COVID-19က လေထဲက ကူးနိုင်လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 3 mins read
Share now

COVID-19နဲ့ ပတ်သတ်တဲ့ သတင်းတွေက တစ်နေ့တစ်မျိုးပါပဲ။ ဒီလေးလသား ဗိုင်းရပ်စ်လေးက ၂၀၂၀အတွက်တော့ Hot topicလို့ ပြောရမှာပါ။ ဘာနဲ့ တူလဲဆိုတော့ ရပ်ကွက်ထဲကို လူသစ်တစ်ယောက် ပြောင်းလာသလိုပါပဲ။ ခုမှ အသစ်ရောက်တဲ့ သူဆိုတော့ ပတ်ဝန်းကျင်က သူဘယ်လိုလူလဲဆိုပြီး စပ်စုကြတာပေါ့။ ခုလည်း ဒီလိုပါပဲ။ လေးလအတွင်းမှာ လူပေါင်း သန်းနဲ့ချီကူးစက်ပြီး သိန်းနဲ့ချီ သေဆုံးစေခဲ့တဲ့ ဒီဗိုင်းရပ်စ်ဟာ ဘယ်လိုမျိုးပါလိမ့်လို့ ပညာရှင်တွေက အပြိုင်အဆိုင်လေ့လာတဲ့ အခါကြတော့ သူ့သတင်းတွေက နေ့စဉ်နဲ့ အမျှ ပါပဲ။ ခုလည်း လာပြန်ပါပြီ။ လေထဲက ကူးနိုင်လားတဲ့။ ဒါနဲ့ ပတ်သတ်ပြီး ကမ္ဘာကျန်းမာရေးအဖွဲ့ကြီး (WHO)က ဘယ်လို ဖြေရှင်းထားလဲဆိုတာ ဆက်ကြည့်ရအောင်။

COVID-19 ဘယ်လိုကူးလဲ။

အားလုံးသိတဲ့ အကြောင်းကပဲ စပြောရအောင်။ COVID-19က နှာချေ ချောင်းဆိုးလို့ ထွက်တဲ့ အမှုန်အမွှားတွေ၊ ဒီအမှုန်အမွှားတွေ ကပ်နေတဲ့ ပစ္စည်းကနေ ကူးတတ်တယ်ဆိုတာ သိပြီးသားပါနော်။ ဒါက အလွယ်ပြောတာပေါ့။ ဒီလို ဘာကြောင့် ကူးတာလဲဆိုတာ နည်းနည်းလေး ပြောပြပါမယ်။ ဒါမှ လေထဲက အကြောင်းကို ဆက်ပြောဖို့ လွယ်မှာပါ။

Droplet and Contact transmission

ဗိုင်းရပ်စ်ရဲ့ အရွယ်အစားက 0.1 micronသာသာလောက်ပဲ ရှိတာပါ။ သူ့ရဲ့ နဂို အရွယ်ပေါ့။ နှာချေ ချောင်းဆိုးလိုက်လို့ ထွက်လာတဲ့ အမှုန်တွေ၊ အရည်တွေ ပေါင်းသွားတဲ့ အခါကျတော့ 5-10micron လောက်ဖြစ်သွားတာပေါ့။ ဆိုလိုတာက ဆိုဒ်ပိုကြိးလာတယ်။ ပိုကြီးတော့ ဝေးဝေးမသွားနိုင်ဘူး။ တစ်မီတာ (၃ပေ)လောက်ပဲ သွားပြီး အောက်ကို ပြုတ်ကျလာတယ်။ ဒီ၃ပေအတွင်းမှာ တစ်ယောက်ယောက်ကများ အကာအကွယ်မဲ့ ချောင်းဆိုး နှာချေလိုက်ရင် သူ့ရှေ့က လူဆီ တန်းရောက်ပြီး ရောဂါကူးမှာပါ။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် အနည်းဆုံး ၃ပေ ခွာနေဖို့ ပြောတာပါ။

