊ stomach flu ဒါမှမဟုတ် အစာအိမ်၊အူ နဲ့ ပတ်သက်တဲ့ အခြား ပြဿနာတွေ ကို ခွဲရခက်ပါတယ်။ ဝမ်းဗိုက်မိုင်ဂရိန်းက မိသားစု အတွင်းမှာ ဖြစ်တတ်တဲ့ အတွက်ကြောင့် မိသားစုရာဇဝင်မှာ မိုင်ဂရိန်း ခေါင်းကိုက်ရောဂါ ရှိ၊ မရှိကို ဆရာဝန်က မေးမြန်းပါလိမ့်မယ်။
ဝမ်းဗိုက်အောင့်ခြင်းကို ဖြစ်စေတဲ့ အခြား အကြောင်းရင်းတွေကို ရှာဖွေဖို့ ကြိုးစားပါလိမ့်မယ်။ ကလေးဆီမှာ ဖြစ်နေတဲ့ ရောဂါလက္ခဏာတွေက ဝမ်းဗိုက် မိုင်ဂရိန်းရဲ့ လက္ခဏာတွေနဲ့ ဘယ်လောက်တူနေမလဲ ဆိုတာ အသေးစိတ်ကြည့်ပါလိမ့်မယ်။
ဝမ်းဗိုက်မိုင်ဂရိန်းရှိနေပြီလို ဆရာဝန်က သံသယ ဖြစ်မယ်ဆိုရင်တော့ အိပ်စ်ရေး ဒါမှမဟုတ် အာထရာဆောင်း ရိုက်ရပါလိမ့်မယ်
Abdominal Migraine (ဝမ်းဗိုက်တစ်ခြမ်းအောင့်ခြင်း) ကို ဘယ်လိုကုသပါသလဲ
တစ်ခါတစ်လေမှာတော့ ဘာက ပြဿနာ ဖြစ်နေသလဲဆိုတာကို သိရင် ကုရတာပိုလွယ်ပါတယ်။ ဝမ်းဗိုက်မိုင်ဂရိန်း ရောဂါအကြောင်းနဲ့ ပတ်သက်ပြီး သေချာမသိရသေးပေမယ့် ဆရာဝန်တွေကတော့ တခြား မိုင်ဂရိန်းရောဂါတွေလိုပဲ ကုတတ်ပါတယ်။ ဒါပေမယ့် ရောဂါလက္ခဏာတွေ အခြေအနေ ပိုမဆိုးလာသရွေ့တော့ ဆေးမညွှန်းပေးပါဘူး။ rizatriptan (Maxalt) နဲ့ triptans လို့ခေါ်တဲ့ sumatriptan (Imitrex) စတဲ့ ဆေးဝါးတွေကို ကလေးတွေ အတွက် သောက်သုံးခွင့်မပြုပါဘူး။ အသက်နည်းနည်းကြီးတဲ့ ကလေးတွေကတော့ sumatriptan ကို နှာခေါင်းဖြန်း စပရေး အဖြစ်အသုံးပြု နိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
နေထိုင်မှု ပုံစံ ပြောင်းလဲခြင်း နှင့် အိမ်တွင်းကုထုံးများ
ဝမ်းဗိုက်မိုင်ဂရိန်းကို ထိန်းချုပ်နိုင်မယ့် နေထိုင်မှု ပုံစံ နဲ့ အိမ်တွင်း ကုထုံးတွေက ဘာတွေ ဖြစ်မလဲ။
လိုက်နာသင့်တဲ့ အချက်အချို့ရှိနေပါတယ်။
- မိဘတွေနဲ့ ဆရာဝန်တွေရဲ့ အကူအညီကို ယူပြီး ဝမ်းဗိုက်မိုင်ဂရိန်းကို ကလေးက ဘာကြောင့်ခံစားနေရတယ် ဆိုတာကို ရှာဖွေဖော်ထုတ်နိုင်ပါတယ်။ ဒိုင်ယာရီထဲမှာ ဝေဒနာ ခံစားရတဲ့ အချိန်နဲ့ နေ့စွဲ၊ စားထားတဲ့ အစားအသောက်၊ ဝေဒနာ မခံစားရခင် ဘာလုပ်နေသလဲ၊ ဆေးတွေသောက်ထားသေးလား၊ သူ့ စိတ်ကို ပူပန်သောက ဖြစ်စေမယ့် အရာတွေ ရှိသလား စတာတွေကို မှတ်သားထားသင့်ပါတယ်။
- တကယ်လို့ အစားအသောက်ကြောင့် ဖြစ်တာဆိုရင် အဲ့ဒီအစားအစာကို ရှောင်ဖို့ ကြိုးစားကြည့်ပါ။ ဒါက သိပ်အများကြီး အလုပ်မဖြစ်ပါဘူး။
- အမျှင်ဓါတ်အများကြီးပါတဲ့ အစားအစာတွေကို စားသင့်ပါတယ်။ နေ့တိုင်းလေ့ကျင့်ခန်းလုပ်တာ၊ အိပ်ရေး၀၀ အိပ်တာ၊ စိတ်ခံစားမှု နဲ့ ပြဿနာတွေ ကို ဘယ်လိုထိန်းချုပ်စီမံရမယ် စတာတွေကို လမ်းညွှန်ပေးခြင်း အားဖြင့် ဝေဒနာခံစားရတာအတွက် အထောက်အကူ ဖြစ်နိုင်ပါတယ်။
မေးစရာတွေ ရှိနေမယ်ဆိုရင်ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မလဲဆိုတာကို အကြံဉာဏ်ရယူပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။