သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ဒါတွေက ဗိုက်ပွ စေနိုင်တာ သင်သိရဲ့လား

ဒါတွေက ဗိုက်ပွ စေနိုင်တာ သင်သိရဲ့လား

ဒီလိုဗိုက်ပွဝေဒနာဖြစ်လွယ်စေတဲ့ အစားအစာတွေကိုတော့ သိထားသင့်တယ်မဟုတ်လား။ အထူးသဖြင့် အစာမကြေဖြစ်လွယ်၊ လေထိုးလေအောင့်လွယ်၊ လေပွလွယ်၊ ရင်ပြည့်ရင်ကယ်ဖြစ်လွယ်တဲ့သူတွေအတွက် အသုံးဝင်မှာပါ။ သူတို့မှာ အရေးပါတဲ့ အာဟာရဓါတ်တွေပါဝင်တာမို့ အပြီးရှောင်ရမှာမဟုတ်ပေမယ့် ကိုယ့်အစာအိမ်အခြေအနေကို ချင့်ချိန်ပြီး ဉာဏ်ရှိသလိုစားသုံးနိုင်ဖို့ပြောပြပေးမှာဖြစ်ပါတယ်။

ဗိုက်ပွ စေနိုင်တဲ့ အစားအစာ (၈) မျိုး

(၁) ပန်းသီး

ပန်းသီးမှာ sorbitol လို့ခေါ်တဲ့ သဘာဝသကြားဓါတ် ပါဝင်ပါတယ်။ တချို့လူတွေရဲ့ခန္ဓါကိုယ်က ဒီဓါတ်ကိုကောင်းကောင်းမစုပ်ယူနိုင်တဲ့အခါလေပွတာတွေဖြစ်လာနိုင်တယ်။

(၂) ဘလက်ဘယ်ရီသီး

ဒီတိုင်းလည်းစားတယ်၊ဖျော်သောက်တယ်၊ မုန့်ထဲထည့်လုပ်တယ်၊ အသီးခြောက်စားတယ်။ ဘလက်ဘယ်ရီသီးကို ပုံစံအမျိုးမျိုးစားကြပါတယ်။ သူ့ရဲ့သဘာဝသကြားဓါတ်က အချိုလျှော့စားချင်သူတွေအတွက် အဆင်ပြေတယ်ဆိုပေမယ့် အူအတွက်တော့ အမြဲတမ်းမကောင်းပါဘူး။sorbitol ကို စားသုံးလိုက်တဲ့အခါချေဖျက်ဖို့ပြဿနာရှိတဲ့သူတွေမှာလေပွတာ၊ ဗိုက်အောင့်တာ၊လေထိုးလေအောင့်ဖြစ်တာ၊ မအီမသာဖြစ်တာတွေ ခံစားရနိုင်တယ်။

(၃) ဖရဲသီး

ချိုအေးတဲ့ ဖရဲသီးမှာfructose ဆိုတဲ့ သကြားဓါတ်ပါဝင်မှုများပါတယ်။ ဒါကို ခန္ဓါကိုယ်ကချေဖျက်ရခက်တဲ့အခါရှိနိုင်တယ်၊ အဲဒီအချိန်လေပြဿနာဖြစ်လာပါတယ်။ ဖြစ်ခဲတယ်ဆိုပေမယ့်fructose intolerance လို့ခေါ်တဲ့ သကြားဓါတ်မစုပ်ယူနိုင်တဲ့ပြဿနာက မျိုးဗီဇနဲ့ဆိုင်ပါတယ်။ ဒီပြဿနာရှိတဲ့သူတွေကfructose ကိုစားသုံးတဲ့အခါလေပွ၊လေအောင့်ဖြစ်စေတတ်ပါတယ်။

(၄) ရှီတာကီမှို

လူကြိုက်များကြတဲ့ ရှီတာကီမှိုကြောင့်လေပြဿနာနည်းနည်းဖြစ်စေနိုင်ပါတယ်။ သူ့မှာပါတဲ့ သဘာဝသကြားဓါတ်mannitolကြောင့်ပဲဖြစ်ပါတယ်။ နည်းနည်းလောက်စားတာဘာမှမဖြစ်ပေမယ့် စားတာများရင်လေပွစေနိုင်တယ်။ ဝမ်းလည်းပျော့စေနိုင်ပါတယ်။

(၅) ပဲ

ပဲကြီးလှော်စားရင်လေလည်မှာကို စိုးရိမ်ကြတယ်မဟုတ်လား။ အူတွင်းဘက်တီးရီးယားတွေကို အာဟာရပေးတဲ့ galacto-oligosaccharides လို့ခေါ်တဲ့သကြားကြောင့်လေပွစေနိုင်တာပါ။ ပဲစားတာများရင် ဗိုက်ပွတာတော့ အမှန်ပါပဲ။

(၆)ဂေါ်ဖီမျိုးနွယ်

ဂေါ်ဖီထုပ်မျိုးနွယ်ဝင်တွေက အရသာရှိတယ်၊ အာဟာရဓါတ်စုံလင်တယ်၊ ကျန်းမာရေးအတွက်ကောင်းတယ်။ ဒါပေမယ့် တချို့လူတွေမှာ အစာကြေဖို့ခက်နိုင်တယ်။ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီစတာတွေက တစ်ခါတလေ ဗိုက်ပွစေ၊ဗိုက်ကယ်စေနိုင်ပါတယ်။

(၇) မက်မွန်သီး

မက်မွန်သီးမှာပါတဲ့ သဘာဝသကြားဓါတ် polyols က အူတွင်းဘက်တီးရီးယားတွေအတွက် အဆင်မပြေတဲ့အခါမျိုးမှာပြဿနာရှိနိုင်ပါတယ်။ ဒါ့ကြောင့် သူ့ကိုစားပြီး တစ်ခါတလေမှာ ဗိုက်ပွတာ၊ ဗိုက်အောင့်တာဖြစ်နိုင်ပါတယ်။

(၈) ပီကေ

ပီကေဝါးတဲ့အချိန်လေတွေကိုမျိုချမိတာကြောင့် ဗိုက်ထဲမှာလေတွေပိတ်မိစေတတ်ပါတယ်။ သကြားမပါတဲ့ Sugar-free ပီကေအမျိုးအစားတွေမှာsorbitol နဲ့xylitol တို့ကိုအစားထိုး ထည့်ထားတတ်ကြပါတယ်။ တချို့လူတွေမှာ သူတို့ကြောင့်လေပြဿနာရှိလာနိုင်တယ်။

ဒီအစားအစာတွေက လူတိုင်းမှာလေပြဿနာမဖြစ်စေနိုင်ပေမယ့် အစာခြေစနစ်အားနည်းတဲ့သူတွေ၊ သကြားဓါတ်စုပ်ယူနိုင်စွမ်းအားနည်းသူတွေနဲ့ အစာမကြေဖြစ်တတ်သူတွေမှာတော့ ပမာဏဆင်ခြင်စားသုံးသင့်ပါတယ်။ရောဂါကင်းတဲ့ ကျန်းမာခြင်းအတွက် ဘယ်အရာမဆိုတော်သင့်ရုံစားပါ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 4 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။