backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

စိတ်ဖိစီးလို့ ဗိုက်အောင့်တာ ဒီတိုင်းကြိတ်ခံနေတော့မလား


Yun Sandi Nan Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

စိတ်ဖိစီးလို့ ဗိုက်အောင့်တာ ဒီတိုင်းကြိတ်ခံနေတော့မလား

တစ်ခုခုကြောင့် စိတ်တိုဒေါသထွက်တဲ့အခါ၊ စိတ်ညစ်သွားရတဲ့အခါ စိတ်ဖိစီးနေတဲ့အခါ ဒါမှမဟုတ် စိတ်အရမ်းလှုပ်ရှားနေတဲ့အခါ ရင်တွေတုန်လာတယ်၊ ရင်ပူလာတယ်၊ မောတယ် ဆိုတာဖြစ်လေ့ရှိတဲ့ အရာတွေပါ။ ဒါပေမယ့် တချို့တွေမှာ အခန့်မသင့်ရင်၊ အထူးသဖြင့် အစာခြေစနစ် သိပ်မကောင်းတဲ့သူတွေမှာ ချက်ချင်းဗိုက်ထဲပူလောင်မှုဝေဒနာခံစားရပြီး၊ စူးခနဲအောင့်တာမျိုး ဖြစ်တတ်ပါတယ်။

ဥပမာ ပါးလှပ်နေတဲ့ ပိုက်ဆံအိတ်ကိုဖွင့်ကြည့်မိရင်လည်း ရင်ထဲပူလောင်လာရော မဟုတ်လား။

စိတ်ဖိစီးမှုကြောင့် အစာအိမ်မှာညှစ်ထားသလိုခံစားရပြီး ရင်ခေါင်းနားမှာပူနေပါရော။ ရင်ခေါင်းတွေတောင့်ပြီး အစာလည်းမကြေတော့ဘူး။ အရင်တည်းက ရင်ပူနာဖြစ်တတ်တဲ့သူ၊ ဖြစ်ဖူးတဲ့သူဆို စိတ်ဖိစီးမှုကြောင့် လက္ခဏာပိုဆိုးစေနိုင်ပါတယ်။ ရင်ပူနာဆိုတာ အစာခြေရည်ပြန်ဆန်တက်တဲ့ Acid Reflux ရောဂါရဲ့လက္ခဏာတစ်ခုဖြစ်နေလို့ပါ။

ဘယ်အချိန်မှာဖြစ်လဲဆိုတော့ အစာခြေအက်စစ်တွေက အစာရေမျိုထဲကို ပြန်တက်လာတဲ့အခါမှာပေါ့။ စားချလိုက်တဲ့ အစာက အစာအိမ်ထဲရောက်တာနဲ့ ခန္ဓါကိုယ်က ချေဖျက်ဖို့အက်စစ်ထုတ်ပေးပါတယ်။ အဲဒီအက်စစ်က အစာအိမ်ထဲမှာရှိတဲ့အခါမှာ ဘာမှမဖြစ်ပေမယ့် အစာရေမျိုထဲရောက်တဲ့အခါ လောင်ပါတော့တယ်။

ဒီဝေဒနာတွေဖြစ်လာရင်တော့ ကယ်နိုင်တာက အမြန်သက်သာစေနိုင်တဲ့ အစာအိမ်လေဆေးတွေဖြစ်ပါတယ်။ ဖြစ်တာကြာလာရင်တော့ ဆေးခန်းပြပြီး မြန်မြန်ကုသလိုက်နော်။ ဘာလို့ဆို ဘာဆေးမှမသောက်ဘဲ၊ ကုသမှုမခံယူဘဲ ကြိတ်ခံနေရင် အစာရေမျိုနံရံတွေမှာရောင်ရမ်းလာပြီး သွေးယိုတဲ့အထိ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

ဒါလေးတွေလည်း လုပ်ကြည့်ပါ

  • ဆေးလိပ်နဲ့အရက်ကို လျှော့ပါ။ ရောဂါကိုပိုဆိုးစေနိုင်ပါတယ်။
  • ကိုယ်လက်လှုပ်ရှားပေးပါ။ စိတ်ဖိစီးမှုကို လျော့ပါးစေပြီး အစာပိုကြေစေပါတယ်။ ဥပမာ ယောဂလေ့ကျင့်ခန်း ဒါမှမဟုတ် အားကစားသင်တန်းသွားလိုက်ပါ။
  • ညဘက် အိပ်ရေးဝအောင်အိပ်ပါ။
  • စိတ်ညစ်လို့ဆိုပြီး ညဘက်သရေစာ ထထစားတာ သတိထားပါ။ အစာစားပြီး ပြန်အိပ်တာက Acid Reflux နဲ့ ရင်ပူခြင်းကို ပိုဆိုးစေနိုင်ပါတယ်။
  • စိတ်လေးနည်းနည်းလျှော့ပါ။ တအားတင်းမာမထားဘဲ အရာရာကို နားလည်လက်ခံပေးဖို့ ကြိုးစားပါ။
  • အပူအစပ်တွေ၊ အချဉ်တွေနဲ့ Acid Reflux ဖြစ်စေတဲ့တခြား အစားအသောက်တွေကိုရှောင်ပါ။ ချောကလက်၊ ကဖင်းနဲ့ အဆီများတဲ့စားစရာတွေလည်း ပါတယ်နော်။
  • အစားအများကြီးစားတာလည်း ရင်ပူစေနိုင်ပါတယ်။ တစ်ကြိမ်တည်းအများကြီးမစားဘဲ ပမာဏလျော့ပြီး အကြိမ်ရေခွဲစားပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Yun Sandi Nan Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement