သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

null

သင်လျစ်လျူမရှုနိုင်တဲ့ lipolysis mesotherapy ရဲ့ ကောင်းကျိုးများ

    သင်လျစ်လျူမရှုနိုင်တဲ့ lipolysis mesotherapy ရဲ့ ကောင်းကျိုးများ

    အထူးသဖြင့် Europe နဲ့ အမေရိကမှာ အရေပြားအောက်က အဆီကိုဖယ်ထုတ်ဖို့အတွက် lipolysis mesotherapy ကို ပိုမို အသုံးများလာကြပါတယ်။ ဘယ်အချက်တွေကများ မကြာသေးမီက သူ့ကို ပိုမို လူကြိုက်များစေပါသလဲ။

    အောက်ဖေါ်ပြပါ အချက်တွေကတော့ သင်စိတ်ဝင်စားနိုင်မယ့် lipolysis mesotherapy ရဲ့ ကောင်းကျိုးတွေပဲ ဖြစ်ပါတယ်။

    ၁။ နာလန်ထချိန် မြန်ဆန်ခြင်း

    ဒါဟာ အခြားအချိန်ယူရတဲ့ lipolysis ကုသမှုတွေနဲ့ နှိုင်းယှဉ်ရင် lipolysis mesotherapy ရဲ့ လူသိအများဆုံး အကျိုးကျေးဇူးတစ်ခုပဲ ဖြစ်ပါတယ်။ lipolysis mesotherapy ဟာ ကိုယ်ခန္ဓါအတွင်း ထိုးဖေါက်ရန်မလိုပဲ လူနာတွေကို ပုံမှန်အလုပ်တွေ ပြန်လုပ်ဖို့အတွက် အချိန်များစွာယူခြင်း မရှိပါဘူး။

    ကုသမှုခံယူတဲ့နေ့မှာပဲ ကုသမှုအပြီးမှာ အိမ်ပြန်နိုင်မှာ ဖြစ်ပါတယ်။

    ၂။ ဈေးသက်သာခြင်း

    Liposuction ဟာ lipolysis mesotherapy နဲ့တူတဲ့ အဆီချနည်းတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် liposuction မှာ အလှအပဆိုင်ရာ ခွဲစိတ်မှုပါဝင်ပြီး lipolysis mesotherapy ကတော့ ခွဲစိတ်မှု မလိုအပ်ပါဘူး။ ဒီလိုကွာခြားမှုတွေ ရှိတာကြောင့် lipolysis mesotherapy ကို အသုံးပြုခြင်းဟာ ဈေးသက်သာပါတယ်။

    ၃။ မြန်ဆန်သော နည်းလမ်း

    လူနာတစ်ယောက်ချင်းစီပေါ်မူတည်ပြီး ကုသမှုဟာ အများဆုံး မိနစ်၃၀ ခန့်ကြာမြင့်နိုင်ပါတယ်။ ဒါဟာ နာရီအနည်းငယ်ကြာတဲ့ အခြား lipolysis နည်းတွေထက် ပိုပြီး မြန်ဆန်နိုင်ပါတယ်။

    ၄။ အာနိသင်လျင်မြန်စွာ ရခြင်း

    lipolysis mesotherapy ဟာ အချိန်ကြာမြင့်တဲ့ ကုသမှုအကြိမ်ပေါင်းများစွာ မလိုအပ်ပါဘူး။ ပြောင်းလဲမှုကို လျင်မြန်စွာ မြင်နိုင်ပြီး ပထမတစ်ကြိမ် ကုသမှုအပြီးမှာတင် မြင်နိုင်ပါတယ်။ သိသာထင်ရှားတဲ့ ရလဒ်တွေကို မြင်ရဖို့အတွက် ရက်သတ္တပတ်အနည်းငယ်သာ ကြာမြင့်နိုင်ပေမယ့် Liposuction ကတော့ လအနည်းငယ် ကြာမြင့်နိုင်ပါတယ်။

    ၅။ နာကျင်မှု ကင်းမဲ့ခြင်း

    lipolysis mesotherapy ကုသမှုယူခြင်းကြောင့် နာကျင်မှု ခံစားရခြင်း မရှိပါဘူး။ ဆရာဝန်တွေဟာ အရေပြားကို လွန်စွာ သေးငယ်တဲ့ ထိုးသွင်းခြင်းတွေကိုသာ ပြုလုပ်မှာဖြစ်ပါတယ်။ တကယ်လို့ သင်ကကြောက်တယ်ဆိုရင် ထုံဆေး အနည်းငယ်ကို အသုံးပြုနိုင်ပါတယ်။

    ၆။ နေရာစုံ အသုံးပြုနိုင်ခြင်း

    lipolysis mesotherapy မှာ ပါဝင်ပစ္စည်းတွေဟာ ထိုးသွင်းမယ့်နေရာနဲ့ သင့်လျော်အောင် ပြုလုပ်ထားပါတယ်။ ဒါကြောင့် သင့်ကိုယ်ခန္ဓါမှ အဆီများနေတဲ့နေရာတွေကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။

    ၇။ ဘေးထွက်ဆိုးကျိုး နည်းပါးခြင်း

    Cosmetic lipolysis လုပ်အပြီးမှာ အညိုအမဲစွဲခြင်း၊ ရောင်ရမ်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ lipolysis mesotherapy ကတော့ liposuction နဲ့ ယှဉ်ရင် အညိုအမဲစွဲခြင်းနဲ့ ရောင်ရမ်းခြင်း နည်းပါးပါတယ်။ ဒါကြောင့် ဒီကုသမှုနဲ့ဆို သက်တောင့်သက်သာ မရှိမှု နည်းပါးပါတယ်။

    lipolysis mesotherapy ရဲ့ ကောင်းကျိုးများစွာ ရှိပါတယ်။ ကုသမှုမခံယူခင် ကျွမ်းကျင်သူနဲ့ အရင်တိုင်ပင်ပြီး အချက်အလက်တွေကို လေ့လာသင့်ပါတယ်။

    health-tool-icon

    အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)

    အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်

    အမျိုးသား

    အမျိုးသမီး

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Dr . Phyu Mon Latt မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။