ဆီးချိုရောဂါကြိုတင်ကာကွယ်နိုင်မယ့် နေထိုင်မှုပုံစံပြောင်းလဲမှု (၈) ချက်
ဆီးချိုရောဂါ ကြိုတင်ကာကွယ်တယ်ဆိုတာ ကျန်းမာရေးနဲ့ညီညွတ်တာတွေ ပိုစားသုံးတာ၊ ပိုပြီးလှုပ်ရှားတက်ကြွစွာ နေထိုင်တာ၊ ကိုယ်အလေးချိန်နည်းနည်းလျှော့ချလိုက်တာ၊ စတဲ့အခြေခံနည်းလမ်းတွေပါပဲ။ အခုမှလုပ်လို့ နောက်ကျတယ်ဆိုတာမရှိပါဘူး။ ကိုယ့်ရဲ့နေထိုင်မှုပုံစံမှာ ရိုးရှင်းတဲ့အပြောင်းအလဲလေးတွေ လုပ်လိုက်ရုံနဲ့ ကိုယ့်ဘဝတလျှောက်မှာ အာရုံကြော၊ ကျောက်ကပ်နဲ့နှလုံးထိခိုက်ပျက်စီးမှုတို့လို ဆီးချိုရောဂါရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်မလာအောင် ရှောင်ရှားနိုင်မှာပါ။
ဆီးချိုဖြစ်လာနိုင်ခြေကို လျော့နည်းစေမယ့် အလွယ်ကူဆုံး နည်းလမ်း ၇ ခုကတော့ –
ခန္ဓါကိုယ်ရဲ့အဆီပိုတွေကိုလျှော့ချပါ – ကိုယ်အလေးချိန်များနေပြီ (ဝနေပြီ)ဆိုရင် ဆီးချိုဖြစ်လာတော့မယ့် အန္တရာယ် ကြီးနေပါပြီ။ ဒါ့ကြောင့် ကိုယ်အလေးချိန် ၂.၂ ပေါင်(တစ်ကီလို)လောက် ကျသွားတဲ့အခါတိုင်း ဆီးချိုဖြစ်နိုင်ခြေက ၁၆ ရာခိုင်နှုန်းလျော့နည်းစေပါတယ်။ ကိုယ်အလေးချိန်လျှော့ချခြင်းက ဆီးချိုရောဂါဖြစ်နိုင်တဲ့ အန္တရာယ်ကို လျှော့ချပေးနိုင်တဲ့အပြင် အစပျိုးလက္ခဏာတွေ ဒါမှမဟုတ် အမျိုးအစား ၂ ဆီးချိုရောဂါရှိနေပြီးသား လူတွေအတွက်လည်း သွေးတွင်းသကြားဓါတ်ကို ထိန်းသိမ်းနိုင်မယ့် နည်းလမ်းကောင်းဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။