နောက်တစ်ခုက ခုန အောက်ကို ပြုတ်ကျတဲ့ ဆိုတဲ့ နေရာမှာ ကြမ်းပေါ်လည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် နှာချေ ချောင်းဆိုးတာကို လက်နဲ့ ကိုင်လိုက်ပြီး တခြား တစ်ခုခုကို  ကိုင်လိုက်တာလည်း ဖြစ်ချင်ဖြစ်မယ်။ ကိုင်လိုက်တဲ့ အရာပေါ်မူတည်ပြီး (ဥပမာ ဖန်လား၊ စတီးလား) ဗိုင်းရပ်စ်က နာရီပိုင်းကနေ ရက်ပိုင်းအထိ အသက်ရှင်နိုင်တယ်။ ကိုယ်က မသိဘဲ ဒီပစ္စည်းတွေကို ကိုင်လိုက်မယ်။ ပြီးတော့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်ကို ကိုင်လိုက်မယ်ဆိုရင် ဗိုင်းရပ်စ်ကို ကိုယ်ထဲ တန်းထည့် ပေးသလို ဖြစ်သွားမှာပါ။ ဒါကြောင့် ခဏ ခဏ လက်ဆေးခိုင်းတာပါ။ ဘယ်အချိန် ဘယ်လိုနေရာကနေ ကိုယ့်လက်ထဲကို ရောက်နေမလဲ မသိနိုင်ဘူးလေ။

Airborne transmission

ကဲ လေထဲက ကူးနိုင်လား ဆိုတာ ဆက်ကြည့်ရအောင်။ လေထဲက ကူးတာကို airborne လို့ ခေါ်ပါတယ်။ ဗိုင်းရပ်စ်က လေထဲက ကူးဖို့ဆိုရင် <5micron ဖြစ်ရမှာပါ။ ဆိုဒ်သေးမှ ပေါ့ပြီး လေထဲမှာ ကြာကြာနေလို့ရမယ်။ ၁မှတာကို ကျော်လွန်ပြီးလည်း ပျံ့လို့ရမယ်လေ။

COVID-19အနေနဲ့ ပြောမယ်ဆိုရင် တချို့သော အခြေအနေတွေ၊ တချို့သော လုပ်ငန်းစဉ်တွေမှာ airborneဖြစ်နိုင်ပါတယ်။ Aerosolထွက်တဲ့ အနေအထားတွေပေါ့။ အလွယ်ပြောရင် အာငွေ့ရိုက်တဲ့ အနေအထားတွေပေါ့။ ကျန်းမာရေး ဝန်ထမ်းတွေက ပိုဖြစ်နိုင်ချေ များပါတယ်။ ဥပမာ ပြောရရင်  အသက်ရှူပိုက်ထည့်တာ (မေ့ဆေးဆရာမကြီး ရောဂါကူးခဲ့သလိုပေါ့)၊ အသက်ရှူလမ်းကြောင်းထဲ မှန်ပြောင်းကြည့်တာ၊ ချွဲစုပ်တာ၊ ဆေးငွေ့ရှူတာ (nebulizer)၊ အသက်ရှူစက်မတပ်ခင် စပ်ကြား လက်နဲ့ လေအိတ်ညှစ်ပေးတာ၊ အသက်ရှူစက် တပ်တာ၊ ဖြုတ်တာ၊ လေပြွန်အပေါက်ဖောက်တာ၊ နောက်ဆုံး အရေးပေါ် ရင်ဘတ်ဖိ အသက်ကယ်တာ စတာတွေ ပါပါတယ်။

ဒီလို အခြေအနေတွေမှာ လေပြွန်ထဲက အာငွေ့တွေက အတိုင်းသား အပြင်ကို ထွက်နေမှာပါ။ ဒါဆိုရင်တော့ ကူးစက်နိုင်ချေ ရှိနေပါပြီ။ ဒါကြောင့် ရောဂါရှိသူတွေကို ကုသတဲ့သူတွေ၊ အနီးကပ် စောင့်ရှာက်တဲ့ သူတွေက အကာအကွယ်ပစ္စည်းကို သုံးကို သုံးသင့်ပါတယ်။

