ကိုဗစ်ကာလမှာ Gym ပြန်ကစားတော့မယ်ဆိုရင်…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date နိုဝင်ဘာ 17, 2020 . 2 mins read
Share now

ယခုဆိုရင် မြန်မာနိုင်ငံထဲကို ကိုဗစ်ရောဂါပိုး ဝင်ရောက်ပျံ့နှံ့လာတာ (၈) လထဲကို ဝင်လာပြီနော်။ ကိုဗစ်ဒုတိယလှိုင်းအစမှာ Gym အကုန်လုံး ပိတ်ထားခဲ့တယ်ဆိုပေမယ့် ယခုဆိုရင် တချို့ Gym တွေ ပြန်ဖွင့်နေပြီလို့ သတင်းကြားရပါတယ်။ ကျန်းမာရေးအရ ကြည့်မယ်ဆိုရင်တော့ Gym ကို လုံးဝမသွားသင့်ဘူးလို့ပဲ မှတ်ချက်ပေးနေရမယ့် အခြေအနေပါ။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်ဖို့အတွက် မဖြစ်မနေ Gym သွားဖို့ ဆိုင်းပြင်နေပြီဆိုရင် ခုဆောင်းပါးကို ဖတ်ကြည့်ပြီး သိထားသင့်တာတွေကို ကြိုတင်ဖတ်ရှုလေ့လာဖို့ အကြံပေးချင်ပါတယ်။

ဘာကြောင့် Gym ကို အန္တရာယ်များတယ် ပြောရတာလဲ။

ကိုဗစ်ရောဂါပိုး ကူးစက်နိုင်ခြေ အများဆုံးနေရာတွေထဲမှာ Gym သည် ထိပ်ဆုံးက ပါနေတာကိုတွေ့ရပါတယ်။ အကြောင်းရင်းကို သေချာကြည့်မယ်ဆိုရင်

၁။ Gym အဆောက်အဦးရဲ့ ဖွဲ့စည်းတည်ဆောက်ပုံသည် မည်သို့ပင်ဖြစ်နေပါစေ အလုံပိတ်နံရံများနဲ့ အခန်းကျယ်မျိုး ဖြစ်တဲ့အတွက် ရောဂါပိုးပျံ့နှံ့ဖို့ အရမ်းလွယ်ပါတယ်။

၂။ ရောဂါပိုးရှိသူ တစ်ဦးဝင်ရောက်ပြီး အထဲမှာ ချောင်းဆိုးတာ၊ နှာချေတာမျိုး ပြုလုပ်ခဲ့ပါက ထို Gym မှာ လေ့ကျင့်ခန်းလုပ်နေသူအားလုံး ရောဂါပိုးကူးစက်နိုင်ခြေ အလွန်များနိုင်ပါတယ်။

၃။ Gym ကစားတဲ့အခါ ချွေးပိုထွက်သလို အသက်ကို ပြင်းပြင်းထန်ထန် ရှူသွင်းရှူထုတ် လုပ်ရတဲ့အတွက် Mask တပ်ပြီး Gym ကစားဖို့လည်း မလွယ်ကူသလို ရိုးရိုးကစားရင်လည်း ရောဂါပိုးများကို ရှူသွင်းမိနိုင်ခြေ ပိုများပါတယ်။

၄။ ကိုဗစ်ရောဂါ ကာကွယ်ရေးနဲ့ပတ်သက်ပြီး သေချာအလေးပေးဂရုစိုက်တဲ့ Gym မျိုးဆိုရင် ပြဿနာမရှိပေမဲ့ လူအဝင်အထွက် အကန့်အသတ်မလုပ်ထားတာ၊ အရက်ပြန်နဲ့ အလေးတုံး၊ စက်ပစ္စည်းများကို ပိုးသန့်စင်ခြင်းမရှိတဲ့ Gym မျိုးဆိုရင် မသွားသင့်ပါဘူး။

မဖြစ်မနေ Gym သွားမယ်ဆိုရင် ဘာတွေသိထားဖို့ လိုမလဲ။

၁။ အရင်ဆုံး ကိုယ့်ရဲ့ Gym က ကိုဗစ်နဲ့ပတ်သက်ပြီး ဘာတွေပြင်ဆင်ထားလဲဆိုတာကို စုံစမ်းမေးမြန်းပါ။ ကိုယ့်အတွက် စိတ်ချရလောက်တဲ့ အနေအထားမျိုးမှာ ရှိမှသာ သွားပါ။

၂။ လူဦးရေ အကန့်အသတ်ဟာ အလွန်အရေးကြီးပါတယ်။ အလုံပိတ်အခန်းကျယ် ဖြစ်တဲ့အတွက် တစ်ချိန်တည်းမှာ လူဦးရေ အယောက် (၂၀) ထက် များလွန်းရင် မဖြစ်ပါဘူး။

၃။ နည်းပြဆရာ၊ Gym မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းများအားလုံး အချိန်ပြည့် Mask တပ်ထားရမှာ ဖြစ်သလို အပူချိန်တိုင်းတာ၊ အရက်ပြန် ဆောင်ပေးထားတာမျိုး လုပ်ပေးရပါမယ်။

၄။ အချိန်အပိုင်းအခြားအလိုက် ဝင်ထွက်ခွင့်ပေးပြီး လူအဝင်အထွက်မရှိတဲ့ အချိန်ကို သတ်မှတ်ထားပြီး အဲဒီအချိန်မှာ အလေးတုံး၊ စက်ပစ္စည်းတွေကို အရက်ပြန်နဲ့ သေချာတိုက်ချွတ်ရပါမယ်။

ကိုယ်တိုင် Gym သွားဖို့ ဘာတွေပြင်ဆင်မလဲ။

၁။ အိမ်ကနေ ကိုယ်ပိုင်သောက်ရေဘူး ယူသွားပါ။ မလိုအပ်တဲ့ ပစ္စည်းတွေအများကြီး မသယ်သွားပါနဲ့။

၂။ တတ်နိုင်ရင် Gym ကစားနေတဲ့အချိန်လည်း Mask တပ်ထားပါ။ Mask ကို အပိုတစ်ခု အနည်းဆုံးဆောင်သွားပါ။

၃။ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ ကိုယ့်ရဲ့ လေ့ကျင့်ခန်းကို ပြီးစီးအောင်အမြန်လုပ်ပါ။ ပြီးတာနဲ့ အိမ်ကိုတန်းပြန်ပါ။

၄။ ပုံမှန်ဆိုရင်တော့ လေ့ကျင့်ခန်းအပြီး ရေချက်ချင်းချိုးဖို့ အကြံပေးတယ်ဆိုပေမယ့် ခုကိုဗစ်ကာလအရ Gym မှာ ရေချိုးဖို့တော့ လုံးဝမသင့်တော်ပါဘူး။ ကိုယ့်အိမ်မှာပဲ ကိုယ်ပြန်ချိုးတာ ကျန်းမာရေးအတွက် ပိုစိတ်ချရပါတယ်။

၅။ Gym က အလေးတုံးတွေကို အသုံးမပြုခင် တဘက် သို့မဟုတ် မျက်နှာသုတ်ပဝါနဲ့ သုတ်ပေးပါ။

၆။ တပ်ထားတဲ့ Mask ကို ချွေးများနဲ့ စိုရွှဲနေပြီဆိုရင် အမှိုက်ပုံးထဲစနစ်တကျ စွန့်ပစ်ပြီး အသစ်တစ်ခုလဲတပ်ပါ။

၇။ ရင်ကြပ်ပန်းနာ သို့မဟုတ် အဆုတ်မကောင်းသူ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများအနေနဲ့ Mask တပ်ပြီး Gym ကစားတဲ့အခါ အသက်ရှူရခက်တာမျိုးတွေ ဖြစ်နိုင်တဲ့အတွက် သတိထားပေးပါ။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ခါးနာခြင်း

လမ်းလျှောက်နိုင်စေဖို့ မတ်မတ်ရပ်နိုင်စေဖို့  စသည်ဖြင့် ခါးရဲ့အထောက်အပံ့တွေက များလှပါတယ်။ ဒီလိုပဲ ခါးနာသွားစေနိုင်တဲ့ အပြုအမူတွေကလည်း မနည်းလှပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စျေးသက်သာပြီး သိုလှောင်သိမ်းဆည်းရလွယ်ကူတဲ့ အောက်ဖို့ဒ် ကိုဗစ်ကာကွယ်ဆေး

အောက်ဖို့ဒ် ကိုဗစ်ကာကွယ်ဆေးဟာ ၉၀ရာခိုင်နှုန်း ကာကွယ်နိုင်စွမ်း ရှိပါတယ်။ စျေးသက်သာပြီး သိုလှောင်သိမ်းဆည်းရ လွယ်ကူတဲ့ အားသာချက်ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ညဘက် ပန်ကာဖွင့်ပြီး အိပ်မယ်ဆိုရင်

ညဘက်အိပ်တဲ့အခါ ပန်ကာလေဖွင့်ပြီး အိပ်တာက ဆိုးကျိုးအနည်းငယ်ရှိပါတယ်။ ဒါကြောင့် ပန်ကာကို ဆက်တိုက်ဖွင့်မယ့်အစား တခြားနည်းလမ်းတွေသုံးပြီး အေးအောင်နေသင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

COVID-19အကြောင်း တစေ့တစောင်း

ကိုရိုနာဗိုင်းရပ်စ်ဆိုတာ ဗိုင်းရပ်စ်အမျိုးအစားတစ်မျိုးပါ။ မျိုးစိတ်ပေါင်းများစွာရှိနေတဲ့ ဗိုင်းရပ်စ် တစ်မျိုးပေါ့။ ကိုရိုနာဗိုင်းရပ်စ်က လူကို ကူးစက်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ် antibody တွေဘယ်လောက်ခံသလဲ

ကိုဗစ် antibody တွေဘယ်လောက်ခံသလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် လုံးဝမလုပ်သင့်တဲ့ အချက်များ

ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် လုံးဝမလုပ်သင့်တဲ့ အချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
အမျိုးသမီးများနှင့် အဖြူဆင်းခြင်း

အမျိုးသမီးများနှင့် အဖြူဆင်းခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
ပိုမိုကောင်းမွန်တဲ့ ရလဒ်နဲ့အတူ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိလာတဲ့ အမေရိကန်ရဲ့ ကိုဗစ်ကာကွယ်ဆေး

ပိုမိုကောင်းမွန်တဲ့ ရလဒ်နဲ့အတူ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိလာတဲ့ အမေရိကန်ရဲ့ ကိုဗစ်ကာကွယ်ဆေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read