backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

မျိုးရိုးဗီဇ နဲ့ ဆီးချို

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မျိုးရိုးဗီဇ နဲ့ ဆီးချို

ဆီးချို type 2 က မျိုးရိုးကြောင့်ဖြစ်နိုင်လား?

ဆီးချို type 2 ဖြစ်ဖို့က အကြောင်းအရင်းများစွာရှိပါတယ်။ အာဟာရနဲ့လေ့ကျင့်ခန်းကလည်း အရမ်းအရေးကြီးပါတယ်။ ဒါပေမယ့်ဆီးချို type 2 ဟာမျိုးရိုးကြောင့်လည်းတစ်စိတ်တစ်ပိုင်းဖြစ်တယ်။ တကယ်လို့သင့်မှာ ဆီးချို type 2 ရှိနေပြီဆိုရင် မိသားစုထဲကိုကြည့်လိုက်ပါ။ သင်တစ်ယောက်တည်းဆီးချိုရှိတာမဟုတ်ပါဘူး။

လေ့လာချက်တွေအရ

  • သင့်မိဘတွေကအသက်၅၀မတိုင်ခင်ဆီးချိုရှိရင်သင်လည်း ခုနှစ်ယောက်မှာ တစ်ယောက်နှုန်းဖြစ်နိုင်ခြေရှိပါတယ်။
  • သင့်မိဘတွေ အသက်၅၀ကျော်မှဆီးချိုရှိရင် သင်ဖြစ်နိုင်ခြေ ၁၃ယောက်မှာ တစ်ယောက်နှုန်း
  • သင့်မိဘနှစ်ယောက်လုံးဆီးချိုရှိနေရင် သင်လည်းဖြစ်နိုင်ခြေ နှစ်ယောက်မှာတစ်ယောက်နှုန်း

ဒါပေမယ့် ဆီးချို type 2 တိုင်းကမျိုးရိုးကြောင့်မဟုတ်ပါဘူး။ အဓိက ဖြစ်စေတဲ့အကြောင်းတွေထဲမှာ အဝလွန်ခြင်း နဲ့လှုပ်ရှားမှုနည်းခြင်းတို့လည်း ပါဝင်ပါတယ်။ မျိုးရိုးဗီဇကလည်း ဆီးချို type 2 နဲ့ဆက်စပ်နေပါတယ်။

ဒါပေမယ့် သူတို့ချည်းကဘဲဆီးချိုမဖြစ်စေပါဘူး။ ဒါပေမယ့်သူတိုကပတ်ဝန်းကျင်က factorsတွေနဲ့ဆက်နွယ်ပြီး သင့်ရဲ့ ဆီးချိုဖြစ်လာစေနှုန်းများလာပါတယ်။

Type 2 ဆီးချိုဖြစ်နိုင်ခြေမှာ မျိုးရိုးဗီဇအများအပြားပါဝင်ပတ်သက်နေကြပါတယ်။ ဒါပေမယ့် ဒီဗီဇတစ်ခုချင်းစီကနေတော့ သူတို့ဘာသာ ဆီးချိုမဖြစ်နိုင်ပါဘူး။ ပတ်ဝန်းကျင်အချက်အအလက်တွေနဲ့ ပတ်သက်ဆက်နွှယ်ပြီးတော့မှ ဆီးချိုဖြစ်နိုင်ခြေမြင့်မားလာတာပါ။

ဥပမာ ရောဂါဖြစ်စေတဲ့အဆိပ်တွေ၊ ဗိုင်းရပ်စ်တွေ၊ အစားအသောက်တွေကြောင့်ဖြစ်ပါတယ်။

ဆီးချို type 2 မှာမျိုးရိုးဗီဇက အဓိကပါဝင်လား ?

ဆီးချို type 2 က မျိုးရိုးလိုက်ပြီးဖြစ်နိုင်သလို ပတ်ဝန်းကျင်အခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မျိုးရိုးဗီဇရဲ့အခန်းကဏ္ဍ ကိုနားလည်ဖို့က ကျန်တဲ့အချက်အလက်တွေကိုပါထည့်တွက်ဖို့လိုပါတယ်။

မျိုးရိုးဗီဇ ဆင့်ကဲပြောင်းလဲခြင်း

လေ့လာသူတွေက မျိုးရိုးဗီဇ ဆင့်ကဲပြောင်းလဲမှုတွေကြောင့် ဆီးချိုဖြစ်နိုင်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဆီးချိုဖြစ်နိုင်တဲ့မျိုးရိုးဗီဇကို ဆက်ခံသူတိုင်းလည်း ဆီးချိုမဖြစ်ပါဘူး။ ဒါပေမယ့် ဆီးချိုရှိတဲ့သူတော်တော်များများက မျိုးရိုးဗီဇကြောင့်ဖြစ်ကြတာပါ။

နေထိုင်မှုပုံစံနဲမျိုးရိုးဆက်ခံခြင်း

နေထိုင်မှုပုံစံကြောင့် ဆီးချိုဖြစ်ခြင်းနဲ့ မျိုးရိုးကြောင့်ဆီးချိုဖြစ်ခြင်းကို ခွဲခြားဖို့ခက်ခဲနိုင်ပါတယ်။ နေထိုင်မှုပုံစံက မိသားစုအလိုက်ဖြစ်ပေါ်တာများပါတယ်။ လှုပ်ရှားမှုနည်းတဲ့ မိဘတွေမှာ လှုပ်ရှားမှုနည်းတဲ့ကလေးတွေရှိကြပါတယ်။

