backup og meta

မအီမသာဖြစ်ခြင်းကို သက်သာစေမည့် အစားအသောက်များ


Dr. K Zin Thwe မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မအီမသာဖြစ်ခြင်းကို သက်သာစေမည့် အစားအသောက်များ

    သင်သည် မအီမသာခံစားနေရပါလျှင် အရင်ဦးဆုံး သင်စားသောက်ခဲ့သော အစားအသောက်များကြောင့်ဖြစ်သည်ဟု စဉ်းစားမိပါလိမ့်မည်။ သို့သော် သင့်ကျန်းမာရေးအတွက် အာဟာရဓါတ်လုံလောက်စွာ စားသုံးရန်လိုအပ်ပါသည်။

    အချို့သော အစားအစာများသည် မအီမသာဖြစ်စေသော်လည်း အချို့သောအစားအစာများစားခြင်းဖြင့်လည်း ထိုမအီမသာဖြစ်မှုများကို ပျောက်ကင်းစေပါသည်။

    ပန်းသီး

    ပန်းသီးသည် မအီမသာဖြစ်ခြင်းကို သက်သာစေသော်လည်း ပမာဏများစွာ တပြိုင်နက်စားလိုက်လျှင် သင့်ကိုပိုနေရဆိုးစေပါသည်။ တနေ့ပတ်လုံး ပန်းသီး၊ အသီးအရွက် စသည့် အမျှင်ဓါတ်များသော အစားအစာများကို ဖြေးဖြေးစားပေးပါ။

    သင်သည် မာသော အစာများကို အစာခြေနိုင်စွမ်းမရှိပါက ပန်းသီးအနှစ်၊ ပန်းသီးဖျော်ရည်တို့သောက်နိုင်ပါသည်။

    ဌက်ပျောသီး

    သင်သည် မအီမသာဖြစ်ပြီး ရေဓါတ်ခမ်းခြောက်မှုဖြစ်ပါက သို့မဟုတ် အန်ပါက အချို့သော အသီးများကသင့်အတွက် သက်သာစေပါလိမ့်မည်။

    ဌက်ပျောသီးသည် အန်ပြီး ဝမ်းလျှောပြီးတွင် ခန္ဓါကိုယ်မှ ဆုံးရှုံးသွားသော ပိုတက်ဆီယံဓါတ်ကို ပြန်ဖြည့်ပေးနိုင်သည်။ သင် ဝေဒနာသက်သာလာပြီး အစာပြန်စားနိုင်စအချိန်တွင် ဆရာဝန်က ဌက်ပျောသီးကဲ့သို့သော အစာပျော့မျိုးကို စကျွေးပါလိမ့်မည်။

    ဘီစကစ်မုန့်

    ပေါင်မုန့်၊ ပေါင်မုန့်ကြွပ်နှင့် ပေါင်မုန့်ကင်တို့ကဲ့သို့ ကစီဓါတ်ကြွယ်ဝသောအစားအစာများသည် အစာအိမ်တွင် အက်ဆစ်ဓါတ်ကို စုပ်ယူပေးပြီး ပျို့အန်ချင်ခြင်းကို လျော့ကျစေသည်။ သင်ညအိပ်ခါနီး ဘီစကွတ်အချို့ကို စားပေးခြင်းသည် မနက်မိုးလင်းလာလျှင် မအီမသာဖြစ်ခြင်းကို လျော့နည်းစေသည်။

    ဂျင်း

    ဂျငိးသည် ပျို့ခြင်း၊ အန်ခြင်းကို လျော့နည်းစေသည်။ ဂျင်းဖြင့်ပြုလုပ်ထားသော လက်ဘက်ရည်၊ ဘီယာ၊ ကွတ်ကီး၊ သကြားလုံး နှင့် ဆူရှီနှင့်တွဲစားရသော ဂျင်းဆားရည်စိမ် စသည်တို့ဖြင့် စားသုံးနိုင်သည်။

    အခွံမာသီးများ

    ပရိုတင်းဓါတ်နည်းခြင်းသည် ပျို့အန်ခြင်းကို ပိုဆိုးစေသည်။ ထို့ကြောင့် ပရိုတင်းဓါတ်ပြည့်ဝသော အခွံမာသီများ၊ မြေပဲထောပတ်(ဓါတ်မတည့်ခြင်း မရှိလျှင်)စသည်တို့သည် အစာခြေလွယ်စေသည်။

    ထို့ပြင် ကုန်ဆုံးသွားသော အားအင်များကို လျှင်မြန်စွာပြန်ဖြည့်နိုင်ပြီး မအီမသာဖြစ်ခြင်းကိုလည်း သက်သာစေသည်။

    အားကစားလုပ်ရာတွင်သောက်သော အချိုရည်များ

    အားကစားလုပ်ရာတွင်သောက်သော အချိုရည်အများစုသည် ဆိုဒီယံနှင့် ပို တက်ဆီယံဓါတ်များ ကြွယ်ဝကြသည်။ သို့သော ်သင်သည် အားကစားသမားတဦးမဟုတ်လည်း ထိုအားဖြည့်အချိုရည်များကို သောက်သုံးနိုင်ပါသည်။ ၎င်းတို့သည် မအီမသာဖြစ်ခြင်းကို သက်သာစေပါသည်။

    ပူစီနံ

    ပူစီနံသည် မအီမသာဖြစ်ခြင်းကို သက်သာစေကြောင်းလူသိများသည်။ ဂျင်းကဲ့သို့ပင် ပူစီနံကိုလည်း အလွယ်တကူဝယ်ယူနိုင်ပါသည်။ ပူစီနံအနံ့ကို စိတ်ကြည်လင်စေရန် ရှုနိုင်ပါသည်။ သို့သော် ပူစီနံကို စားခြင်းက သင့်ဖြစ်နေသော မအီမသာခံစားမှုကို ထိရောက်စွာ သက်သာစေပါလိမ့်မည်။

    ရေ နှင့် ရေခဲချပ်များ

    ရေနည်းနည်းစီသောက်ပေးခြင်းဖြင့် ခေါင်းကိုက်ခြင်းနှင့် ပျို့ခြင်းတို့ကို လျော့နည်းစေသည်။ သင့်အစာအိမ်ကလက်ခံနိုင်သလောက်ရေပမာဏကို နည်းနည်းချင်းစီ စသောက်ပါ။ ရေခဲချပ်များသည်လည်း အအေးမိခြင်း၊ ကား၊သင်္ဘော၊ လေယာဉ်မူးခြင်း၊ အအေးမိတုပ်ကွေးဖြစ်ခြင်း၊ ကိုယ်ဝန်ဆောင်ချိန်ပျို့ခြင်း၊ အစာအဆိပ်သင့်ခြင်းနှင့် ကင်ဆာဆေးများကြောင့် ပျို့အန်ခြင်းတို့ကို သက်သာစေပါသည်။

    ရေခဲသည် အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ကြောင့်ရေဓါတ်ခမ်းခြောက်ခြင်းတို့ကိုလည်းလျှော့နည်းစေပါသည်။ သံပရာ၊ လီမွန်စသည့်အရသာများနှင့် ပြုလုပ်ထားသော ရေခဲတုံးများကို ဝါးမစားဘဲ ပါးစပ်ထဲတွင် ငုံထားခြင်းဖြင့်လည်း မအီမသာဖြစ်ခြင်းကို သက်သာစေပါသည်။

    အထက်ဖော်ပြပါနည်းလမ်းများသည် သင်မအီမသာဖြစ်နေသောအခါ ကူညီပေးနိုင်သော နည်းလမ်းများဖြစ်ပါသည်။ ထိုအနက်မှ အချို့အစားအစာများသည် ကင်ဆာရောဂါသည်များနှင့် မနက်အိပ်ရာထချိန် ပျို့အန်သော သူများအတွက် ကောင်းကျိုးများစွာရှိပါသည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. K Zin Thwe မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement