Covid-19 ကာလမှာ စမတ်ဖုန်းတွေကို ပိုးသတ်ပေးဖို့ လိုလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 4, 2020 . 2 ဖတ်ရန် ကြာချိန်
Share now

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အစိုးရိမ်ကြီးနေသူ တော်တော်များများက လာမေးနေကြလို့ ပြန်တင်ပေးရခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လက်နဲ့ အမြဲထိတွေ့နေရတဲ့၊ ဘယ်သွားသွား ကိုယ်နဲ့ မကွာ ဆောင်ယူသွားကြတဲ့ စမတ်ဖုန်းတွေမှာ လူတွေထင်မထားနိုင်လောက်အောင် ရောဂါပိုးပေါင်းများစွာ ကပ်ငြိနေတယ်ဆိုတာ အခု Covid-19 ကာလမှ မဟုတ်ပါဘူး၊ အရင်ကတည်းပါပဲ။ ဒီအတွက် ဖုန်းစကရင်ကိုလည်း သန့်ရှင်းရေးလုပ်ဖို့ လိုတယ်ဆိုပေမယ့် တကယ်တမ်း လိုက်နာတဲ့သူဟာ အယောက်တစ်ရာမှာ တစ်ယောက်တောင် မရှိပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ ခုလိုအချိန်မျိုးမှာတော့ ကိုယ့်လက်နဲ့ အမြဲထိတွေ့နေတဲ့ စမတ်ဖုန်းတွေကို သေချာ ပိုးသန့်စင်ပေးနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့ဗျာ။

ဘယ်လိုအချိန်တွေမှာ စမတ်ဖုန်းတွေကို ပိုးသန့်စင်သင့်လဲ။

ပုံမှန်အားဖြင့် ဘယ်မှ မသွားဘူးဆိုရင်တောင် တစ်ပတ်ကို တစ်ကြိမ်လောက် သန့်ရှင်းရေး လုပ်သင့်ပါတယ်။ တစ်ရက် တစ်ကြိမ် လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ အထူးသဖြင့် ခုလို Covid-19 ကပ်ဘေးကာလမှာ ဈေးဝယ်ထွက်တာ၊ အပြင်သွားတာ၊ ရုံးသွားရမယ့် သူတွေဆိုရင်တော့ အပြင်က ပြန်လာတာနဲ့ ပိုးသတ်ပေးဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးသည် လူရဲ့ အရေပြားပေါ်မှာသာမက အရာဝတ္ထု မျက်နှာပြင်ပေါ်မှာလည်း နာရီ၊ ရက်နဲ့ချီပြီး အသက်ရှင်နေနိုင်တာကြောင့်ပါပဲ။

စမတ်ဖုန်းတွေကို ဘယ်လို ပိုးသန့်စင်ကြမလဲ။

လက်ဆေးသလိုမျိုး ဖုန်းကို ဆပ်ပြာ၊ ရေနဲ့ တိုက်ပြီးဆေးလို့တော့ မရဘူးပေါ့ဗျာ။ လူတစ်ယောက်နဲ့ တစ်ယောက် သွားလာနေထိုင်မှုပေါ် မူတည်ပြီးတော့ အသုံးပြုရမယ့် ပစ္စည်းတွေကတော့ အနည်းငယ် ပြောင်းလဲမှုရှိနိုင်ပါတယ်။

၁။ သန့်ရှင်းရေးလုပ်တဲ့အခါ ဖုန်းကို ပါဝါပိတ်ထားပါ။ ဖုန်းအားသွင်းထားရင် ဖြုတ်ထားပါ။

၂။ အဝတ်စပါးပါးလေးပေါ် မှန်သုတ်တဲ့ စပရေးဘူးလေးတွေနဲ့ ဖြန်းပြီး ဖြည်းဖြည်းချင်းပဲ ပွတ်ပေးပါ။ ဖုန်းစကရင်ပေါ်ကို တိုက်ရိုက် မဖြန်းပါနဲ့။

၃။ ဖုန်းစကရင်ပေါ်ကို ရေနဲ့ လောင်းချလိုက်တာ၊ ရေတွေ အများကြီး ရွှဲနေအောင် သုတ်တာမျိုး မလုပ်ပါနဲ့။

၄။ သုတ်ပြီးသွားရင် ပန်ကာရှေ့မှာ ဖုန်းကို ၅မိနစ်မှ ၁၀ မိနစ်လောက် ထားထားပါ။ တန်းပြီး ဖုန်းကို ပါဝါမဖွင့်လိုက်ပါနဲ့။

