အရေးပေါ်တားဆေး နှင့် အညိုရောင်သွေးဆင်းခြင်း
ကျွန်တော့်ကောင်မလေးက ၂၅ ဒီဇင်ဘာ ၂၀၂၄မှာ ရာသီလာခဲ့ပါတယ် ကျွန်တော်တို့ဒီဇင်ဘာ၃၀ရက်နေ့နဲ့ ဇန်နဝါရီ၁ရက်နေ့မှာ လိင်ဆက်ဆံခဲ့ပါတယ် နှစ်ကြိမ်လုံးမှာ အကာကွယ်လည်းသုံးခဲ့သလို နှစ်ရက်လုံးမှာလည်းပြီးပြီးချင်း အရေးပေါ်တားဆေး(Lydia fill)တိုက်ခဲ့ပါတယ် တားဆေးတိုက်ပြီး ၂ပတ်အတွင်းမှာ သွေးမဆင်းပဲ အခု၂ပတ်ကျော်မှာ အညိုရောင်သွေးနည်းနည်းဆင်းနေပါတယ် အဲ့တာ ကိုယ်ဝန်လက္ခဏာလား ဆေးကြောင့်လားသိချင်ပါတယ်ခင်မျာ



















တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ ဆင်းချင်သလိုဆင်းတာ၊ ခေါင်းမူးခေါင်းကိုက်၊ ပျို့အန်တာ၊ ရင်သားတင်းတာ၊ နုံးတာ၊ နေထိုင်မကောင်းဖြစ်တာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။