backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အသည်း ရောဂါ ရှိရင် မဖြစ်မ‌နေ ရှောင်သင့်တဲ့ (၅) ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသည်း ရောဂါ ရှိရင် မဖြစ်မ‌နေ ရှောင်သင့်တဲ့ (၅) ချက်

အသည်း ကျန်းမာရေးကို ထိခိုက်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိသလို အသည်းနဲ့ ပတ်သက်တဲ့ ရောဂါတွေကလည်း အမျိုးကို စုံလို့ပါပဲ။ အသည်း နဲ့ ပတ်သက်ပြီး မကျန်းမာတဲ့သူတွေ အနေနဲ့ ရှောင်ရမယ့် အရာက အရက်တစ်မျိုးတည်း မဟုတ်ပါဘူးနော်။

မဖြစ်မနေ ရှောင်သင့်တဲ့ အရာလေး (၅) ခုအကြောင်း Hello ဆရာဝန် ပရိသတ်တွေကို ဒီဆောင်းပါးလေးနဲ့ သတိပေးလိုက်ပါတယ်။

(၁) ဆေးလိပ်သောက်တာ

အသည်းရောင် စီ ပိုး ရှိသူ တွေမှာ ဆေးလိပ်သောက်တဲ့ အလေ့အကျင့်က အသည်းကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ အဆုတ်ကိုလည်း ထိခိုက်စေပါတယ်။ အသည်းအစားထိုးကုသနိုင်ဖို့လည်း အောင်မြင်ဖို့ အခွင့်အလမ်းနည်းစေပါတယ်နော်။ အဲဒီကနေ အသည်းခြောက်ခြင်း၊ နောက်ဆုံး အသည်း အလုပ်မလုပ်ခြင်းတို့အထိ ဖြစ်လာနိုင်ပါတယ်။ ဆေးလိပ်  ဖြတ်ဖို့ ဆိုတာ မလွယ်ကူတဲ့ ကိစ္စ ဖြစ်ပေမယ့် ဆရာဝန်၊ မိသားစုနဲ့ ကိုယ်ချစ်ရတဲ့သူတွေရဲ့  အကူအညီနဲ့ ကြိုးစားပြီးတော့ ဖြတ်သင့်ပါတယ်။

(၂) အရက်သောက်တာ

ဒါကတော့ လူတိုင်းလိုလို သိထားပြီးသား ဖြစ်မှာပါ။ အရက်သောက်ရင် အသည်းထိတာ သိကြမှာပေါ့။ ကျန်းမာနေသူ တွေတောင် အရက်ကို စွဲမသောက်သင့်တာ။ အသည်းရောဂါ ရှိသူ သောက်ရင် ကိုယ့်ကိုယ်ကို လုပ်ကြံနေသလို ဖြစ်နေမှာ သေချာပါတယ်။ အသည်းရောဂါရှိသူတွေမှာ အရက် အပါအဝင် အခြားသော အဆိပ်အတောက် တွေကို အသည်းက ကောင်းကောင်း မသန့်စင်နိုင်ပါ။ ဒါ့ကြောင့် အရက်ကြောင့် အသည်းခြောက်ခြင်း နှင့် အသည်းကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

(၃) ဆေးသုံးတာ

မူးယစ်ဆေး၊ စိတ်ကြွဆေး၊ အပန်းဖြေဆေး တွေ သုံးတာကို ဆိုလိုပါတယ်။ ဒီဆေးတွေကို ရှုခြင်း၊ထိုးခြင်း၊ ဆေးလိပ်ထဲ ထည့်သောက်ခြင်းတို့ကြောင့် AIDS ရောဂါလို တခြား ကူးစက်ရောဂါများ ဝင်လာနိုင်ခြေများပါတယ်။ ဒါ့အပြင် လက်ရှိအသည်းရောဂါအပြင် အခြားသော အသည်းရောင် ဘီပိုး၊ စီပိုးတွေပါ ကူးစက်ဝင်ရောက်လာနိုင်ပါသေးတယ်။ အဲဒီအခါကျ ရောဂါကို ကုသဖို့ ပိုခက်ခဲသွားနိုင်ပါတယ်။

(၄) စိတ်ဖိစီးမှု များတာ

အသည်းရောဂါရှိရင်  စိတ်ဖိစီးမှုများကို လျော့နည်းအောင် နေထိုင်ပါ။ စိတ်ဖိစီးမှုများရင် လူကို ပိုပင်ပန်းစေပြီး မကောင်းတဲ့ အတွေးတွေ ဝင်လာစေပါတယ်။

ဒါ့ကြောင့် စိတ်ဖိစီးမှုတွေ ကြုံလာရင် ကိုယ်နှစ်သက်တဲ့ အရာတွေကို ချစ်ခင်ရသူ၊ အပေါင်းအသင်းတွေနဲ့ အတူတူလုပ်ပြီး ဖြေဖျောက်လိုက်ပါ။ ကိုယ်ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ယုံကြည်ရသူ တစ်ယောက်ယောက်ဆီမှာ ပြောပြခြင်း၊ ကိုယ့်ရဲ့ ဆရာဝန် သို့မဟုတ် အကူအညီပေးတဲ့ လူမှုအဖွဲ့အစည်းတွေ ဆီ ဆက်သွယ် တိုင်ပင်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

(၅) အထိုင်များတာ

 ကိုယ်တိုင်က ပျင်းရိ ထိုင်းမှိုင်းနေမယ် ဆိုရင်  ကိုယ်ခန္ဓာ ကလည်း ကျန်းမာတော့မှာ မဟုတ်ပါ။ အဲဒီအခါ စိတ်ဖိစီးမှု ဖြစ်လာခြင်း၊ ပင်ပန်းခြင်း၊ စိတ်ဓါတ်ကျခြင်း တို့ပါ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် အိမ်အလုပ် လုပ်ခြင်း လိုမျိုး တက်ကြွလှုပ်ရှားမှုများ ပြုလုပ်ရင်း တက်ကြွအောင် နေထိုင်ပါ။ ဘယ်အလုပ်ကို မဆို ဖြေးဖြေးနဲ့ မှန်မှန် နေ့စဉ်လှုပ်ရှားမှု တစ်ခုအနေနဲ့ လုပ်သွားပါ။

တကယ်တော့ ကိုယ့်မှာ အသည်းရောဂါ ရှိနေရင်လည်း ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာမယ်ဆိုရင် ကျန်းမာစွာ နေထိုင်သွားနိုင်ပါတယ် ဆိုတာလေး မမေ့ပါနဲ့နော်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement