backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဆီးချိုသွေးချိုရောဂါ ခံစားနေရသော ကလေးငယ်အတွက် စိတ်ချရသော ကလေးထိန်း

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆီးချိုသွေးချိုရောဂါ ခံစားနေရသော ကလေးငယ်အတွက် စိတ်ချရသော ကလေးထိန်း

ကလေးထိန်း

သင့်ကလေးကိုပြုစုစောင့်ရှောက်နေသူများ၊ ကလေးထိန်းမှ စ၍ ဆွေမျိုးများထိတိုင်ဆီးချိုအခြေခံနဲ့အရေးပေါ်အခြေအနေမှာဘာလုပ်ရမလဲဆိုတာသိထားစေသင့်ပါတယ်။

စိတ်ချရတဲ့ ဆီးချိုကလေးထိန်းရှာဖွေခြင်း

ဒါကဆီးချိုရှိတဲ့ကလေးတွေရဲ့ မိဘတွေအတွက် ခက်ခဲပါလိမ့်မယ်။ ဆီးချိုရောဂါရှိတဲ့ သင့်ကလေးအတွက်အတွေ့အကြုံရှိတဲ့ ကလေးထိန်းကိုရှာဖွေဖို့က သင့်မိသားစုနဲ့ အခြေအနေတူတဲ့ တခြားမိသားစုတွေနဲ့ တွေ့ဆုံဖို့ဖြစ်ပါတယ်။

အတူတူတွေ့ဆုံပြီးဘယ်ကလေးထိန်းကို ရွေးပြီးဘယ်လိုဆက်လုပ်ရမလဲဆွေးနွေးနိုင်ပါတယ်။ဥပမာ-

  • ကလေးတွေကိုအလှည့်ကျကြည့်စေခြင်း
  • ကလေးထိန်းကိုအတူတကွ လေ့ကျင့်ပေးခြင်း
  • ဆီးချိုရောဂါနဲ့ပတ်သက်ပြီးအတွေ့အကြုံရှိတဲ့ ကလေးထိန်းရှာဖို့ ကြော်ငြာထည့်ခြင်း
  • ဆီးချိုဖြစ်နေတဲ့ဆယ်ကျော်သက် (သို့) ငယ်ရွယ်တဲ့သူတစ်ဦးဦးကိုခေါ်ခြင်း

စိတ်ချရတဲ့ ဆီးချိုကလေးထိန်းဖြစ်အောင်လေ့ကျင့်ခြင်း

သင့်ကလေးကို တစ်စုံတစ်ယောက်နဲ့ မစောင့်ရှောက်ခိုင်းခင် သင့်ကလေးထိန်းက ဆီးချိုရှိသူတိုင်းက သာမန်သူတွေနဲ့မတူဘူးဆိုတာသိအောင် ရှင်းပြထားသင့်ပါတယ်။ ဒါ့အပြင်ဆီးချိုကိုပြုစုစောင့်ရှောက်ဖို့ပါ အစီအစဉ်ဆွဲထားသင့်ပါတယ်။

ဆီးချိုကလေးထိန်းကို အောက်ပါအချက်တွေသိထားပါစေ။

  • အရေးပေါ်အခြေအနေမှာ ဘာလုပ်ရမလဲသင်ထားပါ။ ဘယ်အချိန်မှာ glucagonကို ဘယ်လိုသုံးရမလဲသိပါစေ။ သင့်ရဲ့ကလေးထိန်းကို အရေးပေါ်ကိရိယာတွေထားတဲ့ နေရာတွေပြထားပေးပါ။ သင့်ကလေးထိန်းကို မေးစရာရှိရင်ပဲဖြစ်ဖြစ် အရေးပေါ်အခြေအနေမှာပဲဖြစ်ဖြစ် သင့်ဆီဘယ်လိုဆက်သွယ်ရမလဲ ရှင်းလင်းအောင်ပြောထားပါ။
  • ဘယ်အချိန်မှာ ကလေးသွေးထဲကဂလူးကိုစ့်နဲ့ ကီတုန်းကို ဘယ်လိုစမ်းသပ်ရမလဲ ပြောပြထားပါ။ တိုင်း တာတဲ့ကိရိယာကိုလည်းလက်တွေ့လုပ်ပြထားပြီးတိုင်းတာနည်းကို လေ့ကျင့်ထားဖို့လည်းပြောပါ။
  • သင့်ကလေးရဲ့ရှိသင့်တဲ့ သွေးတွင်းဂလူးကိုစ့်ပမာဏကိုပြောထားပြီး အဲဒီထက်မြင့်တာပဲဖြစ်ဖြစ်၊ နိမ့်တာပဲဖြစ်ဖြစ်တစ်စုံတစ်ခုဖြစ်ရင် ပြုလုပ်ရမှာတွေကို ပြောပြထားပါ။
  • အင်ဆူလင်ကို ဘယ်အချိန်၊ဘယ်လိုသုံးရမလဲဆိုတာ ပြောပြထားပါ။ အသုံးပြုပုံအဆင့်ဆင့်ကို လက်တွေ့ပြထားပြီး ဖြစ်နိုင်ရင်လေ့ကျင့်စေပါ။ သင့်ကလေးအတွက် ပေးရမယ့်အင်ဆူလင် ပမာဏကို ရေးချပြထားပါ။
  • သင်ကလေးသွေးတွင်းသကြားဓါတ် အတက်၊အကျလက္ခဏာများပြလာရင်ဘာလုပ်ရမလဲ ပြောပြထားပါ။

အမေရိကန် ဆီးချို အဖွဲအစည်းရဲ့ဆီးချို ရောဂါသည် ကလေးထိန်းလမ်းညွှန်က မိဘတွေကိုဆီးချိုရှိနေတဲ့ သူတို့ကလေးတွေအတွက်စိတ်ချရတဲ့ ကလေးထိန်းတွေရအောင်ကူညီပေးပါတယ်။ ကလေးထိန်းအတွက်လည်းဒီလမ်းညွှန်ကို စာရွက်ထုတ်ထားပေးပြီး ဖတ်ရှုပါစေ။

အဆာပြေမုန့်နဲ့ အစာစားချိန်များ

သင့်ကလေး ကြိုက်မယ်ထင်တဲ့အစာတွေကို ကျွေးပါ။ သင်သူ့အတွက် စားစရာပြင်နေတဲ့အချိန်မှာ သူပါရှိနေပါစေ။ ဒါမှသာသူက သင်ပြင်ထားတာတွေကို ပိုစားချင်မှာပါ။

သင့်ကလေးထိန်းအတွက် အစားအစာနဲ့ အဆာပြေ ပြင်ဆင်ရမယ့် စာရင်းနဲ့အချိန်ကိုပေးထားပါ။ ဒါ့အပြင် အစားအစာတစ်ခုစီအတွက်အင်ဆူလင်ဘယ်လောက်သုံးရမလဲ ပြောပြထားပါ။

တကယ်လို့သင့်ကလေးက ပြင်ဆင်ထားတာကို မစားချင်ဘူးဆိုရင် အစားထိုးကျွေးစရာစီစဉ်ထားပါ ဒါမှမဟုတ် ကလေးထိန်းကိုသင့်ဆီဖုန်းဆက်ခိုင်းပါ။ သင့်ကလေးကိုလည်း အစာစားဖို့အရေးကြီးတယ်ဆိုတာရှင်းပြပေးဖို့ မမေ့ပါနဲ့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement