backup og meta

မဖြစ်ခင်က ကြိုတင်ကာကွယ်

မဖြစ်ခင်က ကြိုတင်ကာကွယ်

ရောဂါတိုင်းကို မဖြစ်ခင်က ကြိုတင်ကာကွယ်တာအကောင်းဆုံးပါ။ ဒီလိုကာကွယ်ထားသင့်တဲ့ရောဂါတွေထဲမှာ ဆီးချိုကလည်း တစ်ခုအပါအဝင်ပေါ့။ အမျိုးအစား – ၁ ဆီးချိုကို ကာကွယ်ဖို့ မဖြစ်နိုင်ပေမယ့် အမျိုးအစား -၂ ဆီးချိုကိုတော့ ကာကွယ်လို့ရပါတယ်။ ကဲ အမျိုးအစား -၂ ဆီးချိုကို ဘယ်လိုကာကွယ်ရမလဲပြောပြပေးမယ်နော်။

အမျိုးအစား – ၂ ဆီးချိုကို ဒီလိုကာကွယ်ပါ

အမျှင်ဓါတ်လုံလောက်အောင်စားသုံးပါ

အမျှင်ဓါတ်က သွေးတွင်းသကြားဓါတ်ကိုထိန်းညှိရာမှာတော်တော်လေးအရေးပါပါတယ်။ပျော်ဝင်လွယ်တဲ့ အမျှင်ဓါတ်ရော၊ပျော်ဝင်မလွယ်တဲ့ အမျှင်ဓါတ်ရော နှစ်ခုစလုံးက ခန္ဓါကိုယ်က အချိုဓါတ်စုပ်ယူမှုကိုနှေးစေနိုင်ပါတယ်။ ဒါကြောင့်ဆီးချိုကို ကာကွယ်ဖို့ဆိုရင် တစ်နေ့ကို ပန်းသီးတစ်လုံးစားပေးပါ။

နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးပါ

တစ်နေ့လုံးထိုင်နေရတာမျိုးမလုပ်ပါနဲ့။ အထိုင်များတဲ့အလုပ်လုပ်နေရတယ်ဆိုရင်တောင် ခဏလောက်အနားပေးပြီး လမ်းထလျှောက်တာမျိုးလုပ်ပေးပါ။ အရမ်းမဝေးတဲ့နေရာမျိုးကို လမ်းလျှောက်သွားပေးပါ။

အိပ်ချိန်အနည်းဆုံး ၇နာရီရှိပါစေ

တစ်ညတာမှာ အနည်းဆုံး အိပ်ချိန် ၇ နာရီထားရှိပေးပါ။ အိပ်ရေးပျက်တာက အဝလွန်ေစနိုင်တဲ့အပြင် အခြားကျန်းမာရေးပြဿနာတွေကို ပါဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ညတိုင်းအိပ်ရေးဝအောင်အိပ်စက်ပါ။

အချိုရည်အစားရေသောက်ပါ

ရေဆာရင်ရေပဲသောက်ပါ၊ အချိုရည်ကို အစားထိုးသောက်တာမျိုးမလုပ်ပါနဲ့။ သွားလေရာကိုရေဗူးဆောင်သွားပြီးရေပဲသောက်ပေးပါ။ အချိုရည်သောက်ချင်တဲ့ အခါတိုင်းလည်းရေကိုပဲသောက်ပေးပါ။

အချိုနဲ့ကာဗိုဟိုက်ဒရိတ်လျှော့စားပါ

အချိုများတဲ့ အစားအစာတွေ နဲ့ ကာဗိုဟိုက်ဒရိတ်တွေစားသုံးမှုက ဆီးချိုဖြစ်နိုင်ခြေကိုတိုးစေနိုင်ပါတယ်။ ဒါကြောင့်အစားအသောက်တွေစားတဲ့အခါ အချိုကဲလွန်းတာနဲ့ ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေကို အများကြီးမစားမိအောင် သတိထားပါ။

ကိုယ်အလေးချိန်ကို ထိန်းပါ
ကျန်းမာတဲ့ကိုယ်အလေးချိန်ရအောင်ထိန်းပါ။ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်များနေတာနဲ့ အဝလွန်နေတာက အမျိုးအစား -၂ ဆီးချိုဖြစ်ရခြင်းရဲက အဓိကအကြောင်းအရင်းတွေပါ။ ဒါကြောင့် ကိုယ်အလေးချိန်ကို ရှိသင့်တာထက်ပိုမနေအောင်ဂရုစိုက်ပေးပါ။
ဆေးလိပ်သောက်တာကြောင့် ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ဆေးလိပ်သောက်သုံးတာကြောင့် နှလုံးရောဂါအဆုတ်ကင်ဆာရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ နဲ့ အစာခြေလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါေတွခံစားရနိုင်ပါတယ်။ဆေးလိပ်သောက်တာကြောင့် အမျိုးအစား – ၂ ဆီးချိုရောဂါခံစားရနိုင်သလို တဆင့်ခံဆေးလိပ်ငွေ့ကလည်း အမျိုးအစား – ၂ ဆီးချိုရောဂါကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုကို ကာကွယ်ဖို့ဆိုရင်ဆေးလိပ်ဖြတ်ဖို့လိုသလို တဆင့်ခံဆေးလိပ်ငွေ့ကိုရှောင်ဖို့လည်းလိုပါမယ်။
ဗီတာမင် D လုံလောက်စွာရရှိအောင်ဂရုစိုက်ပါ

ပြုပြင်ထားတဲ့ အစားအစာတွေကို တတ်နိုင်သမျှရှောင်ပါ

ဆီးချိုကာကွယ်ဖို့အပြင် ကျန်းမာစေဖို့အတွက်ပြုပြင်ထားတဲ့ အစားအစာတွေကို တတ်နိုင်သမျှရှောင်ဖို့ပါ။ ဒီအစားအစာတွေက နှလုံးရောဂါ၊ အဝလွန်တာနဲ့ ဆီးချိုရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ပြုပြင်ထားတဲ့ အစားအစာတွေကို တတ်နိုင်သမျှရှောင်ပေးပါ။

ကော်ဖီ၊လက်ဖက်ရည်သောက်ပါ

အချိုရည်မသော်ကပါနဲ့ ဆိုပေမယ့်ကော်ဖီနဲ့လက်ဖက်ရည်တို့တော့သောက်လို့ရပါတယ်။ 3 in 1 မဟုတ်တဲ့ကော်ဖီတွေ၊လက်ဖက်ရည်တွေပါ။ကော်ဖီမှုန့်စစ်ကိုကျိုထားတဲ့ အချိုပါဝင်မှုနည်းတဲ့ကော်ဖီနဲ့ လက်ဖက်ရည်၊ရေနွေးကြမ်းတွေသောက်သုံးပေးလို့ရပါတယ်။

ဒီနည်းလမ်းလေးတွေကို နေ့စဉ်လုပ်ဆောင်နေကျ အလေ့အထတွေဖြစ်အောင်ပျိုးထောင်ပြီး ဆီးချိုရောဂါကို မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်လိုက်ပါ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

13 Ways to Prevent Diabeteshttps://www.healthline.com/nutrition/prevent-diabetes Accessed Date 15 January 2019

How to Avoid Diabetes Naturallyhttps://www.betternutrition.com/ask-the-naturopath/how-to-avoid-diabetes-naturally Accessed Date 15 January 2019

Simple Steps to Preventing Diabeteshttps://www.hsph.harvard.edu/nutritionsource/disease-prevention/diabetes-prevention/preventing-diabetes-full-story/ Accessed Date 15 January 2019

Can You Prevent Type 2 Diabetes?https://www.webmd.com/diabetes/preventing-type-2-diabetes Accessed Date 15 January 2019

ယခုပုံစံ

23/08/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုနဲ့ ပျားရည်

ဒီအချက်တွေကြောင့် အမျိုးအစား- ၂ ဆီးချိုဖြစ်နိုင်ပါတယ်



Aye Thi Mon မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement