backup og meta

နာတာရှည် ချောင်းဆိုးရခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းများ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 3 ရက် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နာတာရှည် ချောင်းဆိုးရခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းများ ။ ။

    မိုးလေးမအေးလိုက်နဲ့ ချောင်းဆိုးတော့တာပဲ။ နေ့ခင်းဘက်တွေတော့ အကောင်းကြီး ညရောက်မှ ချောင်းတွေဆိုးနေတယ်။ TB ဖြစ်မှာဆိုးလို့ သလိပ်စစ်ကြည့်တော့လည်း ဘာပိုးမှ မတွေ့ဘူး။ ဒီတော့ TB လည်း မရှိဘဲ နာတာရှည်ချောင်းဆိုးတာက ဘာကြောင့် ဖြစ်ရတာလဲ သိချင်နေပြီလား။ ဒါဆိုရင်တော့ နာတာရှည် ချောင်းဆိုးရခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းများ အကြောင်းကို ပြောပြပေးမယ်နော်။

    နာတာရှည် ချောင်းဆိုးရခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းများ ။ ။

    လူတိုင်းတော့ ချောင်းဆိုးဖူးကြပါတယ်။ တစ်ခါဆိုးရင် လပိုင်းလောက်က အကြာဆုံးပေါ့။ ၁ ပတ် ၂ ပတ်လောက်နဲ့ ပျောက်သွားတာက များပါတယ်။ ဒါပေမယ့် တစ်ချို့ နှစ်နဲ့ချီကြာတဲ့ နာတာရှည် ချောင်းဆိုးခြင်းတွေရှိပါတယ်။

    ခုပြောပြမယ့် အချက်တွေ တစ်ချက်တည်းကဖြစ်စေ၊ အချက်တွေ ပေါင်းပြီးဖြစ်စေ သူတို့ကတွေက နာတာရှည် ချောင်းဆိုးခြင်း ပြဿနာကိုဖြစ်စေတတ်ပါတယ်။

    အဖြစ်များတဲ့ ပြဿနာတွေကတော့

  • Postnasal drip – နှာခေါင်းကနေ နှပ်ရည်တွေ အထွက်များပြီး အပြင်ကို မထွက်ပိတ်နေပြီးတော့ လည်ချောင်းထဲ ပြန်စီးဝင်နေတဲ့ ပြဿနာမျိုးလူတိုင်း ကြုံတွေ့ဖူးကြမှာပါ။ ဒီလို လည်ချောင်းထဲ ပြန်ပြန်စီးနေတဲ့ နှပ်ရည်တွေကြောင့် လည်ချောင်းယားပြီး ချောင်းဟတ်ချင်တဲ့ စိတ်ဖြစ်တတ်ပါတယ်။ ဒါကို ဆေးပညာအရ upper airway cough syndrome (UACS) လို့လည်း ခေါ်တတ်ပါတယ်။
  • ပန်းနာရင်ကျပ် – ပန်းနာရင်ကျပ်ကြောင့် ဆိုးတဲ့ချောင်းက ရာသီအလိုက်ဖြစ်တဲ့ ပြဿနာဖြစ်ပြီး ပေါ်လိုက်ပျောက်လိုက်ဖြစ်တတ်တဲ့ ပြဿနာတစ်ခုပါ။ အေးတဲ့ရာသီဆို ပန်းနာရင်ကျပ်ချောင်း ပြန်ထတတ်ပြီး ၊ အမွှေးနံ့ပြင်းတာတွေ၊ ဖုန်တွေ တိရိစ္ဆာန် အမွေးတွေနဲ့ ထိတွေ့မိရင်လည်း ချောင်းဆိုးတတ်ပါတယ်။ ပန်းနာရင်ကျပ်သေချာ မထိန်းနိုင်သရွေ့ ပြန်ပြန်ဆိုးနေမယ့် နာတာရှည်ချောင်းကို ဆေးပညာအရ Cough variant asthma လို့ခေါ်ပါတယ်။
  • အစာခြေအက်ဆစ်ပြန်ဆန်တက်ခြင် ရောဂါ (GERD) – ဒီပြဿာနာရှိတဲ့သူတွေမှာ ပြန်ဆန်တက်လာတဲ့ အက်ဆစ်တွေက အစာရေမျိုပြွန်ကို သွားသွားဆွသလိုဖြစ်စေပြီး နာတာရှည်ချောင်းဆိုးခြင်းကို ဖြစ်စေပါတယ်။ ချောင်းဆိုးတော့ အက်ဆစ်တွေပြန်ဆန်တက် အက်ဆစ်တွေ ပြန်ဆန်တက်တော့ ချောင်းပိုဆိုးနဲ့ သံသရာလည်နေတော့မှာပါ။
  • ပိုးဝင်ခြင်းအဆုတ်ပိုးဝင်ခြင်း pneumonia ပြဿာနာကလည်း နာတာရှည်ချောင်းဆိုးခြင်းကို ဖြစ်စေပြီး whooping cough လို့ခေါ်တဲ့ ရက်တစ်ရာချောင်း ကြက်ညှာချောင်းကြောင့်လည်း နာတာရှည်ချောင်းဆိုးနိုင်ပါတယ်။ နောက်ပြီး နာတာရှည်ချောင်းထဲမှာ တီဘီကို မေ့ထားလို့တော့ မရဘူးနော်။
  • Chronic obstructive pulmonary disease (COPD) – အဆုတ်လေပြွန်ပိတ်တဲ့ ပြဿနာ ၊ လေပြွန်ရောင်တဲ့ ပြဿနာနဲ့ အဆုတ်ကင်ဆာလို ကျန်းမာရေးပြဿနာတွေဟာ နာတာရှည်ချောင်းဆိုးခြင်းကို ဖြစ်စေတဲ့ ပြဿနာတွေပါ။ လေပြွန်ရောင်ရင် ချောင်းဆိုးမယ်၊ သလိပ်တွေထွက်မယ်။ အဆုတ်ကင်ဆာမှာဆိုရင် အသက်ရှူကြပ်မယ်။ ဒါတွေက အဓိက လက္ခဏာတွေဖြစ်ပြီး ဆေးလိပ်သောက်တဲ့သူတွေမှာ ပိုအတွေ့များပါတယ်။
  • သွေးပေါင်ကျဆေး Angiotensin-converting enzyme (ACE) inhibitors အုပ်စုဝင်တွေကလည်း ချောင်းဆိုးခြင်းကို ဖြစ်စေတဲ့ ဆေးတွေပါ။
  • အဖြစ်နည်းတဲ့ နာတာရှည်ချောင်းဆိုးခြင်းကို ဖြစ်စေတဲ့အကြောင်းအရာတွေကတော့

    • အစာသီးတာ ( Aspiration )
    • လေပြွန်တွေကျယ်နေတာ ( Bronchiectasis)
    • လေပြွန်လေးတွေ ရောင်နေတာ ( Bronchiolitis)
    • အဆုတ်ခဲနေတာ ( cystic fibrosis)
    • ပန်းနာရင်ကျပ်ကြောင့် မဟုတ်ဘဲ လေပြွန်လေးတွေ ရောင်နေတာ( Nonasthmatic eosinophilic bronchitis )
    • အဆုတ်မှာ ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ ဆဲလ်လေးတွေ စုပုံနေတာ ( Sarcoidosis ) တွေက နာတာရှည်ချောင်းဆိုးခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေပါ။

    ဘယ်အချိန်ဆို ဆရာဝန်သွားပြသင့်လဲ။

    ချောင်းဆိုးတာ ၂ ပတ်ထက်ကျော်နေပြီ မပျောက်သေးဘူး၊ ညညချောင်းဆိုးလို့ အိပ်ရေးတွေလည်း ပျက် လူလည်း နုန်းနေပြီ၊ အဖျားလေးလည်း ရှိချင်တယ်ဆိုရင် ဆရာဝန်ဆီသွားပြီး ဆေးကုသမှု ခံယူဖို့ တိုက်တွန်းချင်ပါတယ် ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 3 ရက် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement