သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ဆီးချိုဝေဒနာရှင်တွေအတွက်အကောင်းဆုံးသောလေ့ကျင့်ခန်း ၅ မျိုး

ဆီးချိုဝေဒနာရှင်တွေအတွက်အကောင်းဆုံးသောလေ့ကျင့်ခန်း ၅ မျိုး

ဆီးချိုဝေဒနာရှင်တွေအတွက်အကောင်းဆုံးသောလေ့ကျင့်ခန်း ၅ မျိုး

တကယ်လို့ သင့်မှာ ဆီးချိုရောဂါရှိနေတယ်ဆိုရင် လေ့ကျင့်ခန်းလုပ်ကြည့်ဖို့ တိုက်တွန်းပါရစေ။ အံ့အားသင့်လောက်တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိမှာဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ဖိစီးမှုကျဆင်းစေသလို သွေးတွင်းသကြားဓါတ်ပမာဏကို ကျဆင်းစေပါတယ်။

ဆီးချိုဝေဒနာရှင်တွေအတွက်ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်တဲ့ လေ့ကျင့်ခန်းအများကြီးရှိပါတယ်။ ခပ်သွက်သွက်လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ကခြင်း၊အေရိုးဗစ်ကစားခြင်း၊ရေကူးတာ ဒါမှမဟုတ် ရေထဲမှာ ကစားရတဲ့ အေရိုးဗစ် (water aerobics) ကစားခြင်း၊တင်းနစ်ရိုက်ခြင်း၊လှေကားတက်ခြင်း၊ရွရွလေး ပြေးခြင်း၊ တောင်တက်ခြင်း၊လှေလှော်ခြင်း၊ ရေခဲပြင်စကိတ်စီးခြင်း၊စကိတ်စီးခြင်းနဲ့ဥယျာဉ်စိုက်ပျိုးခြင်းတွေလုပ်ဆောင် ပေးနိုင်ပါတယ်။ အဲဒီထဲကမှ ဆီးချိုဝေဒနာရှင်တွေအတွက်အကောင်းဆုံးလေ့ကျင့်ခန်း ၅ ခုကိုအကြံပြုရရင်တော့-

လမ်းလျှောက်ခြင်း- လမ်းလျှောက်တာကနေရာမရွေးလုပ်ဆောင်နိုင်ပြီး ဆီးချိုဝေဒနာသည်တွေအတွက် အကောင်းဆုံးသော လေ့ကျင့်ခန်းတစ်ရပ်ပဲဖြစ်ပါတယ်။ တစ်နေ့ကို မိနစ် ၃၀ ကနေ ၁ နာရီလောက်အထိ တစ်ပတ်ကို ၃ ကြိမ်လောက်လမ်းလျှောက်ပေးသင့်ပါတယ်။

ထိုက်ကျိကစားခြင်း – ထိုက်ကျိကစားပေးတာက ခန္ဓါကိုယ်လှုပ်ရှားမှုကို အဆင်ပြေချောမွေ့စေပြီး စိတ်ရော၊ ခန္ဓါကိုယ်ကိုပါအနားရစေပါတယ်။ ထိုက်ကျိကစားခြင်းက သွေးတွင်းသကြားဓါတ်ထိန်းချုပ်မှုကို သိသိသာသာ တိုးတက်ကောင်းမွန်စေပြီး တက်ကြွလန်းဆန်းစေသလိုစွမ်းအင်နဲ့စိတ်ကျန်းမာရေးကိုတိုးတက်ကောင်းမွန်စေပါ တယ်။

ယောဂ – ယောဂလေ့ကျင့်ခန်းကဆီးချိုရောဂါအပါအဝင် နာတာရှည်ဝေဒနာခံစားနေရသူတွေအတွက် အထောက်အကူပြုပါတယ်။ ယောဂလေ့ကျင့်ခန်းက စိတ်ဖိစီးမှုကိုလျော့ပါးစေပြီး အာရုံကြောတွေရဲ့လုပ်ဆောင် မှုကို တိုးတက်ကောင်းမွန်စေပါတယ်။ ယောဂလေ့ကျင့်ခန်းက ကြွက်သားဖွဲ့စည်းမှုကိုတိုးတက်စေတာကြောင့် သွေးတွင်းသကြားဓါတ်ကိုတိုးတက်စေနိုင်ပါတယ်။

ကခြင်း – ကခြင်း ကခန္ဓါကိုယ်အတွက်ကောင်းမွန်စေရုံသာမက ဦးနှောက်စွမ်းရည်ကိုတိုးတက်ကောင်းမွန်စေသလို မှတ်ဉာဏ်ကိုလည်းတိုးတက်ကောင်းမွန်စေပါတယ်။ ကခြင်းက ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုကိုတိုးတက်စေနိုင်ပြီး ကိုယ်အလေးချိန်ကျဆင်းစေနိုင်သလိုသွေးတွင်းသကြားဓါတ်ကိုလျော့ကျစေတဲ့အပြင် စိတ်ဖိစီးမှုတွေကိုလည်း ကျဆင်းစေနိုင်ပါတယ်။

ရေကူးခြင်း- ရေကူးခြင်းက ကြွက်သားတွေကိုပြေလျော့စေပြီး အဆစ်တွေကိုဝန်ပိစေတာမျိုးမရှိတဲ့အတွက် ဆီးချိုဝေဒနာသည်တွေအတွက် အရမ်းကိုကောင်းတဲ့လေ့ကျင့်ခန်းတစ်ရပ်ဖြစ်ပါတယ်။ ရေကူးတာက ဆီးချိုဝေဒနာရှင်တွေနဲ့ ဆီးချိုရောဂါစတင်ခံစားနေရသူတွေမှာ အကျိုးပြု ကိုလက်စထရောပမာဏကိုတိုးတက် စေပြီး ကယ်လိုရီလောင်ကျွမ်းစေတဲ့အပြင်စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်။ တစ်နေ့ကို အနည်းဆုံး ၁၀ မိနစ်နှုန်းနဲ့ တစ်ပတ်ကို ၃ ကြိမ်ထက်မနည်းရေကူးပေးတာကကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေမှာဖြစ်ပါတယ်။

ဆီးချိုဝေဒနာရှင်တွေအနေနဲ့ကျန်းမာသက်ရှည်စေဖို့အတွက် လေ့ကျင့်ခန်းတွေကိုလုပ်ဆောင်ပေးသင့်သလို အာဟာရနဲ့ညီညွတ်မျှတအောင်စားသုံးဖို့လည်းလိုအပ်လှပါတယ်။

ဆောင်ရန်၊ရှောင်ရန်များ

လေ့ကျင့်ခန်းလုပ်တဲ့အခါ အားကစားဖိနပ်တွေစီးပေးရမှာဖြစ်သလို ကိုယ်နဲ့သင့်တော်မယ့်လေ့ကျင့်ခန်းကို ရွေးချယ် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ရေဓါတ်ဖြည့်တင်းတဲ့အနေနဲ့လေ့ကျင့်ခန်းမလုပ်ခင်နဲ့လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ရေသောက်ပေးပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါကြွက်သားတွေအနည်းငယ်နာကျင်နိုင်ပါတယ်။ လေ့ကျင့်ခန်းက ခန္ဓါကိုယ်အပေါ်ဘယ်လောက်ထိအကျိုးသက်ရောက်မှုရှိသလဲဆိုတာကိုသိရှိနိုင်ဖို့ လေ့ကျင့်ခန်းမလုပ်ခင်နဲ့ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ သွေးတွင်းသကြားဓါတ်ကိုတိုင်းတာပါ။ လေ့ကျင့်ခန်းမလုပ်ခင် ၅ မိနစ်လောက် သွေးပူအောင်လုပ်ပြီး လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ၅ မိနစ်လောက်သွေးအေးသွားအောင်နေပေးရပါမယ်။ အရမ်းပူလွန်း၊အေးလွန်းတဲ့အခြေအနေမျိုးမှာလေ့ကျင့်ခန်းလုပ်တာကိုရှောင်ကြဉ်သင့်ပါ။

နေ့စဉ်လေ့ကျင့်ခန်းမှန်မှန်လုပ်ဆောင်ပြီး သင့်တင့်မျှတစွာစားသောက်မယ်ဆိုပါက ဆီးချိုဝေဒနာရှင်တွေဟာလည်း သာမန်လူတွေလိုပဲ သက်တမ်းစေ့နေထိုင်နိုင်ကြမှာဖြစ်ပါတယ်။ လေ့ကျင့်ခန်းစမလုပ်ခင်မှာ ကိုယ်ခံစားနေရတဲ့ဆီးချိုရောဂါအမျိုးအစားနဲ့ကိုက်ညီမယ့်လေ့ကျင့်ခန်းကိုရွေးချယ် စေနိုင်ဖို့အတွက်ဆရာဝန်နဲ့တိုင်ပင်ရပါမယ်။ လေ့ကျင့်ခန်းကိုဖြည်းဖြည်းချင်းစလုပ်သွားပေးဖို့လည်းမမေ့ပါနဲ့။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

health-tool-icon

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

အမျိုးသား

အမျိုးသမီး

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Kaung Thar မှ အချက်အလက် စစ်ဆေးထားပါသည်။