ဗိုက်အောင့်နေရင် အလုပ်လုပ်ဖို့မပြောနဲ့ တစ်ခါတလေ ထိုင်နေလို့တောင်အဆင်မပြေဘူး။ လှဲအိပ်နေရတာမျိုး။ ဗိုက်ထဲမှာ အစာအိမ်၊ အသည်း၊ပန်ကရိယ၊ အူသိမ်၊ အူမကြီးနဲ့သည်းခြေအိတ် တို့လို ကိုယ်တွင်းအင်္ဂါတွေ အများကြီးရှိတာမို့ ဘာကြောင့်ဗိုက်အောင့်တယ် တန်းမသိနိုင်ပါဘူး။