backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အသည်းရှိအဆိပ်အတောက်များကို သန့်စင်ပေးသော အစားအသောက်များ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသည်းရှိအဆိပ်အတောက်များကို သန့်စင်ပေးသော အစားအသောက်များ

သင့်ခန္ဓါကိုယ်တွင် နှလုံးပြီးလျှင် အသည်းသည် ဒုတိယအလုပ်လုပ်ရဆုံးအင်္ဂါဖြစ်သည်။ Bilirubin (အဝါဓါတ်)၊ အမိုးနီးယားနှင့် သွေးကြောထဲရှိအခြားသောအဆိပ်အတောက်များကိုအသည်းမှသန့်စင်ပေးရသည်။ ထိုကြောင့်သင့်အသည်းကိုဖြစ်နိုင်လျှင် အဆိပ်အတောက်များကြောင့် ထိခိုက်မှုနည်းနိုင်သမျှနည်းစေရန် သန့်စင်ပေးနိင်ရန် ကျန်းမာရေးဗဟုသုတအချို့ကို မျှဝေပေးချင်ပါသည်။

ဘယ်အချိန်မှာသင့်အသည်း၏အဆိပ်အတောက်များကိုသန့်စင်သင့်သလဲ။

အသည်းသည်သွေးကြောထဲရှိအခြားသောအဆိပ်အတောက်များကိုသန့်စင်ပေးခြင်း၊ အဆီကိုချေဖျက်ရန် အစာချေရည်ထုတ်ပေးခြင်း၊ ဟော်မုန်းအချို့ကိုဖျက်ပေးခြင်း၊ လိုအပ်သောသတ္တုဓါတ်၊ သံဓါတ်စသည်တို့ကိုသိုလှောင်ပေးခြင်းစသည့်လုပ်ငန်းတို့ကိုလုပ်ဆောင်ရသည်။

ခန္ဓါကိုယ်အတွက်လိုအပ်သောအာဟာရနှင့် မလိုအပ်သောပစ္စည်းများကိုလည်းခွဲခြားပေးသည်။ ထိုကြောင့် အသည်းသည် အဆိပ်အတောက်များနှင့် ပိတ်ဆို့နေလျှင် အထက်ပါ အရေးကြီးသည့်လုပ်ငန်းဆောင်တာများကိုမလုပ်နိုင်တော့ဘဲအောက်ပါလက္ခဏာများခံစားရနိုင်ပါသည်။

• ရေဖျဉ်းစွဲခြင်း

• အသည်းတည်ရှိရာဗိုက်၏ညာဘက်အပေါ်ပိုင်းတွင်အောင့်ခြင်း

• ဗိုက်အဆီများစုဝေးလာခြင်း

• အဆီများသောအစားအစာများစားလျှင် အစာမကြေဖြစ်ခြင်း

• သည်းခြေအိတ်ထုတ်လိုက်ရခြင်း

• ရင်ပူခြင်း၊ စားချဉ့်ပြန်ခြင်း

• အရေပြားပေါ်တွင် အသည်းအားနည်းခြင်းကြောင့် အမည်းစက်များပေါ်လာခြင်း

• ချွေးထွက်များခြင်းနှင့် ပုံမှန်ထက်ပူအိုက်တတ်လာခြင်း

• ဝက်ခြံနှငိ နီရဲသောဝက်ခြံများ၊ ယားယံသောအကွက်များထွက်ခြင်း

• ကိုယ်အလေးချိန် အလွန်အမင်းတက်လာခြင်းနှင့် အစားအသောက်ထိန်းသော်လည်းကိုယ်အလေးချိန်ကျမသွားခြင်း

အထက်ပါအချက်များကိုသတိပြူမိပါကသင့်ထံတွင် အသည်းရောဂါ ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေသင့် အသည်းကိုအဆိပ်အတောက်သန့်စင်သင့်ပါသည်။

