brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ခဏခဏလေတက်နေတာ ဘယ်လိုလုပ်ရမလဲ

တအေ့အေ့နဲ့ လေတက်တယ်ဆိုတာ တနည်းနည်းနဲ့ ဗိုက်ထဲရောက်နေတဲ့လေတွေကို အစာရေမျိုကနေ ပြန်စွန့်ထုတ်နေတာပါ။ အစားအမြန်စားမိတာ၊ အစာစားရင်းစကားပြောတာ၊ ပီကေဝါးတာ၊ ဂက်စ်ပါတဲ့အချိုရည်တွေသောက်တာ၊ ဆေးလိပ်သောက်တာတွေကြောင့်

ခဏခဏလေတက်နေတာ ဘယ်လိုလုပ်ရမလဲ

လေတွေမျိုချမိစေနိုင်ပါတယ်။

အစာခြေရည်ပြန်ဆန်တက်ခြင်းနဲ့ရင်ပူနာ ဝေဒနာတွေကြောင့်လည်း လေတက်တဲ့လက္ခဏာဖြစ်တတ်ပါတယ်။ မကြာခဏ လေတက်သံတွေထွက်နေရတယ်ဆိုရင်တော့ Helicobacter pylori ဘက်တီးရီးယားကြောင့် ဒါမှမဟုတ် အစာအိမ်နံရံရောင်ရမ်းခြင်းကြောင့်

ဖြစ်နိုင်ပါတယ်။

လေတက်ခြင်းကို သက်သာစေနိုင်တဲ့နည်းလမ်းတွေက –

 ဖြည်းဖြည်းစားပါ၊ ဖြည်းဖြည်းသောက်ပါ 

ဖြည်းဖြည်းစားသောက်မယ်ဆို လေတွေသိပ်မျိုမချမိစေဘူးပေါ့။ စိတ်လောနေရင်၊ စိတ်ဖိစီးနေရင် လေမျိုချမိတာပိုများစေနိုင်လို့

အစားစားချိန်မှာ စိတ်ကိုဖြေလျှော့ထားပါ။

ဂက်စ်ပါတဲ့အချိုရည်နဲ့ ဘီယာကို ရှောင်ပါ

လေနဲ့ပတ်သက်တဲ့ဝေဒနာရှိတတ်သူဟာ ကာဗွန်ဒိုင်အောက်ဆိုက်တွေဖြစ်စေတဲ့ ဒီသောက်စရာတွေကိုရှောင်သင့်ပါတယ်။

ပီကေဝါးတာ၊ သကြားလုံးစုပ်လုံးစားတာ ရှောင်ပါ

ဒါတွေစားတဲ့အခါ ပုံမှန်ထက်ပိုပြီး ခဏခဏမျိုချရတာများတာမို့ လေတွေပိုဝင်နိုင်စေတာပေါ့။

ဆေးလိပ်လျှော့သောက်ပါ 

မသောက်ပါနဲ့လို့ တားလို့ရမှာမဟုတ်တော့ လျှော့သောက်ဖို့ပဲ ပြောရမှာပေါ့။ ဆေးလိပ်ကိုရှိုက်တဲ့အခါ လေကို နှာခေါင်းကရှူသွင်းရုံမကဘဲ ပါးစပ်ကပါ မျိုချမိပါလိမ့်မယ်။

လှုပ်ရှားပါ

အစာစားပြီး ငြိမ်အိပ်မနေဘဲ ခဏလောက်တော့ ဖြည်းဖြည်းလမ်းလျှောက်လိုက်ပါ။

ရင်ပူနာကို ကုသပါ 

အစာခြေရည်ပြန်ဆန်တက်ခြင်း၊ ရင်ပူနာ တို့ကို ဒီအတိုင်းမထားဘဲ ကုသလိုက်ပါ။ ဆရာဝန်နဲ့မပြသေးခင် ရုတ်တရက်ဖြစ်လာတဲ့ဝေဒနာဆို အစာအိမ်လေနာပျောက်ဆေးတွေနဲ့တင် သက်သာစေနိုင်ပါတယ်။

အဆီများတာတွေသိပ်မစားပါနဲ့

အဆီတွေက အစာချေဖျက်မှုကို နှေးစေတာကြောင့် အစာတွေကိုပိုပြီး အချိန်ကြာကြာ အချဉ်ပေါက်စေနိုင်ပါတယ်။

အမြန်သက်သာစေမယ့်ဆေးတွေဆောင်ထားပါ 

အစာအိမ်အချဉ်ဓာတ်ကို ထိန်းပေးနိုင်တဲ့ဆေးတွေ (Antacids)နဲ့ အက်ဆစ်ထုတ်လုပ်မှုကို တားဆီးပေးနိုင်ပြီး အစာရေမျိုကို ပြန်လည်ကောင်းမွန်လာစေတဲ့ ဆေးတွေသောက်ရင် လျင်မြန်စွာ သက်သာလာစေနိုင်ပါတယ်။ ဆေးဆိုင်တွေမှာ အစာအိမ်လေဆေးအဖြစ် ဆရာဝန်ဆေးညွှန်းမလိုတဲ့ ဆေးတွေကို ဝယ်သောက်နိုင်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 11/05/2020 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။