ဗိုက်အောင့်တာ သက်သာပျောက်ကင်းစေတဲ့ သဘာဝနည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

လူတိုင်းဗိုက်အောင့်ဖူးကြပြီး ဗိုက်အောင့်စေတဲ့အကြောင်းရင်းတွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် ဗိုက်အောင့်ခြင်းအများစုဟာ အန္တရာယ်ထူးထူးခြားခြားမရှိဘဲ ဘယ်လိုမျိုးထိထိရောက်ရောက်ကုသရမလဲဆိုတာသိရင် အလျင်အမြန်ပျောက်ကင်းသွားမှာပဲ ဖြစ်ပြီး ဒီလိုထိရောက်စွာကုသပေးနိုင်တဲ့ နည်းလမ်းလေးတွေဟာလည်း သင့်မီးဖိုချောင်ထဲမှာတင်ရှိနေပါတယ်။ အောက်မှာမျှဝေပေးချင်တာကတော့ ဗိုက်အောင့်ခြင်းကိုသက်သာအောင် အိမ်မှာပဲ အလွယ်တကူကုသပေးနိုင်တဲ့ သဘာဝဆေးနည်းလေးတွေပဲ ဖြစ်ပါတယ်။

ဂျင်း

ဟိုးအဘိုးအဘွားတွေလက်ထက်ကတည်းကစပြီး ဂျင်းဟာစွယ်စုံရအိမ်သုံးဆေးဝါး ဖြစ်ခဲ့တာကိုသိကြပါလိမ့်မယ်။ နာကျင်တာကအစပြုလို့ပျို့အန်မအီမသာဖြစ်တာတွေအထိ ဂျင်းကိုအသုံးပြုနိုင်ပါတယ်။ ဂျင်းဟာဗိုက်အောင့်ခြင်းအတွက် အင်မတန်အကျိုးရှိတဲ့သဘာဝဆေးနည်းတလက်ဖြစ်ကြောင်းကို မကြာသေးမီက ပြုလုပ်ခဲ့တဲ့သုတေသနလေ့လာချက်တွေအရ သိရှိခဲ့ရပါတယ်။ ဂျင်းဟာရောင်ရမ်းတာတွေကို သက်သာစေတဲ့သတ္တိရှိတဲ့အပြင် တခြားကျန်းမာရေးအကျိုးကျေးဇူးတွေအများအပြားကိုလည်း ပေးစွမ်းနိုင်တာမို့အစာကြေစေသလိုဗိုက်အောင့်တာကိုလည်း သက်သာစေပါတယ်။ တချို့တွေကဂျင်းနဲ့ပြုလုပ်ထားတဲ့သကြားလုံးလေးတွေ၊ ဖြည့်စွက်စာလေးတွေကို စားလေ့ရှိကြသလို တချို့ကျပြန်တော့လည်း ဂျင်းပြုတ်ရည်သောက်တာ ဒါမှမဟုတ် လက်ဖက်ရည်နဲ့ရောနှပ်ပြီး သောက်တာမျိုးကို ပိုကြိုက်နှစ်သက်ကြပါတယ်။ လူတကိုယ်အကြိုက်တမျိုးဆိုသလိုပေါ့။

ပူဒီနာ (ပူစီနံ)

ပူဒီနာမှာ menthol ဓါတ်ပါဝင်ပြီး အဆိုပါ menthol ဟာခံတွင်းအနံ့ကောင်းစေရုံသာမက သဘာဝအကိုက်အခဲပျောက်ဆေးတမျိုးလည်း ဖြစ်တာကြောင့် ပူဒီနာကိုပျို့အန်ခြင်းနဲ့ဗိုက်အောင့်ခြင်းတို့အတွက် တွင်ကျယ်စွာအသုံးပြုလေ့ရှိကြပါတယ်။ ဂျင်းနည်းတူ ပူဒီနာကိုလည်းပုံစံအမျိုးမျိုးနဲ့အသုံးပြုနိုင်ပါတယ်။ ပူဒီနာအရွက်ခပ်ထားတဲ့ရေနွေးကြမ်းပူပူလေးလုပ်သောက်လို့ရသလို သင်ကြိုက်နှစ်သက်ရာဟင်းလျာတွေထဲမှာလည်း ထည့်သွင်းချက်ပြုတ်နိုင်ပါသေးတယ်။ ဒါမှမဟုတ် ပူဒီနာအရွက်ကလေးကို အသာအယာဝါးစားနေရင်ကို အံ့ဩလောက်တဲ့ အာနိသင်တွေကိုရရှိနိုင်မှာ ဖြစ်ပါတယ်။ ပူဒီနာဟာအစာကြေစေသလို အစာစားချင်စိတ်ကိုလည်း ဖြစ်စေပါတယ်။ ဒါတင်မကသေးပါဘူး။ ဓမ္မတာလာစဉ်နာကျင်ကိုက်ခဲမှုတွေအတွက်လည်း ပူဒီနာဟာဆေးစွမ်းတလက် ဖြစ်ပါတယ်။

သံပုရာရည်နွေးနွေးလေး

အိုး သံပုရာရည်ဆိုပါလား။ ပူအိုက်လွန်းလှတဲ့နေ့မှာ အမောပြေသောက်စရာ ဖြစ်သလို ဗိုက်အောင့်နေစဉ်မှာလည်း ကယ်တင်ရှင် ဖြစ်ပါတယ်။ သံပုရာရည်ဟာဖျော်ဖို့ ဒါမှမဟုတ် သောက်ဖို့အလွယ်ကူဆုံးသောအရည်တမျိုးဆိုရင်လည်း မမှားပါဘူး။ ရေနွေးထည့်ထားတဲ့မက်ခွက်ထဲကို သံပုရာသီးတခြမ်းညှစ်ထည့်ပါ (သကြားနည်းနည်းလည်းထည့်ပါ)။ ဒါဆိုရင် ဗိုက်အောင့်ခြင်းကို သက်သာပျောက်ကင်းစေမယ့် အကောင်းဆုံးသောဖျော်ရည်တခွက်ကိုရရှိပါပြီ။ သတိထားရမယ့်အချက်က သံပုရာသီး ဒါမှမဟုတ် သကြားအလွန်အကျွံမထည့်မိဖို့ပဲ ဖြစ်ပါတယ်(တခြားအကျိုးသက်ရောက်မှုတွေ ဖြစ်လာစေနိုင်လို့ပါ)။

ဆားရေနွေးနွေးလေး

သင့်အိမ်မှာ ဂျင်း၊ ပူဒီနာ ဒါမှမဟုတ် သံပုရာသီးတခုမှ မရှိဖူးဆိုပါစို့။ မပူပါနဲ့။ ရေနွေးလေးတခွက်ရှိရုံနဲ့ အလုပ်ဖြစ်ပါတယ်။ ရနွေးနွေးလေးတခွက်နဲ့ ဆားလေးတဇွန်းစာလောက်ရှိရင် အိုကေပါပြီ။ အာနိသင် အကောင်းဆုံးရရှိနိုင်ဖို့အတွက် ဆားရည်နွေးနွေးလေးကို မြန်နိုင်သမျှ မြန်မြန်သောက်ချပါ။ ဒါပေမယ့် သင့်မှာသွေးတိုးရောဂါလိုမျိုး တခြားရောဂါတခုခုရှိနေမယ်ဆိုရင်တော့ ဒီနည်းကိုလုံးဝအသုံးမပြုသင့်ပါဘူး။

ပန်းသီး ဒါမှမဟုတ် ငှက်ပျောသီးနဲ့ ပြုလုပ်ထားတဲ့ဗနီဂါ

ဗနီဂါထဲမှာပါဝင်တဲ့အက်ဆစ်ဟာ သင့်အူလမ်းကြောင်းကို ရှင်းလင်းပေးနိုင်တဲ့အတွက် မကောင်းတဲ့ဘက်တီးရီးယားတွေကို ခန္ဓါကိုယ်ထဲကဖယ်ရှားပေးပြီး အကျိုးပြုဘက်တီးရီးယားတွေကို ဆက်လက်ရှင်သန်နေစေပါတယ်။ အချို့ကကြိုတင်ကာကွယ်တဲ့အနေနဲ့ဗနီဂါလက်ဖက်ရည်ဇွန်းနဲ့တဇွန်းကိုနေ့စဉ်သောက်လေ့ရှိကြပါတယ်။ တကယ်လို့ ဗနီဂါအရသာကို သင့်အနေနဲ့သိပ်မကြိုက်ဖူးဆိုရင်ဗနီဂါထဲကိုရေနဲ့ ပျားရည်အနည်းငယ်ရောစပ်ပြီးမှ ဖြည်းဖြည်းချင်းသောက်နိုင်ပါတယ်။

BRAT (ငှက်ပျောသီး၊ ဆန်၊ ပန်းသီအနှစ်နဲ့ပေါင်မုန့်မီးကင်) နဲ့ CRAP (ချယ်ရီသီး၊စပျစ်ခြောက်၊မန်မွန်သီးနဲ့ဆီးသီးခြောက်)

အထက်ဖော်ပြပါ အစားအစာတွဲဖက်မှုဟာ ဗိုက်အောင့်နေသူတွေအတွက် အသင့်တော်ဆုံးအတွဲအဖက် ဖြစ်ပါတယ်။ BRAT မှာပါဝင်တဲ့ အစားအစာတွေအားလုံးဟာ အမျှင်ဓါတ်အနည်းငယ်သာ ပါဝင်ပြီး သင့်အစာအိမ်ကိုထိခိုက်စေမယ့် ဆား ဒါမှမဟုတ် ငရုတ်သီးအစပ်တွေ လုံးဝမပါဝင်ပါဘူး။ ဒီအရသာသိပ်မပြင်းလှတဲ့ အတွဲအဖက်တွေဟာ သင်နေထိုင်မကောင်းဖြစ်နေတဲ့အချိန်မှာ ကျိန်းသေပေါက်စားပေးရမယ့် အစားအစာတွေဖြစ်ပါတယ်။ ဒါပေမယ့် တခြားအစားအစာတွေကိုလည်း စားဖို့လိုအပ်ပါသေးတယ်။ ပုံမှန်ထမင်းစားမယ့် အချိန်မှာ BRAT ကိုစားနိုင်ပြီး ထမင်းတနပ်နဲ့တနပ်ကြားအချိန်တွေမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သွားရည်စာအဖြစ် CRAP ကိုစားနိုင်ပါတယ်။ အမျှင်ဓါတ်အနည်းငယ်သာ ပါဝင်တဲ့အစားအစာတွေ ဖြစ်တဲ့အတွက် ဗိုက်အောင့်တာ၊ ပျို့အန်မအီမသာဖြစ်တာနဲ့ဝမ်းလျှောတာတွေကို သက်သာစေပါတယ်။ လေထတာ၊ ဝမ်းချုပ်တာ၊ မအီမသာဖြစ်တာ၊ ပျို့အန်တာ ဒါမှမဟုတ် အစာမကြေတာတွေဖြစ်နေရင် အဆိုပါအစားအစာတွေကို စားပေးခြင်းအားဖြင့်သက်သာရာရစေပါလိမ့်မယ်။ ဒီအစားအစာတွေနဲ့ဓါတ်မတည့်တာမျိုး ဒါမှမဟုတ် သူတို့ကြောင့် ပိုဆိုးသွားစေနိုင်တဲ့ရောဂါမျိုးတွေသင့်မှာ ရှိနေရင်တော့ မစားခင်မှာသင့်ဆရာဝန် ဒါမှမဟုတ်
အာဟာရပညာရှင်နဲ့ကြိုတင်တိုင်ပင်မေးမြန်းရမှာဖြစ်ပြီး သူတို့ကအကောင်းဆုံးသော အကြံဉာဏ်တွေကိုပေးပါလိမ့်မယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    နေလို့ထိုင်လို့ မကောင်းဘဲ ဗိုက်ထဲ မအီမသာဖြစ်နေပြီလား

    ဝမ်းဗိုက် မအီမသာဖြစ်ခြင်း အစာအိမ် အူလမ်းကြောင်း ဗိုက်အောင့် ဗိုက်နာ အိမ်တွင်းကုထုံး ချင်း ရေနွေး ပျားရည် ပန်းသီးရှာလကာရည် ရင်ခေါင်းတောင့် ရင်ခေါင်းအောင့်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    သားသားမီးမီးတို့ ဆီးလမ်းကြောင်းပိုးဝင်တာ သက်သာစေဖို့ ဘာတွေကျွေးမလဲ။

    ဆီးလမ်းကြောင်း သားသားမီးမီး ဆီးလမ်းကြောင်းပိုးဝင်တာ အစားအသောက်လေး ကိုယ်ပူမယ် အန်မယ် ဗိုက်အောင့် ဆီးထွက်ကျ ရေများများတိုက်ပါ အဆိပ်အတောက်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon

    ကလေးရဲ့ ဝမ်းချုပ်ပြဿနာ အတွက် မေမေတို့ ရဲ့ သောက

    ဝမ်းချုပ်ပြဿနာ ဝမ်းပုံမှန်မသွားလို့ ဝမ်းချုပ်ဝေဒနာ ဗိုက်အောင့် အစာခြေစနစ် အူလမ်းကြောင်း အကျိုးပြုဘက်တီးရီးယား Probiotic လေထိုးလေအောင့် အမျှင်ဓာတ် ကိုယ်ခံအား

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon

    ညဘက်မှာ အချဉ်စားလို့ရလား

    အိပ်ယာဝင်၊ အချဉ်၊ အစာအိမ်၊ ယုံတမ်းစကား၊ အလေ့အထ၊ လန်းဆန်းကျန်းမာ၊ ညစာ၊ ဗီတာမင် C၊ သစ်သီးဝလံ၊ citric acid အချဉ်ပေါက်၊ ဗိုက်အောင့်၊ ဗိုက်နာ၊ ချောင်းဆိုး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Zon Aung

    သင့်အတွက် ရွေးချယ်ထားသည်

    အစာအိမ်အနာနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

    အစာအိမ်အနာနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 4 mins read
    ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် သဘာဝဆေးနည်းတစ်လက်

    ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် သဘာဝဆေးနည်းတစ်လက်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 30, 2020 . 1 min read
    အစာအိမ်အနာလား၊ အူအနာလား ဘယ်လိုခွဲမလဲ။

    အစာအိမ်အနာလား၊ အူအနာလား ဘယ်လိုခွဲမလဲ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 20, 2020 . 2 mins read
    ဒီအချိန်ရောက်မှာ ကြောက်နေပြီလား။

    ဒီအချိန်ရောက်မှာ ကြောက်နေပြီလား။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 14, 2020 . 3 mins read