သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းအချွဲစစ်ဆေးတာကို ဘယ်နေရာမှာလုပ်ပေးလဲရှင့် သန်လျင်နဲ့ ရန်ကုန်ထဲမှာ ရှိမယ့်နေရာလေးတွေညွှန်းပေးပါနော် ။ သားအိမ်ခေါင်းကင်ဆာရှိမရှိသိချင်လို့ပါ ။


နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
6
1

မှတ်ချက် 1ခု

facebookမှာ ဖော်မွန် - Phaw Mon ဆိုပြီး ရှာကြည့်ပါ။


အမျိုးသမီးများအတွက် သားအိမ်ခေါင်းကင်ဆာရှိမရှိ အခမဲ့ စစ်ဆေးပေးနေတဲ့ ဝန်ဆောင်မှုများအကြောင်း သိပြီးပါပြီလား? 🫶

ကျွန်တော်တို့၏ ဖော်မွန်စင်တာများတွင် အမျိုးသမီး မျိုးဆက်ပွါး၊ သားဆက်ခြားဆိုင်ရာ အခမဲ့ဆေးဝါး ဝန်ဆောင်မှုများအပြင် သားအိမ်ခေါင်းကင်ဆာ ရှိ/မရှိတို့ကို 💯 အခမဲ့စစ်ဆေးကုသရန် ပံ့ပိုးကူညီမှုများ ရရှိနေပြီဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

🏠 အခမဲ့ဝန်ဆောင်မှု ရရှိနိုင်သော စင်တာများမှာ . . .

🔳 လမ်းမတော် ဖော်မွန်စင်တာ၊

🔳 မှော်ဘီ ဖော်မွန်စင်တာ၊

🔳 လှည်းကူး ဖော်မွန်စင်တာ နှင့်

🔳 စစ်တွေ ဖော်မွန်စင်တာတို့ ဖြစ်ပါတယ်

🖲လိပ်စာလေးတွေကတော့ . . .

🔳 (၁) ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ် - အမှတ် (၇၀)၊ မြေညီထပ်၊ ကိုင်းတန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

🔳 (၂) ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် - အမှတ် (၃၄၀)၊ စိတ္တသုခလမ်း၊ ရွာသစ်ရပ်၊ တပ်ကြီးကုန်း၊ မှော်ဘီမြို့နယ်။

🔳 (၃) ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် - အမှတ် (က/၂၃)၊ အရှေ့မင်းလမ်း၊ အောင်မင်္ဂလာ ရပ်ကွက်၊ လှည်းကူးမြို့နယ်။

🔳 (၄) ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် - မစ (၁၅)၊ ပြည်ထောင်စုလမ်း၊ မြောက်စံပြ၊ စစ်တွေမြို့။

💌 ဖော်မွန်စင်တာများ၏ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞: 𝟎𝟗-𝟕𝟗𝟕𝟐𝟏𝟏𝟗𝟏𝟗, 𝟎𝟗-𝟕𝟗𝟕𝟐𝟏𝟏𝟒𝟏𝟒 ဖုန်းနံပါတ်များ (သို့မဟုတ်) Messenger (CB) တွင် စာပို့၍လည်း အသေးစိတ်ဆက်သွယ် မေးမြန်းနိုင်ပါသည်။

📣မိတ်ဆွေတို့၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လုံခြုံစိတ်ချစွာလျှို့ဝှက်ထိန်းသိမ်းထားမှုကို တန်ဖိုးထားပြီး လိုအပ်တဲ့ ဝန်ဆောင်မှုများကို ပံ့ပိုးပေးနိုင်ရန်အတွက် အသင့် စောင့်ဆိုင်းနေကြပါတယ် 🙏🙏

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။