၅။ အကယ်လို့ Covid-19 ကာလမှာ အပြင်သွားပြီး ပြန်လာတာ၊ ဒါမှမဟုတ် ကိုယ်က လက်မဆေးဘဲ ဖုန်းကိုင်တတ်တာ၊ အိမ်သာထဲ ဖုန်းယူသွားတတ်တဲ့ အကျင့်ရှိရင်တော့ အရက်ပြန်အဝတ်စ (Alcohol Wipe) နဲ့ သုတ်ပေးသင့်ပါတယ်။ နေ့တိုင်းမဟုတ်ရင်တောင် တစ်ပတ်ကို တစ်ကြိမ်လောက်ပေါ့။

၆။ ပိုးသန့်စင်ဖို့ အစွန်းချွတ်ဆေးသုံးတာ၊ ကော်ပတ်စားတာမျိုးကို လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။

၇။ ဖုန်းစကရင်ကို သန့်ရှင်းရေးလုပ်မယ့် အဝတ်စက သန့်ရှင်းနေဖို့လည်း အရေးကြီးပါတယ်။

၈။ ကိုယ်က ဖုန်းကာဗာ တပ်ထားတယ်ဆိုရင်လည်း ဖုန်းကာဗာကိုပါ သန့်ရှင်းရေးလုပ်ပေးဖို့ လိုပါတယ်။ ဖုန်းစကရင် မဟုတ်တဲ့အတွက် အရက်ပြန်အဝတ်စ (Alcohol Wipe) ကို အသုံးပြုဖို့တော့ မလိုပါဘူး။

ကဲ ဒါဆိုရင် ကိုယ့်ဖုန်းကို သန့်ရှင်းရေးလုပ်ဖို့ ခုကတည်းက စလိုက်ကြရအောင်နော်။ အသေးအဖွဲလေးကစလို့ ပြင်ဆင်ခြင်းဟာ ကျန်းမာရေးအတွက်ရော ကိုယ့်ဘဝ အနာဂတ်အတွက်ပါ အကျိုးရှိစေနိုင်တယ်ဆိုတာ မမေ့ကြပါနဲ့။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်ခဲ့ရင် ဆေးအကူအညီမယူဘဲ ဘယ်လိုကုမလဲ

ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ကျောက်ကပ် ဘက်တီးရီးယား ရောဂါပိုး ရေဓာတ် ဗီတာမင်စီ ဘယ်ရီသီး ရေသောက် ဆီးအောင့် အချဉ်ဓာတ် အသီးအနှံ ဟင်းသီးဟင်းရွက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

Face Mask တပ်တဲ့အခါ လုပ်မိတတ်တဲ့ အမှားလေး တချို့

Mask Covid-19 ကပ်ဘေးကာလ ဆပ်ပြာ လက်ဆေး လူစုလူဝေး ချောင်းဆိုး နှာချေ တံတွေး မိသားစု ရောဂါပိုး မြန်မာနိုင်ငံ နှာခေါင်း ပါးစပ် လက်သန့်စင်ဆေးရည်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
Corona Virus, COVID-19 ဇွန် 30, 2020 . 2 ဖတ်ရန် ကြာချိန်

ရေအေးနဲ့ ရေချိုးမလား၊ ရေနွေးနဲ့ပဲ ချိုးမလား

ရေပူ ရေနွေး ရေအေး ရေချိုးခြင်း ချွေးပေါက် အညစ်အကြေး ကြွက်သား အအေးမိဖျားနာ အရေပြား ယားယံခြင်း လေ့ကျင့်ခန်း သွေးတိုး ညောင်းညာကိုက်ခဲ ပေါ့ပါးလန်းဆန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ဝှေးစေ့က ယားယံနေပြီဆိုရင် ဒါတွေကို ပြန်စစ်ကြည့်ပါ

လိင်တံ ကျားအင်္ဂါ လိင်အင်္ဂါ ဝှေးစေ့ ယားယံခြင်း တစ်ကိုယ်ရေသန့်ရှင်းမှု ရေချိုး ဘက်တီးရီးယား အနာ ဒဏ်ရာ အရေပြားပြဿနာ အတွင်းခံ ချွေးထွက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

တားဆေးကပ်ခွာ (hormonal patch) သုံးမယ်ဆိုရင် သိထားသင့်တာလေးတွေ

တားဆေးကပ်ခွာ (hormonal patch) သုံးမယ်ဆိုရင် သိထားသင့်တာလေးတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 3 ဖတ်ရန် ကြာချိန်

ပါးစပ်ထဲက တံထွေး ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုသလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 1, 2020 . 2 ဖတ်ရန် ကြာချိန်

ကျားလိင်အင်္ဂါမှာ ဝဲခြောက်ယားနာ ဖြစ်နေခဲ့ရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 ဖတ်ရန် ကြာချိန်

ရေချိုးနေစဉ် ဆီးသွားသင့်လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 ဖတ်ရန် ကြာချိန်