နှစ်ရှည်ရာသီထိန်ခြင်း
မင်္ဂလာပါ ညီမအသက် ၂၅ရှိပါပြီ အိမ်ထောင်မရှိအပျိုပါညီမအသက်၁၈ထဲက ရာသီမမှန်ခဲ့တာပါဘလိုမမှန်လဲဆို တခါတလေ တစ်နှစ် နှစ်နှစ် သုံးနှစ်ထိထိန်ဖူးပါတယ် လာချင်ရင်လဲ တစ်လကို၇ရက်၇ရက်လောက်လာပါတယ် ဆရာဝန်ပြကြည့်တော့လဲ ဖြစ်တတ်တယ်မစိုးရိမ်ရပါဆိုပီး ဆေးထိုးသောက်ဆေးပေးပါတယ် သောက်ဆေးကတော့တားဆေးတွေပါ ခံစားရတာတော့ထွေထွေထူးထူးမရှိပါဘူး တခါတလေ ဆီးစပ်နားလိုလို ခါးလိုလိုနာတတ်တာတော့ရိပါတယ်ရှင့် ညီမသိချင်တာက အဲ့လိုဆို ကင်ဆာတို့ ကလေးမရမှာတို့ဖြစ်မှာလားရှင် ဓါတ်မှန်တော့မရိုက်ဖူးပါဘူး ဖြေပေးပါအုန်းနော်

















အပျိုဖြစ်ပြီး သွေးပေါ်ချိန်ကနေ ၂-၃နှစ်လောက်ထိက ရာသီမမှန်တာပုံမှန်ပါပဲ။ ဟော်မုန်းမငြိမ်သေးတာကြောင့်ပါ။ ဒါကြောင့် ဆရာဝန်က မစိုးရိမ်ရဘူးလို့ ပြောပြီး ဟော်မုန်းညှိဖို့ တားဆေးတွေပေးတာပါ။
သွေးပေါ်တာလည်း ၃နှစ်လောက်ကျော်ပြီ။ တားဆေးသောက်မှ ရာသီမှန်တယ်။ မဟုတ်ရင် လတိုင်းလိုလို ထိမ်နေတယ်ဆိုရင်တော့ အိုဂျီနဲ့ ပြန်ပြဖို့ လိုပါတယ်။
ရာသီထိမ်တိုင်း ကင်ဆာတို့၊ ကလေးမရတာ ဖြစ်တာမဟုတ်ပါဘူး။ ဒါက ဘာကြောင့်ထိမ်တာလဲဆိုတဲ့ အကြောင်းရင်းနဲ့ပဲ ဆိုင်ပါတယ်။