လေ့လာတွေ့ရှိချက်များ

လေထဲက ကူးနိုင် မကူးနိုင်တာနဲ့ ပတ်သတ်ပြီး လေ့လာချက်တွေကို  ကြည့်ကြည့်ရအောင်။

  • New England Journal of Medicineက ချောင်းဆိုးရာကနေ ဗိုင်းရပ်စ်လေထဲ ပျံ့နိုင်လားဆိုတာကို အားပြင်းတဲ့ ဆေးငွေ့ရှူစက်ကနေ  Aerosolထွက်လာပြီး လေထဲမှာ ပျံ့နှံ့တာနဲ့စမ်းသပ်ပါတယ်။ WHOကတော့ ဒါဟာ သာမန် လူတစ်ယောက် ချောင်းဆိုးတာထက် အဆပေါင်းများစွာ အားပြင်းတဲ့ စမ်းသပ်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။
  • လေထဲမှာ ဗိုင်းရပ်စ်က ၃နာရီကြာအောင် နေတယ်ဆိုတာကလည်း စမ်းသပ်ခန်းထဲမှာ အငွေ့တွေထွက်အောင် လုပ်ပြီး စမ်းသပ်ထားတာပဲ ဖြစ်တယ်။ သာမန် ဆေးကုသစဉ် ထွက်တဲ့ Aerosolနဲ့ ကွာခြားနေတာကြောင့် ထပ်ပြီး စမ်းသပ်မှုတွေ လုပ်ဖို့ လိုတယ်လို့ ပြောပါတယ်။
  • နောက်တစ်ခါ လူနာနေသွားတဲ့ အခန်းထဲက လေထဲမှာ ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇ(RNA) ရှိတယ်ဆိုတဲ့ တွေ့ရှိချက်လည်း ရှိနေပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး WHIOက ပြောတာက လူနာနေသွားတဲ့ လေထဲမှာ ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇကို တွေ့ရုံနဲ့တော့ ဒီဗိုင်းရပ်စ်က ပွားပြီး ကူးစက်နိုင်တယ်လို့ တထစ်ချ သတ်မှတ်လို့ မရဘူးလို့ ဆိုပါတယ်။ လူနာနေသွားတဲ့ အခန်းထဲမှာ aerosalထွက်မယ့် procedureတွေ မလုပ်ဘဲနဲ့ လေထဲမှာ ဗိုင်းရပ်စ်တွေ ရှိနိုင်လား ဆိုတာနဲ့ ပတ်သတ်ပြီး ထပ်ပြီး လေ့လာမှုတွေ ဆက်လုပ်သွားရမယ်လို့ ဆိုပါတယ်။
  • ဒါနဲ့ တစ်ဆက်တည်း နိုင်ငံတကာက ပညာရှင်တွေက COVID-19 က အချိန်တိုလေးအတွင်းမှာ မြန်မြန်ပျံ့သွားတာ လေထဲက တဆင့် ကူးနိုင်လို့များလားလို့ ယူဆကြပါတယ်။ နှာချေ ချောင်းဆိုးရုံသာမက  တစ်ယောက်နဲ့ တစ်ယောက် အနီးကပ် အားရပါးရ စကားပြောတာ၊ သမ်းဝေတာ၊ သီချင်းဆိုတာ၊ အသက်ပြင်းပြင်း ရှူသွင်း ရှူထုတ်တာတွေကနေ Aerosolတွေ ထွက်ပြီး ကူးစက်တာ မဖြစ်နိုင်ဘူးလားဆိုပြီး သုံးသပ်နေကြပါတယ်။

အနှစ်ချုပ်

ပြန်ချုပ်ပြီး ပြောရရင် COVID-19က နှာချေ ချောင်းဆိုးရာက ထွက်လာတဲ့ အမှုန်အမွှားတွေကနေ တစ်ဆင့် ကူးစက်တယ်။ ဒီအမှုန်အမွှားတွေ ရှိတဲ့ ပစ္စည်းတွေကနေ ကူးစက်တယ်။ ဒါကတော့ သေချာပါတယ်။ လေထဲက ကူးလားဆိုရင်တော့ ပုဂံရာဇဝင် ဓားထမ်းပြီး ပြောရသလို ဖြစ်တော့မှာပါ။ ဒါနဲ့ ပတ်သတ်ပြီး  ကူးပါတယ်၊ မကူးပါဘူးကို ဘယ်သူမှ အာမမခံပါဘူး။ ဒါကလည်း သူတို့ အပြစ် မဟုတ်ပါဘူး။ ဗိုင်းရပ်စ်အသစ်ဖြစ်တဲ့အတွက် လေ့လာမှုတွေ အများကြီး လုပ်ဖို့ လိုအပ်ပါသေးတယ်။ ကူးသည် ဖြစ်စေ၊ မကူးသည် ဖြစ်စေ ကိုယ့်ဘက်က ကာကွယ်စရာရှိတာ ကာကွယ်ထားပါ။ ဆိုလိုတာက

  • လက်ဆေးပါ။
  • Social distancing လုပ်ပါ။
  • Maskတပ်ပါ။ အထူးသဖြင့် ကိုယ်နေမကောင်းရင်၊ Social distancing လုပ်ဖို့ အခက်အခဲ ရှိနေရင် (ဥပမာ စျေးဝယ်တာမျိုး၊ ဘတ်စ်ကားစီးတာမျိုး) တပ်ဖြစ်အောင် တပ်ပါ။ လေထဲက ကူးတာ မကူးတာ သူ့အပိုင်းပါ။ ကိုယ့်ကိုယ်ကို လုံခြုံအောင် ကာကွယ်ပါ။
  • အိမ်မှာနေပါ။
  • မျက်စိ၊ ပါးစပ်နဲ့ နှာခေါင်းကို လက်နဲ့ သွားသွား မပွတ်ပါနဲ့။
  • နှာချေ ချောင်းဆိုးရင် တံတောင်ကွေးထဲ အုပ်ဆိုးတာမျိုး၊ တစ်ရှူးနဲ့ အုပ်တာမျိုး လုပ်ပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သတင်းကြီးနေတဲ့ ကိုဗစ် ကုသဆေး Favipiravirက တကယ်စွမ်းရဲ့လား

Favipiravir ကို မြန်မာနိုင်ငံမှာ စတင်ထုတ်နိုင်ပြီလို့ ဆိုပါတယ်။ ဒါဟာ ကိုဗစ်ကို ကုသနိုင်မှာလား။ လူတိုင်း သုံးလို့ရပါ့မလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်မှာ သွေးတိုးရှိနေရင် ဒီအမှန်အမှားတွေကို သိထားဖို့ လိုအပ်ပါတယ်

တခါတလေရောဂါပျောက်မယ်ထင်ပြီး ယုံတမ်းတွေ ဆေးမြီးတိုတွေကို အသုံးချမိတာမို့ အခြေအနေပိုဆိုးသွားတာ၊ ဘေးထွက်ဆိုးကျိုးတွေ ကြုံရတာတွေလည်း ဖြစ်တတ်ပါသေးတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဈေးနှုန်းချိုသာတဲ့ Oxford-AstraZeneca ကိုဗစ်ကာကွယ်ဆေး အသုံးပြုခွင့်ရပြီ

တန်ကြေး အမေရိကန်ဒေါ်လာ ၅ ဒေါ်လာ ဝန်းကျင်သာကျသင့်မယ့် Oxford/AstraZeneca ကိုဗစ်ကာကွယ်ဆေးကို ဗြိတိန်နိုင်ငံက အသုံးပြုခွင့် ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကိုယ့်ဘေးကလူတွေမှာ COVID ပိုးမရှိနိုင်ဘူးလို့ ဘာလို့ စိတ်ချလက်ချ ယုံကြည်နေတာလဲ

ကိုယ်ရင်းနှီးရတဲ့သူဆိုရင် ပိုးမရှိနိုင်ဘူးလား? ဘာကြောင့် သံသယမဝင်ကြတာလဲ? အနီးကပ်ဆုံးရှိနေတဲ့သူတွေက ပိုးမရှိဘူးဆိုတာ ဘာကြောင့် ဒီလောက်သေချာနေရတာလဲ?

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

COVID-19 ကာကွယ်ဆေးက တတိယလှိုင်းကို တားဆီးနိုင်ပါ့မလား

COVID-19 ကာကွယ်ဆေးက တတိယလှိုင်းကို တားဆီးနိုင်ပါ့မလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 9, 2021 . 2 mins read
ကိုဗစ်ကပ်ဘေးအတွင်းမှာ ဘယ်သူတွေ အထီးကျန်အဆန်ဆုံးဖြစ်နေလဲ

ကိုဗစ်ကပ်ဘေးကြောင့် ပိုကြီးမားလာတဲ့ နောက်ထပ်ကပ်ဘေးတစ်ခု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 8, 2021 . 3 mins read
အထက်လန်အောက်လျှော ဖြစ်စေတဲ့ အကြောင်းရင်းများ

အထက်လန်အောက်လျှော ဖြစ်စေတဲ့ အကြောင်းရင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 3 mins read
အိန္ဒိယရဲ့ ဆုံးဖြတ်ချက်ကြောင့် မြန်မာ့ ကိုဗစ်ကာကွယ်ဆေးရရှိရေး မျှော်လင့်ချက် ထိခိုက်မလား

အိန္ဒိယရဲ့ ဆုံးဖြတ်ချက်ကြောင့် မြန်မာ့ ကိုဗစ်ကာကွယ်ဆေးရရှိရေး မျှော်လင့်ချက် ထိခိုက်မလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 2 mins read