စားသောက်မှုပုံစံမှားယွင်းနေတဲ့မိဘတွေက ဒီစားသောက်မှုပုံစံကိုမျိုးဆက်တွေဆီ လက်ဆင့်ကမ်းသွားတာများပါတယ်။ တစ်ဖက်မှာတော့ မျိုးရိုးဗီဇက ကိုယ်ရဲ့အလေးချိန်ဘက်မှာ အဓိကနေရာကပါဝင်ပါတယ်။ တစ်ခါတစ်လေ အပြုအမူတွေကဘဲ အပြစ်တင်စရာမဟုတ်ပါဘူး။

ဆီးချို type 2 ဖြစ်စေတဲ့မျိုးဗီဇတွေက ဘာတွေလဲ

လေ့လာမှုတွေအရ ဆီးချို type 2 က မျိုးရိုးဗီဇကြောင့်လည်းဖြစ်နိုင်တယ်လို့ပြောထားပါတယ်။ ဒါပေမယ့်ဒီလေ့လာမှုတွေကို ဆီးချို type 2 ဖြစ်စေတဲ့ ပတ်ဝန်းကျင်အခြေအနေတွေကြောင့် ရှုပ်ထွေးသွားစေပါတယ်။

ဒါပေမယ့်လေ့လာသူတွေရဲ့အဖြေကတော့ မပြောင်းပါဘူး။ ဆီးချို type 2 ဖြစ်စေတဲ့ သန္ဓေပြောင်းမှု တွေ များစွာရှိပါတယ်။ သန္ဓေပြောင်းမှုတစ်ခုချင်းစီရဲ့သက်ရောက်မှုက နည်းပါတယ်။ ဒါပေမယ့် တစ်ခုချင်းစီများလာလေ ဆီးချိုဖြစ်နိုင်ခြ ပိုများလာလေပါပဲ။

သကြားဓါတ် ကိုလည်ပတ်စေတဲ့ မျိုးဗီဇတွေထဲမှာပါတဲ့ သန္ဓေပြောင်းမှုတွေကဆီးချို type 2 ကိုဖြစ်စေနိုင်ပါတယ်။ အဲဒီထဲမှာ

  • သကြားဓါတ် ထုတ်လုပ်မှုကို ထိန်းချုက်တဲ့ မျိုးဗီဇ
  • အင်ဆူလင် ထုတ်လုပ်မှုကို ထိန်းချုပ်တဲ့ မျိုးဗီဇ
  • သွေးချိုအခြေအနေတွေကိုအာရုံခံမှုကိုထိန်းချုပ်တဲ့ မျိုးဗီဇ
  • အင်ဆူလင် ကိုလည်ပတ်စေတဲ့ မျိုးဗီဇတွေပါဝင်ပါတယ်။

သင့်ရဲ့ ဆီးချို type 2 ဖြစ်ပွားစေမှုနဲ့ ဆက်နွယ်နေတဲ့ မျိုးဗီဇ တွေကတော့-

  • အင်ဆူလင် စစ်ထုတ်မှုနဲ့ လည်ပတ်မှုကိုအထောက်အကူပြုတဲ့TCF7L2
  • အင်ဆူလင် လည်ပတ်မှုကိုကူညီတဲ့ the sulfonylurea receptor (ABCC8)
  • မက်ဆီကန်အမေရိကန်တွေရဲ့ ဆီးချို type 2 ဖြစ်မှုနဲ့ ဆက်နွယ်နေတဲ့ calpain 10
  • မုန့်ချိုအိတ်ထဲကို glucose တွေကိုသယ်ပေးတဲ့ glucose transporter 2 (GLUT2)
  • သကြားဓါတ် လည်ပတ်မှုမှာပါဝင်တဲ့ ဟော်မုန်း the glucagon rceptor (GCGR)

ဆီးချို type 2 အတွက် မျိုးရိုးဗီဇစစ်ဆေးမှုတွေက ဘာတွေလဲ

ဆီးချို type 2 နဲ့ဆက်စပ်နေတဲ့ တချို့ မျိုးဗီဇတွေအတွက် စစ်ဆေးမှုတွေရှိပါတယ်။ ဒါပေမယ့် သန္ဓေပြောင်းမှုတွေကြောင့် ဆီးချိုဖြစ်နိုင်ချေနည်းပါတယ်။ တခြားအချက်အလက်တွေက ပိုပြီးသက်ရောက်မှုရှိတာပါ။

  • Body Mass Index (BMI)
  • မိသားစုမှတ်တမ်း
  • သွေးတိုး
  • Triglyceride နဲ့ ကိုလက်စထရောမြင့်တက်ခြင်း
  • ကိုယ်ဝန်ဆောင်ဆီးချိုမှတ်တမ်း

နောက်ဆုံးအနေနဲ့-

မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်ရဲ့ ပတ်သက်မှုက ဆီးချို type 2 ဖြစ်ပွးစေတဲ့အကြောင်းအမှန်ကို သတ်မှတ်ရခက်စေပါတယ်။ ဒါပေမယ့်ဒါက သင့်ရဲ့ဆီးချိုဖြစ်နှုန်းကို လျှော့ချလို့မရဘူးလို့ မဆိုလိုပါဘူး။ အပြုအမူပြောင်းလခြင်းက သင့်ကို type2ဆီးချို မဖြစ်ဖို့ကူညီနိုင်ပါတယ်။

ကိုယ်အလေးချိန်လျော့ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားခြင်းက ဆီးချို type2 ကိုကာကွယ်ပေးနိုင်ပါတယ်။ သွေးထဲကသကြားဓါတ်ကိုလည်းပုံမှန်ပြန်ဖြစ်စေပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement