ဆီးချိုရောဂါကိုထိန်းချုပ်ခြင်း
ဆီးချိုရောဂါကိုထိန်းချုပ်ခြင်း
ဆီးချိုရောဂါကိုကာကွယ်ထိန်းချုပ်နိုင်ရန် အရေးပါဆုံးမှာကိုယ်အလေးချိန်လျော့ချရ်ဖြစ်သည်။ ရှိပြီး ခန္ဓါကိုယ်အလေးချိန် ၅% မှ ၁၀% တို့ကိုလျော့ချနိုင်ပါကသွေးတွင်းသကြားဓါတ်ကိုထိန်းချုပ်ရာတွင် အထောက်အကူပြုပြီးသွေးပေါင်ချိန်နှင့် သွေးတွင်းအဆီဓါတ်ကိုလည်းလျော့ကျစေပါသည်။ ကိုယ်အလေးချိန် လျော့ချခြင်းနှင့် ကျန်းမာစွာစားသုံးခြင်းသည် သင်၏စိတ်၊ စွမ်းဆောင်ရည်နှင့် နေထိုင်ကောင်းမှုအပေါ် အကျိုးသက်ရောက်မှု ရှိပါသည်။
သင့်တွင် ဆီးချိုရောဂါဖြစ်နေစေဦးတော့ ကောင်းသောပြောင်းလဲခြင်းပြုလုပ်ရန် နောက်မကျသေးပါ။ သင့်ကျန်းမာရေးအတွက် သင်ပြုလုပ်ရမည့်အရာသည် သင်တွေးထင်ထားသလောက် မခက်ခဲပါ။
ဝမ်းဗိုက်အဆီကို စောင့်ကြည့်ခြင်း
ခန္ဓါကိုယ်ရှိအဆီသည် နေရာလိုက်၍ ကွဲပြားမှုရှိသည်။ ဝမ်းဗိုက်ရှိအဆီများလျှင် ထိုအဆီက ဝမ်းဗိုက်အတွင်း ကလီစာများနှင့် အသည်းတို့ကိုဖုံးအုပ်ထားသည့်အတွက် အခြားပေါင်၊ တင်ပါးတို့မှ အဆီနှင့်မတူပဲဆီးချိုရောဂါဖြစ်နိုင်ခြေကိုတိုးမြင့်စေသည်။ ထိုမှတစ်ဆင့် အင်ဆူလင်ဟော်မုန်းကိုတုန့်ပြန်မှုလျော့ကျလာပြီးဆီးချိုရောဂါကို ဖြစ်စေနိုင်သည်။ အမျိုးသမီးတစ်ဦးအတွက် ခါး( လုံးပတ် ) ၃၅ လက်မနှင့်အထက်ရှိလျှင်၊ အမျိုးသားတစ်ဦးအတွက် ခါး ( လုံးပတ် ) ၄၀ လက်မနှင့် အထက်ရှိလျှင် ရောဂါဖြစ်နိုင်ခြေရှိပါသည်။
ဆိုဒါပါသောအချိုရည်များ၊ အားဖြည့်အချိုရည်များ၊ အသင့်သောက်ကော်ဖီနှင့် ပြန်လည်ပြုပြင်ထားသော သဘာဝမဟုတ်သည့် အချိုရည်များတွင် ဖရက်တို့စ် ( Fructuse ) သကြားဓါတ်ပါဝင်သည်။ ထိုသကြားဓါတ်သည် ဝမ်းဗိုက်အလေးချိန်ကို များပြားစေနိုင်သည်။ အချိုကဲသောအစားအစာများကိုလျော့စားပါကသွယ်လျလာနိုင်သည့်အပြင်ဆီးချိုရောဂါဖြစ်နိုင်ခြေကိုလျော့ကျစေပါသည်။
ဆီးချိုရောဂါအတွက် ကျန်းမာသောစားသုံးခြင်း
-လေ့ကျင့်ခန်းပြုလုပ်ခြင်းကဲ့သို့ပင် အစားအစာသည်လည်းဆီးချိုရောဂါထိန်းချုပ်ရာတွင် အလွန်အရေးပါသည်။ သို့သော် ဆီးချိုရောဂါရှင်အတွက် စားသောက်မှုပုံစံသည် မရှုပ်ထွေးပါ။ အခြားသူများနှင့်အတူတူဖြစ်ပြီးထူးခြား၍စားရသောအနေအစားမျိုးလည်းမဟုတ်ပါ။ ကစီဓါတ်ပါသော အစားအစာများအပါအဝင် အစားအစာများကိုရွေးချယ်စားသုံးတတ်ဖို့သာလိုပါသည်။
အောက်ပါတို့ကိုများများစားပေးပါ။
အောက်ပါတို့ကိုလျှော့၍စားသုံးပါ။
အသားဓါတ်တို့ထက်ပိုမိုသက်ရောက်နိုင်သည့်အတွက်မှန်ကန်သည့်ကာဗိုဟိုက်ဒရိတ်ဓါတ်ကိုရွေးချယ်စားသောက်တတ်ဖို့လိုပါသည်။
အဓိကအရေးကြီးသည်မှာအမျှင်ဓါတ်ပါသော်လည်းကစီဓါတ်နှင့် သကြားဓါတ်များသည့် အစားအစာတို့ဖြစ်သည်။ ထိုအစားအစာတို့သည် အစာချေဖျက်ရန် ကြာမြင့်သည့်အပြင် ပါဝင်သော သကြားဓါတ်ကို တဖြည်းဖြည်းထွက်စေနိုင်သည့်အတွက် အင်ဆူလင်ဟော်မုန်းထွက်ရှိမှုကို တားဆီးသည့်အတွက် သတိထားစားသုံးရန် လိုအပ်ပါသည်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။