အသည်းကိုအဆိပ်အတောက်သန့်စင်ရန် ဘယ်လိုအစားအသောက်တွေစားသင့်ပါသလဲ။

အရက်သေစာနှင့် မူးယစ်ဆေးများကိုရှောင်ကြဉ်ပါ။

၎င်းတို့ကိုသွေးကြောထဲတွင်အဆိပ်အတောက်ပမာဏနည်းစေရန် အသည်းမှသန့်စင်ပေးရသည်။ ထိုအခါ အသည်းသည် ပုံမှန်ထက်များစွာအလုပ်လုပ်ရသဖြင့် ပျက်စီးလာရသည်။ ထိုအခါ သင့်ခန္ဒါကိုယ်၏ဇီဝကမ္မဖြစ်စဉ်တွင်လိုအပ်သောစွမ်းအင်များဆုံးရှုံးပြီး နွမ်းနယ်ခြင်း၊ ထိုင်းမှိုင်းလေးလံခြင်း၊ အိပ်ငိုက်ခြင်းနှင့် ကိုယ်အလေးချိန်တက်ခြင်းတို့ဖြစ်လာရသည်။

ရေများများသောက်ပါ။

ရေလောက် သင့်အသည်းကိုသန့်စင်ပေးနိုင်သောအရာမရှိပါ။ ရေတွင် သဘာဝသတ္တုဓါတ်များပါဝင်သည်။ ရေသောက်လျှင် သံရာရည်အနည်းငယ်ထည့်သောက်ခြင်းဖြင့် သင့်ကိုယ်တွင်း alkali (အယ်လ်ကာလီ)ဓါတ်ကိုထိန်းညှိပေးပြီးသွေးသားကိုသန့်စင်စေသည်။ သံပုရာသီး အပါအဝင် အခြားချဉ်သောအသီးများသည် ဗီတာမင်စီဓါတ်နှင် သတ္တုဓါတ်များစွာပါဝင်သောကြောင့် သင့်ခန္ဒါကိုယ်၏စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးပြီးအသည်း၏ အဆိပ်အတောက်သန့်စင်နိုင်မှုကိုလည်းတိုးမြှင့်ပေးသည်။

အကောင်းဆုံးသောအစာများကိုစားပါ။

သန့်ရှင်းလတ်ဆတ်ပြီးမဂ္ဂနီဆီယမ်၊ ကလိုရိုဖီးလ်၊ ဗီတာမင်အေ နှင့် ဗီတာမင်စီ ကြွယ်ဝသော အသီးအရွက်များကိုစားပါ။ ၎င်းတို့သည် သင့်အသည်းကိုသန့်စင်စေမည့် အကောင်းဆုံးသောအစာများဖြစ်သည့်အပြင် ငင့်အတွက်စွမ်းအင်လည်းတိုးပေမည်။

မစားသုံးသင့်သောဆီများကိုရှောင်ကြဉ်ပါ။

အသည်း၏တာဝန်သည် အဆီကိုချေဖျက်ရန် အစာချေရည်ထုတ်ပေးရခြင်းဖြစ်သည်။ ထို့ကြောင့် သင်သည် စားသုံးသင့်သောဆီနှင့် မစားသင့်သောဆီများကိုသေချာစွာသိရန်လိုအပ်သည်။ တိရိစ္ဆာန်မှရသောအဆီနှင့် ပြောင်းဖူးဆီ၊ ပဲပိစပ်ဆီတို့သည် သွေးကြောထဲတွင်ပိတ်နိုင်သဖြင့် ရှောင်ကြဉ်သင့်သည်။

သင့်အသည်းအတွက်ကျန်းမာစေရန် အကောင်းဆုံးဆီများမှာမက်မွန်ဆီ၊ အုန်းဆီ၊ သစ်ကြားသီးဆီ၊ လျှော်ဆီ၊ နှမ်းကြတ်ဆီ၊ ဖရုံဆီ၊ နေကြာဆီ၊ သံလွင်ဆီနှင့်ထောပတ်သီးဆီတို့ဖြစ်သည်။

အချုပ်ဆိုရသော် သင်သည် အထက်ဖော်ပြပါ အသည်းနှင့်ပက်သက်သောလက္ခါများခံစားနေရပါကသင့်အသည်းကိုသန့်စင်အောင်နေထိုင်ပြီး ကျန်းမာသောဘဝကို ရယူလိုက်ပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement